ABCDEFGHIJKLMNOPQRSTUVWXYZ
1
DateLocationCategoryHeadlineSnapshot NewsLink for full read
5
27/03/2020MyanmarTradeMyanmar govt buys protective equipment from local factoryThe government of Myanmar signed an agreement to purchase 100,000 pieces of personal protective equipment (PPE) equipment to be used by healthcare workers in the fight to contain the COVID-19 virus, a senior government official says.
U Hein Htet, secretary of the Industrial Supervisory Committee of Bago Region, said the contract was signed between the Ministry of Health and Sports and bought Cobes Industries Myanmar Co Ltd on Wednesday.
Cobes has the only factory that makes PPE in Myanmar, and its products are exported to EU countries. As it is a classified as a garment manufacturing business, it is not allowed to sell its products locally, but the purchase was made through direct negotiations because of the country’s needs right now, said U Hein Htet. Cobes has the capacity to make 5000 pieces of PPE a day, and Myanmar will get its first shipment of 20,000 items by April 9.
The union government, regional government and the Chinese embassy negotiated to bring about the deal.
https://www.mmtimes.com/news/govt-buys-protective-equipment-local-factory.html
7
28/03/2020MyanmarTradeလက်ရှိတွင် နယ်စပ်ကုန်သွယ်စခန်း အသေးများ ပိတ်ထားသော်လည်း တရုတ်နှင့် ထိုင်း နယ်စပ်ရှိ အဓိက ကုန်သွယ်ရေးစခန်းကြီးများကိုမူ ဆက်လက်ဖွင့်ထားမည်လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးစခန်းအသေးများကို ပိတ်ထားသော်လည်း တရုတ်နှင့် ထိုင်းနယ်စပ်ရှိ အဓိကကုန်သွယ်ရေးစခန်းကြီး များကိုမူ ဆက်လက်ဖွင့်ထားမည်ဖြစ်ပြီး COVID-19 ရောဂါအခြေအနေအပေါ်မူတည်၍ ပိတ်သိမ်းခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် အဓိကကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်-ရွှေလီကုန်သွယ် ရေးစခန်းများကို ဖွင့်လှစ်ထားသည်။ မြန်မာ-ထိုင်းနယ်စပ်တွင် တံတားများ ဖွင့်ထားဆဲဖြစ်ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်းတို့ဖြင့် ဆက်လက်ဆောင်ရွက်နေသည်။
လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဆန်တင်ပို့မှု ပြန်လည်စတင်နေပြီး တစ်ရက်လျှင် ဆန်အိတ် ငါးသောင်းခန့်အထိ တင်ပို့လျက်ရှိကြောင်း သိရသည်။ ရှမ်းပြည်နယ်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသများဘက် တွင် စိုက်ပျိုးကြသည့် ဖရဲ၊ သခွားမွှေးအများအပြား တရုတ်သို့တင်ပို့မှုကြောင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ယခုရက်ပိုင်း ယာဉ်စီးရေဝင်ရောက်မှုများနေကြောင်း သိရသည်။
https://news-eleven.com/article/166483?fbclid=IwAR1T9iUXbZ1ZpvB46AalXV2zcogEYgfLinlFoRj1U_fa1v_5Y3Gf8I1CQME
8
29/03/2020MyanmarTradeCOVID-19 ဂယက်ကြောင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးဖြစ်သည့် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ထက်ဝက်ခန့်လျော့ကျတရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သော COVID-19 ဂယက်ကြောင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု မှာ ထက်ဝက်ခန့်လျော့ကျသွားခဲ့ကြောင်း သိရသည်၊၊ နှစ်နိုင်ငံတာဝန်ရှိသူများညှိနှိုင်းပြီး ကုန်သွယ်မှု မရပ်တန့်အောင် အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကုန်သွယ်မှု ခွင့်ပြုခဲ့သော်လည်း ပို့ကုန်တင်ပို့မှုမှာ များစွာလျော့ကျသွားခဲ့ကြောင်း မြဝတီနယ်စပ်ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောကြားသည်။
“ကုန်သွယ်မှုလျော့တော့လျော့ကျသွားတယ်။ ကုန်သွယ်မှုမရပ် တန့်အောင် နှစ်နိုင်ငံ လူကြီးတွေညှိနှိုင်းပြီးတော့ တံတား (၂ )က ကုန်ကားတွေသွားလာ ဖို့ ဖွင့်ထားပေးတယ်။ သုံးချိုးတစ်ချိုးလောက် ဆိုပေမဲ့ တစ်ရာကျော်လောက်အထိ လျော့ကျသွားပါတယ်။ အဓိကကတော့ စျေးကစားချင်တဲ့သူတွေလည်းရှိတယ်” ဟု မြဝတီနယ်စပ်ကုန်သည် အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောကြားသည်။
မြဝတီနယ်စပ်မှတစ်ဆင့် မြန်မာ့ပြောင်း ဆန်များကိုနေ့စဉ် ကုန်သယ်တွဲယာဉ်အစီး ၃၀၀ ခန့်ထိုင်းနိုင်ငံဘက်သို့ တင်ပို့နေရာမှ ယခုအခါ အစီး ၁၀၀ ကျော်သာ တင်ပို့လျက် ရှိကြောင်းလည်း မြဝတီနယ်စပ်ကုန်သည် အသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောကြားသည်။
https://news-eleven.com/article/166704
9
29/03/2020MyanmarTradeတရုတ်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများက COVID-19 ရောဂါကြောင့် ဆေးပစ္စည်း၊ ဆေးဝါးဖြန့်ဖြူးခြင်းများ ရပ်ဆိုင်းထား၍ စျေးနှုန်းကြီးမြင့်ခြင်းကို ကြုံတွေ့နေရဟုဆိုတရုတ်နိုင်ငံသည် အခြားသောကုန်ပစ္စည်းများ ထုတ်လုပ်မှုထက် ဆေးပစ္စည်း၊ ဆေးဝါးထုတ်လုပ်မှုကဏ္ဍမှာ အစောဆုံးနှင့် အထိခိုက်ဆုံး ဖြစ်ခဲ့ကြောင်းနှင့် ဆေးပစ္စည်းများ အများအပြားထုတ်လုပ်နေသော ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့တွင် COVID-19 ဖြစ်ပွားမှု ကြောင့် ၎င်းတို့လိုအပ်ချက်ကို ဦးစားပေးထုတ်လုပ်ကြရသဖြင့် ၎င်း COVID-19 ရောဂါဖြစ်ပွားမှု ဆိုးရွားသော ဂျပန်၊ တောင်ကိုရီးယားနှင့် အခြားအာရှနိုင်ငံများသို့လည်း ဦးစားပေး တင်ပို့နေကြရာ မြန်မာနိုင်ငံသို့ အချိန်မီ ရရှိရန် ကြန့်ကြာခြင်းဖြစ်နေသည်။
ဂျပန်နှင့် တောင်ကိုရီးယားမှ ဆေးပစ္စည်းများ၊ ဆေးများမှာလည်း ၎င်းနိုင်ငံများတွင် COVID-19 ပြန့်ပွားမှုထိန်းချုပ်ရန် စက်ရုံများပိတ်ခြင်း၊ လေကြောင်း၊ ရေကြောင်းများ ပိတ်ဆို့ခြင်း၊ ပြည်တွင်း၌ မဖူလုံမည်စိုး၍ Export ပိတ်ခြင်းတို့ကြောင့် မြန်မာပြည်မှ တင်သွင်းခွင့်မရခြင်းတို့လည်း ဖြစ်ပေါ်လျက်ရှိကြောင်း၊ အိန္ဒိယအစိုးရသည် ပြီးခဲ့သော မတ် ၃ ရက်တွင် တင်ပြထားသော COVID-19 ကာကွယ်ထိန်းချုပ်ကုသမှုနှင့် ပတ်သက်သော ဆေးဝါးကုန်ချောများသာမက ကုန်ကြမ်းများပါ Export လုပ်ခွင့်အား ပိတ်ပင်ရပ်ဆိုင်းခဲ့ကြောင်းနှင့် လက်ရှိအချိန် အထိ COVID-19 ဆက်စပ်ဆေးပစ္စည်းများ ဖြစ်သော PPE ဝတ်စုံများ၊ Face Mask များ အစရှိသည့်ကုန်ပစ္စည်းများအား Export လုပ်ခွင့် မပြုဘဲ တားမြစ်ထားရာ လက်ရှိအချိန်အထိ ဖြစ်ကြောင်း သိရသည်။
https://news-eleven.com/article/166680
10
29/03/2020MyanmarTradeMore woes for Myanmar garment industry as EU cancels ordersMore garment factories stopped operations in Myanmar as European Union countries, a major export market, cancelled orders last week amid the spread of the COVID-19 pandemic, a senior industry leader said.
U Myint Soe, chair of Myanmar Garment Manufacturers Association (MGMA), said the EU market accounts for 70 percent of the country’s garment export. “We began to receive raw materials from China. We have no more raw materials problem. Now, the EU no longer accepts our garment exports. It happened since last week,” U Myint Soe said.
The bad news came as the supply of raw materials from China re-started to flow back into the country after three months of stoppage due to the virus outbreak. Since January, 38 cut-make-pack factories that includes the garment factories, have shut down, according to the Ministry of Labour, Immigration and Population. Among these were 22 garment factories. Others reduced the number of workers at their facilities.
U Myint Soe said besides the EU, the US market has also started cancelling its orders.
https://www.mmtimes.com/news/more-woes-myanmar-garment-industry-eu-cancels-orders.html
13
29/03/2020MyanmarTradeငွေလဲနှုန်းနှင့် ဆန်စျေးနှုန်းမတည်ငြိမ်မှု၊ တင်ပို့မှုများ ကန့်သတ် နိုင်သဖြင့် ပြည်ပသို့ဆန်တင်ပို့မှုကို ချင့်ချိန်လုပ်ကိုင်နေရ§Export က တန့်နေတဲ့အနေအထားတော့ မဟုတ်ဘူး။ နည်းနည်း စဉ်းစားနေရတာပေါ့နော်။ ငွေစျေးကလည်း မတည်ငြိမ်ဘူး။ ဆန်စျေး ကလည်း မတည်ငြိမ်ဘူး။ ဗိုင်းရပ်စ်ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အကုန်လုံးက ပြဿနာလေးတွေ ရှိနိုင်တယ် လေ။ အကုန်လုံးကစဉ်းစားပြီးလုပ် နေရတယ်” ဟု ဘုရင့်နောင်ဆန် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားပါသည်။ §COVID-19 ရောဂါ ဖြစ်ပွားနေသည့်အခြေအနေကြောင့် ပြည်တွင်း လိုအပ်ချက်၊ Supply (ထုတ်လုပ်၊ ထောက်ပံ့ နိုင်မှု) နှင့် Export (တင်ပို့နိုင်မှု) များကို ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး ယင်းရလဒ် အပေါ်မူတည်ကာ ဆန်တင်ပို့မှုကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနထံမှ သိရသည်။ §မြန်မာ- တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ဇုန်သို့ ဆန်တင်ပို့မှု ပြန်လည်စတင်နေပြီး တစ်ရက်လျှင် ဆန်အိတ်ငါးသောင်းခန့်အထိ တင်ပို့လျက်ရှိကြောင်း သိရပါသည်။https://news-eleven.com/article/166823
14
30/03/2020MyanmarTradeCOVID-19 ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်များကို Online စနစ်ဖြင့် ထုတ်ပေးသွားမည်§စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးဆောင် ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှလျှောက်ထားခြင်း၊ ထုတ်ပေးခြင်း လုပ်ငန်းစဉ်များဖြင့် စတင်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ရုံးဌာနသို့ လာရောက်ရန်မလိုဘဲ အင်တာနက် ရရှိသည့် မည်သည်နေရာမှမဆို လိုင်စင်လျှောက်ထား ခြင်း၊ ငွေကြေးပေးသွင်းခြင်း၊ လိုင်စင်ပြန်လည်ထုတ်ယူခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး HS Code Line အသေးစိတ်ကို www. commerce.gov.mm တွင် ဆက်လက်တင်ပြပေးမည်ဟု သိရပါသည်။
အဆိုပါလျောက်ထားမှုအတွက် www.myanmartradenet.com.mm မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပြီး ပင်လယ်ရေကြောင်းလိုင်စင် နှင့် နယ်စပ်လိုင်စင်(ရုံးချုပ်)များ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
ငွေကြေးပေးသွင်းမှုအတွက် လက်တလောတွင် မြန်မာနိုင်ငံသားများ ဘဏ် (MCB eCommerce Pay) ဖြင့် ပေးသွင်းနိုင်မည်ဖြစ်ပြီး မကြာမီ MPU e-Commerce pay ဖြင့်ပါ ပေးသွင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
https://www.commerce.gov.mm/en/article/covid-19
15
30/03/2020MyanmarTradeကုန်စည်များအပေါ်တားမြစ်မိန့်ထုတ်ပြန်ခြင်း
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊
ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်
ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းကို ဤအမိန့်ကြော်ငြာစာ
ထုတ်ပြန်သည့်နေ့မှစ၍ တားမြစ်လိုက် သည်။သတ်မှတ်ထားသည့် ကုန်စည်များကို ဈေးကွက်အတွင်း
ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်
သိုလှောင်ခြင်းများ ဆောင်ရွက်နေ သည်ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ
ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဖြစ်ကောင်း သိရပါသည်။
https://www.facebook.com/318455204949019/posts/2707009389426910/
16
30/03/2020MyanmarTrade
ပြည်ပကို ဆန်တင်ပို့ခွင့်လိုင်စင်အသစ် ချထားပေးမှု
ရပ်ဆိုင်း
ကိုရိုနာဗိုင်းရပ်စ်ကို ကပ်ရောဂါအဖြစ် ကြေညာလိုက်ပြီးနောက်ပိုင်း ဆန်လုပ်ငန်းရှင်တွေကို အစိုးရက
ဒီနှစ်အတွက် လိုင်စင်အသစ် ထပ်မချပေးတော့ဘဲ ခွင့်ပြုထားပြီးဖြစ်တဲ့ လိုင်စင်တွေအတွက် ပြည်ပကို
ဆန်တင်ပို့ခွင့်သာ ပြုမယ်လို့ သိရပါတယ်။ ပြည်ပကိုဆန်တင်ပို့မှုက ယခုနှစ်အတွက် တန်ချိန် ၂.၂ သန်းအထိ
ရည် မှန်းထားပြီး လက်ရှိ ငါးလအတွင်း တန်ချိန် ၁.၄ သန်းပို့ထားပါတယ်၊ ကျန် ခုနှစ်လအတွင်းမှာ
ရည်မှန်းထားတာထက်ပိုပြီး မတင်ပို့တော့ဘဲ လိုင်စင်အရ ချထားပေးပြီးသားတွေထဲက ကျန်တဲ့ တန်ချိန်
ခုနှစ်သိန်း အတွက် တစ်လကို တန်ချိန်တစ်သိန်းပဲ ပြည်ပတင်ပို့မှာ ဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုတွေ
အားလုံးရပ်ရင် တောင်သူလယ်သမားတွေအတွက် လာမယ့်နွေရာသီ စပါးပေါ်တဲ့အချိန် ဈေးကျတဲ့
အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်လို့ လိုင်စင်ချထားပေးပြီးသလောက်အထိတော့ ပို့ဖို့ရှိတယ်၊ ပြည်တွင်းစားသုံ
းမှုဟာ ပုံမှန် တစ်လကို ဆန်တန်ချိန် တစ်သန်းနီးပါးလောက်ပဲ ရှိတဲ့အတွက် ပြည်တွင်းအတွက်
အလုံအလောက်ရှိပေမယ့် အထိတ်တလန့် မဝယ်ကြဖို့တော့လိုတယ် လို့ ဆန်လုပ်ငန်းရှင်
ဦးနေလင်းဇင်က RFA ကိုပြောပါတယ်။


https://www.rfa.org/burmese/program_2/rice-export-03312020055414.html?fbclid=IwAR2blH0dkUdN7iXtvMEXWPFFTtNzjgfiMWMVErERY7PgfHyNQiAv2a79mtE
28
01/04/2020MyanmarTradeတရုတ်နိုင်ငံက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နှစ်နိုင်ငံ ပြည်ဝင် ပြည်ထွက်စစ်ဆေးရေးဂိတ်များကို ရပ်ဆိုင်း


တရုတ်နိုင်ငံက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နှစ်နိုင်ငံ ပြည်ဝင်ပြည် ထွက် စစ်ဆေးရေးဂိတ်များကို  ဧပြီ ၁ ရက်မှစ၍ ရက်အကန့်အသတ် မရှိ  ဖြတ်သန်းခွင့်ရပ်ဆိုင်းလိုက်ပြီး ကုန်စည်စီးဆင်းမှု ပြတ်လပ်မှုမရှိ စေရန် ကုန်တင်ယာဉ်မောင်းများကိုလည်း တစ်ဦးသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ်များအနက် ချင်းရွှေဟော် နယ်စပ်ဂိတ် ပေါက်နှင့် ရန်လုံကျိုင်း နယ်စပ်ဂိတ်ပေါက်တို့တွင် လူဝင်လူထွက် ကန့်သတ်ထားကြောင်း မတ် ၃၀ ရက်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ ပြောပြချက်အရ သိရသည်။
တရုတ်နိုင်ငံက တစ်ရက်သာ ကြိုတင်အကြောင်းကြားလာခြင်း ကြောင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု မရပ်တန့်သွားစေရန် ကုန်တင် ယာဉ်များ အခက်အခဲမရှိ ဖြတ်သန်းသွားနိုင်ရန် ကုန်းလမ်းပို့ဆောင် ရေးဦးစီးဌာနနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက အသိပေးဆောင်ရွက်မှု များ အလျင်အမြန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
https://news-eleven.com/article/167176
29
01/04/2020MandalayTradeမန္တလေးကုန်စည်ဒိုင်တွင် ကုန်စည်ဒိုင်အရောင်းအဝယ်အတွက် Viber Group ဖြင့် ချိတ်ဆက်ရောင်းဝယ်

မန္တလေးမြို့ကုန်သည်ပွဲစားစက်ပိုင်များ ကထိန်တော်အသင်း (ကုန်စည် ဒိုင်)မှ စားသောက်ကုန်များ ပုံမှန်အရောင်းအဝယ်ဖြစ်စေပြီး ကုန်စျေး နှုန်း တည်ငြိမ်စေရန်နှင့် ကုန်စည်အရောင်းအဝယ် မခက်ခဲစေရန် အတွက် ကုန်စည်ဒိုင်အရောင်းအဝယ် Group ဖြင့် တရားဝင်ဖုန်းဖြင့် ချိတ်ဆက်ရောင်းဝယ်နိုင်အောင် ဖွင့်လှစ်ပေးထားသည်ဟု ပွဲစား၊ ကုန် သည်၊စက်ပိုင်များ မဟာ ကထိန် တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေ က ပြောကြားသည်။
COVID-19 ဖြစ်ပွားနေချိန်တွင် စားသောက်ကုန်ပြတ်လပ်ခြင်းမရှိ ဘဲ စျေးနှုန်းတည်ငြိမ်ရေးအတွက် မန္တလေးကုန်စည်ဒိုင်က စီမံဆောင်ရွက် ခြင်း ဖြစ်ကြောင်း၊ မန္တလေးကုန်စည်ဒိုင်ပိတ်ရပါက အရောင်းအဝယ် ရပ်တန့်ခြင်းမရှိစေဘဲ ကုန်ပစ္စည်း ပြတ်လပ်မှုမရှိရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် ပြီးခဲ့သည့် မတ် ၂၄ ရက် က အစည်းအဝေး ကျင်းပခဲ့ပြီး ကုန်စည်ဒိုင်ဥက္ကဋ္ဌကအကြံပြုသဖြင့် ယနေ့မှစတင်၍ Viber မှတစ်ဆင့် တရားဝင် Group ဖွဲ့ကာ အိမ်မှာနေရင်း ဖုန်းဖြင့် အရောင်းအဝယ် စတင်လုပ်ကိုင်နိုင်ပြီဖြစ်ကြောင်းသိရသည်။
https://news-eleven.com/article/167184
30
01/04/2020MandalayTradeဈေးကွက်အတွင်း ကြက်ဥ ကြက်သားထုတ်လုပ်ရောင်းချမှု ပြတ်လပ်သွားရန်မရှိ


COVID-19 ဖြစ်ပွားနေသော်လည်း ဈေးကွက်အတွင်း ကြက်ဥ ကြက်သားထုတ်လုပ်ရောင်းချမှု ပြတ်လပ်မည်မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထင်ထံမှ သိရသည်။
"ကြက်ဥနဲ့ ကြက်သားထုတ်လုပ်ရောင်းချမှုက ဈေးကွက်မှာ ပြတ်လပ် သွားမှာမဟုတ်ပါဘူး။ ဥစားကြက်က မန္တလေးတိုင်းဒေသကြီးအတွင်း မှာ ၂၅ သိန်းကျော်လောက်ရှိတယ်။ အသားစားကြက်က ၃၅ သိန်း လောက်ရှိတယ်။ လောလောဆယ် အလုံအလောက်ရှိပါတယ်"ဟု ဒေါက်တာကျော်ထင်က ပြောသည်။
မတ် ၂၈ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု အရ မွေးမြူရေးနှင့်ပတ်သက်သော လုပ်ငန်းများ၊ စားသောက်ကုန်နှင့် ပတ်သက်သောလုပ်ငန်းများမှာ မည်သည့် အခြေအနေရောက်ရောက် လည်ပတ်နေမည်ဖြစ်သလို ကြက်ဥ၊ ကြက်စာ၊ ကြက်သားစသော ကုန်ပစ္စည်းပို့ဆောင်စီးဆင်းမှုများမှာလည်း ပုံမှန်အတိုင်းရှိမည်ဖြစ် ကြောင်း ပြောသည်။
https://myanmar.mmtimes.com/news/137679.html
31
01/04/2020MyanmarTradeCOVID-19 ကိုကြောက်သဖြင့် တရုတ်ကုန်သည်များ (၁၀၅)မိုင်သို့ ဖရဲသီးလာဝယ်မှု ရပ်



COVID-19 မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းကြောင့် မတ် ၂၉ ရက်မှစ၍ တရုတ်ကုန်သည်များ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် ဖရဲသီးလာ ရောက်ဝယ်ယူမှု ရပ်လိုက်ကြောင်း မူဆယ်ဖရဲသီးကုန်စည်ဒိုင်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောသည်။
တရုတ်ဘက်မှ ဖရဲသီးဝယ်ယူသည့် ကုန်သည်များ မြန်မာဘက်တွင် ဝင်ရောက်ဝယ်ယူခြင်းမရှိသော်လည်း တရုတ်ဘက်ခြမ်းသို့ ဖရဲသီး ရောင်းချခြင်းကိုမူ တရုတ်ဘက်က ခွင့်ပြုထားသည်။
ထို့အတွက် ကျင့်စန်းကျော့ ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ် ဘက်ခြမ်းရှိ ရွှေလီခရိုင် ဝမ်တိန်မြို့ သစ်သီးဈေးသို့ သွားရောက်တင်ပို့ ရောင်းချရသည်။ မတ် ၂၉ ရက်တွင် တရုတ်ဘက်သို့ ဖရဲသီးသွား ရောက် ရောင်းချသည့် ကားစီးရေ ၁၀ဝ၀ ခန့်ရှိသည်ဟု မူဆယ်ဖရဲသီး ကုန်စည်ဒိုင်မှ သိရသည်။
တရုတ်နယ်စပ်ဂိတ်များမှ ကုန်သွယ်မှု ပြန်လည်စတင်၍ ဖရဲသီးနှင့် အခြားကုန်စည်များ ပြန်လည်တင်ပို့နိုင်သည်မှာ သိပ်မကြာသေး ကြောင်း သိရသည်။
https://myanmar.mmtimes.com/news/137678.html
34
02/04/2020MyanmarTradeကုန်ပစ္စည်း ၁၆၀ ကျော်အတွက် ပို့ကုန်၊ သွင်းကုန်လိုင်စင် အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးမည်
COVID-19 အရေးပေါ်ကာလအတွင်း ကုန်ပစ္စည်းအမျိုးပေါင်း ၁၆၀ ကျော်၏ ပို့ကုန်၊ သွင်းကုန် လိုင်စင်လျှောက်ထားမှုကို ရုံးဌာနသို့ လာ ရောက်ရန်မလိုဘဲ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဧပြီ ၁ ရက်မှစ၍ အွန်လိုင်းဝန်ဆောင်မှုဖြင့် ထုတ်ပေးနေပါသည်။
ဧပြီ ၁ ရက် ဝန်ကြီးဌာနက ထုတ်ပြန်စာရင်းအရ Fully အွန်လိုင်းစနစ် ဖြင့် လျှောက်ထားခွင့်ပြုပေးမည့် ကုန်ပစ္စည်းများအနက် သွင်းကုန် ပစ္စည်း H.S Code လိုင်း ၉၁ ခုပါဝင်ပြီး ပို့ကုန်ပစ္စည်း H.S Code လိုင်း ၇၃ ခု လျှောက်ထားခွင့်ပြုမည်ဖြစ်သည်။
ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် ကုန်သည်လုပ်ငန်းရှင်များသည် Myanmar Tradenet Member ဝင်ရောက်ထားခြင်း မရှိသေးပါက Member ဝင်ခြင်း၊ လုံခြုံရေးအတွက် Google Authenticator အသုံး ပြုမည့် လက်ကိုင်ဖုန်းတွင် Install ပြုလုပ်ခြင်းနှင့် ၎င်း Google Authenticator နှင့် Myanmar Tradenet Account ချိတ်ဆက်ထား ခြင်း၊ MCB Bank တွင် Account ဖွင့်လှစ်ထားခြင်း မရှိသေးပါက Account ဖွင့်လှစ်ခြင်းစသည်တို့ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်မည် ဖြစ်ပါသည်။
https://myanmar.mmtimes.com/news/137812.html
35
02/04/2020MyanmarTradeCOVID-19 ကာကွယ်ရေး အခြေခံပစ္စည်းများ လိုင်စင်လျှောက် ထားရန်မလိုဘဲ တင်သွင်းခွင့်ပြု
မြန်မာနိုင်ငံသို့ တင်သွင်းမည့် COVID-19 ကာကွယ်ရေးအခြေခံပစ္စည်း များ လိုင်စင်လျှောက်ထားရန်မလိုဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်ပစ္စည်း များ ပြည်ပမှမှာယူတင်သွင်းရာတွင် လုပ်ငန်းစဥ် ချောမွေ့လျင်မြန် စေရေးအတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်ပစ္စည်း စာရင်းကို ၂၀၁၉ ခုနှစ် မေ ၂၁ ရက်တွက် ထုတ်ပြန်ပြီးကြောင်း လက်ရှိတွင် COVID-19 ကာကွယ်တားဆီးရေးအတွက် အဓိကလိုအပ် သည့် Surgical Mask, PPE, လူနာကုတင်၊ ဆေးရုံသုံး အသက်ရှု စက်နှင့် ဆက်စပ်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို သွင်းကုန် လိုင်စင်လျှောက်ထားရန်အလိုဘဲ တင်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
https://myanmar.mmtimes.com/news/137837.html
36
02/04/2020MyanmarTradeMNA က ကုန်စည်များတင်ပို့နိုင်ရန် ရန်ကုန်- ဘန်ကောက်- ရန်ကုန် Cargo စင်းလုံးငှားလေကြောင်း ခရီးစဉ် ပျံသန်း
COVID-19 ကြောင့် ပြည်ပခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းထားသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်းက ကုန်စည်များ တင်ပို့နိုင်ရန် ရန်ကုန်- ဘန်ကောက်-ရန်ကုန် Cargo စင်းလုံးငှား လေကြောင်း ခရီးစဉ် ပျံသန်း မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေးနှင့် တင်ပို့ရမည့် ကုန်စည်များ တင်ပို့နိုင်ရန် Cargo စင်းလုံးငှားခရီးစဉ်များကို ပျံသန်း သွားမည်ဖြစ်ပြီး အဆိုပါ Cargo စင်းလုံးငှားခရီးစဉ်များတွင် ကုန်စည် များသာတင်ပို့နိုင်မည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါနိုင်မည်မဟုတ် ကြောင်း သိရသည်။
အဆိုပါ Cargo စင်းလုံးငှား ခရီးစဉ်များကို ဧပြီ ၃ ရက်၊ ၈ ရက်၊ ၁၁ ရက်၊ ၂၂ ရက်၊ ၂၅ ရက်နှင့် ၂၉ ရက်များတွင် ရန်ကုန်- ဘန်ကောက်- ရန်ကုန်ခရီးစဉ်များ ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။
https://news-eleven.com/article/167324
43
02/04/2020MyanmarTradeCOVID-19 သက်ရောက်သော်လည်း ပြည်တွင်းရှိ ဥရောပလုပ်ငန်း ထက်ဝက်ကျော် ခြောက်လအတွင်း ပုံမှန်လည်ပတ်နိုင်မည်ဟုဆို
COVID-19 ရောဂါ သက်ရောက်မှု ကြုံရသော်လည်း  မြန်မာနိုင်ငံရှိ ဥရောပလုပ်ငန်းထက်ဝက်ကျော်သည် ခြောက်လအတွင်း လုပ်ငန်းများ ပုံမှန်လည်ပတ်မည်ဟု စစ်တမ်းတစ်ရပ်က ဖော်ပြပါသည်။
COVID-19 ကြောင့် မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအပေါ် သက် ရောက်မှုစစ်တမ်းကို ဧပြီ ၁ ရက်တွင် ဥရောပကုန်သည်ကြီးများ အသင်းကထုတ်ပြန်ရာ ဥရောပကုန်သည် ၆၀% သည် ကပ်ရောဂါ ကြောင့်ထိခိုက်မှုရှိပြီး ဝင်ငွေ ၃၀ %  မှ ၅၀ % ကြား လျော့နည်းမည် ဟုဆိုသည်။
ထိခိုက်မည့် လုပ်ငန်းများတွင် အသေးစား၊ အလတ်စားလုပ်ငန်းများ ပါဝင်ပြီး မော်တော်ကား၊ စားသောက်ကုန်၊ လက်လီနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် ဦးဆုံးထိခိုက်မည်ဟုဆိုသည်
ဥရောပကုန်သည်ကြီးများအသင်းက ပို့ကုန်၊ သွင်းကုန်ကျဆင်းမှုကို ကုစားရန်  ပို့ကုန်လုပ်ငန်းများအတွက် စည်းမျဉ်းစည်းကမ်းနှင့် အခွန် ရှင်းလင်းရေးလုပ်ငန်းများကို ဖြေလျှော့ပေးရန်၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီ များ  အားကောင်းစေရန် ငွေကြေးစိုက် ထုတ်သုံးပေးခြင်း၊ သက်သာခွင့် များပေးခြင်းနှင့် ကော်ပိုရိတ်အခွန်များကို ၂၀၂၀ အတွက်  ဖြေလျှော့ ပေးရန် အကြံပြုချက်  သုံးချက် ထည့်သွင်းထားသည်။ 
https://7day.news/detail?id=183320
44
02/04/2020MyanmarTradeတရုတ်နယ်စပ်တွင် လူအဝင်ပိတ်ခြင်းကြောင့် တစ်ပိုင်တစ်နိုင် ကုန်သွယ်သူများ အခက်တွေ့
တရုတ်နိုင်ငံက နယ်စပ်မှ လူအဝင်ပိတ်ခြင်းကြောင့် မူဆယ်ရှိ တစ်ပိုင် တစ်နိုင်ကုန်သွယ်နေသူများ အခက်အခဲကြုံနေရကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။
တစ်ရက်လျှင် ကန်ဒေါ်လာ  ၁၄ သန်းကျော် ကုန်သွယ်နေသော  မြန်မာ-တရုတ်နယ်စပ်တွင် သုံးဘီးဆိုင်ကယ်များဖြင့် တစ်ပိုင်တစ်နိုင်ကုန်သွယ် ရေးလုပ်ကိုင်နေသူ ၄၀၀ မှ ၅၀၀ အကြားရှိကြောင်း မူဆယ်ဆန် ကုန်စည်ဒိုင်အသင်းဝင် ဦးမင်းသိန်းက ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါတွေ့ရှိပြီး တစ်ပတ်ခန့်အကြာတွင် တရုတ်အစိုးရက နယ်စပ်မှ လူအဝင်၊ အထွက်များ ပိတ်လိုက်ပြီး လက်ရှိ တွင် ကုန်တင်ယာဉ်ဖြင့် ယာဉ်မောင်းတစ်ဦးကိုသာ ဝင်ခွင့်ပြုသည်ဟု မူဆယ်နယ်စပ်မှ ကုန်သည်အချို့ကပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံက လူအဝင်၊ အထွက်များကို စိစစ်နေသော် လည်း ကုန်စည်ကူးသန်းရောင်းဝယ်မှု ဆက်လက် ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က ပြောသည်။
https://7day.news/detail?id=183322
51
03/04/2020SagaingTradeCOVID-19 ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားနပ်ရိက္ခာ မပြတ်လပ်ရေး အစိုးရနှင့်လုပ်ငန်းရှင်များ ပူးပေါင်းစီမံဆောင်ရွက် နေပြီး တိုင်းအတွင်း ပစ္စည်းပြတ်လပ်မှု အခြေအနေ မရှိသေး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် COVID-19 ကြောင့် စားနပ်ရိက္ခာများ မပြတ်လပ်ရေးအတွက် အစိုးရနှင့်လုပ်ငန်း ရှင်များ ပူးပေါင်းကာ စီမံဆောင်ရွက်နေပြီး တိုင်းအတွင်း၌ ပစ္စည်း ပြတ်လပ်မှု အခြေအနေမရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကို၏ ပြောကြားချက်အရ သိရသည်။
COVID-19 ကြောင့်ဖြစ်လာသည့်စက်ရုံအလုပ်များ ရပ်တန့်မှုမရှိစေရေး အတွက် ညွှန်ကြားချက်များထုတ်ပေးထားကြောင်း၊ ထိုသို့လုပ်ဆောင် ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးက လုပ်ငန်းရှင် များနှင့်ချိတ်ဆက်ကာ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
https://news-eleven.com/article/167528
54
03/04/2020MyanmarTradeဆေးဝါးနှင့် ဆေးပစ္စည်းများသွင်းကုန်လိုင်စင်လျှောက်ထားမှု Fully Online စနစ်ဖြင့် ဆောင်ရွက်ပေးမည်
ဆေးဝါးနှင့် ဆေးပစ္စည်းများ သွင်းကုန်လိုင်စင် လျှောက်ထားမှုကို မပြည့်အဝအွန်လိုင်းစနစ် (Fully Online) ဖြင့် ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။
ကုန်ပစ္စည်းများပြည်ပမှ မှာယူတင်သွင်းရာတွင် လုပ်ငန်းလွယ်ကူ စေရေးအတွက် လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်ပစ္စည်း စာရင်းကို https://www.commerce.gov.mm တွင် ကြေညာထားပြီး ယင်းစာရင်းတွင် ပါဝင်ခြင်းမရှိပါက သွင်းကုန်လိုင်စင်လျှောက်ထား ရယူရန်မလိုဘဲ တင်သွင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။
ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်များနှင့် အကောက်ခွန်သက်သာခွင့် (CO) ပုံစံများကို ရုံးဌာနသို့ လာရောက်ရန်မလိုဘဲ ဧပြီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၁ ရက်နေ့တွင် ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ ၄၄စောင်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁ သန်း ကျော်နှင့် ဧပြီလ ၂ ရက်နေ့တွင် ပို့ကုန်သွင်းကုန် လိုင်စင်စောင်ရေ ၆၃ စောင်၊ တန်ဖိုးကန်ဒေါ်လာ ၁၄ သန်းကျော်ကို အွန်လိုင်းမှ ခွင့်ပြုထုတ် ပေးထားကြောင်း သိရသည်။
http://thevoicemyanmar.com/covid19/40775-coo?fbclid=IwAR2ufM-VXXQADD-3aqyqfDBqtEyPKY-g1TxNEjSY_0KSQJ9jEfa2ppIDpZY
57
03/04/2020MyanmarTradeCOVID-19 ကြောင့် ယာယီရပ်ဆိုင်းထားသော ဆန်တင်ပို့ခွင့်ကို ပြန်သုံးသပ်နေဟုဆို
COVID-19 ကြောင့် ယာယီရပ်ဆိုင်းထားသော ပြည်ပဆန်တင်ပို့ခွင့်ကို ပြည်တွင်းရိက္ခာဖူလုံမှုနှင့် ဈေးနှုန်းတည်ငြိမ်မှုကို ပြန်လည်သုံးသပ်ပြီး နောက်  လိုင်စင်သစ် ချထားပေးမည်ဟု  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နွေစပါးမပေါ်သေးချိန်တွင် ပြည်တွင်းရိက္ခာဖူလုံရေးနှင့် ဆန်ဈေး တည်ငြိမ်ရေးက အရေးကြီးပြီး COVID-19 မြန်မာတွင် စတင်တွေ့ရှိပြီး နောက် ပြည်တွင်းလက်ကားဈေးကွက်တွင် ဆန်ဈေးတက်သွားသဖြင့် ပြည်ပတင်ပို့ခြင်းကို ပြန်လည်သုံးသပ်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်ပသို့ ဆက်လက်တင်ပို့ခွင့်သည် လယ်သမာ များ ၏ ဝင်ငွေဖြစ်သော  စပါးဈေးနှုန်းနှင့် တိုက်ရိုက်သက်  ဆိုင်နေသည်။ ဆန်တင်ပို့ခွင့်  ယာယီရပ်ဆိုင်းမှုက နွေစပါးမပေါ်မီ စပါးဈေး ကျဆင်း သွားနိုင်သဖြင့် ဤဆုံးဖြတ်ချက်အား အလေးအနက်စဉ်းစား၍ ပြန် လည်ပြင်ဆင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် နာယက က တိုက်တွန်းထားသည်။ ထို့အပြင် မေလတွင် ပြည်ပ ဆန်တင်ပို့ခွင့် လိုင်စင်အသစ်များချထားပေးရန် ရှိသည်ဟုလည်း ရေးသားထားပြီး တင်ပို့မည့် ဆန်၏ ၁၀ ရာခိုင်နှုန်းကို အရန်ဆန်အဖြစ်ထားရန် စီစဉ်နေ သည်ဟုလည်း ဆိုထားသည်။
https://7day.news/detail?id=183363
59
04/04/2020MyanmarTradeCOVID-19 ကာလအတွင်း လမ်း၊ တံတားဖြတ်သန်းခလျှော့ချ၊ ကင်းလွတ်ခွင့်ပေးရန် အစိုးရစီစဉ်နေ
COVID-19 ရောဂါဖြစ် ပွားနေသည့်ကာလအတွင်း ကုန်စည်စီးဆင်းမှု အထောက်အကူ ဖြစ်စေရန် လမ်း၊ တံတား ဖြတ်သန်းခများ လျှော့ချ ခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်းတို့ ဆောင်ရွက်ပေးရန်  စီစဉ်နေကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေ က ပြောသည်။
စီးပွားရေးကဏ္ဍအတွက် အစိုးရက ဖြေလျှော့မည့်အစီအစဉ်များတွင် ဌာနအသီးသီးမှကောက်ခံနေသည့် လိုင်စင်ကြေး၊ ပါမစ် ကြေးများ လျှော့ချမည့် အစီအစဉ်လည်းပါဝင်သည်။
COVID-19 ကြောင့် စီးပွားရေးဆိုင်ရာထိခိုက်မှုများ တုံ့ပြန်ရန် လက်ရှိ အချိန်တွင် အစိုးရကကျပ် ဘီလီယံ ၁၀၀ ချထားပေးသည်။ အဆိုပါ ငွေကြေးကို မြန်မာနိုင်ငံသားပိုင် စီးပွားရေးကဏ္ဍသုံးခုဖြစ်သော အထည်ချုပ်အပါအဝင် လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ အသေးစား၊အလတ်စား လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ငွေချေးမည်ဖြစ်သည်။ ပို့ကုန်လုပ်ငန်းများအတွက် လည်း ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမှုကို ကင်းလွတ်ခွင့်ပြု ပြီး ဘဏ်အတိုးနှုန်းများလည်း ၂ ရာခိုင်နှုန်းခန့် လျှော့ချပေးခဲ့သည်။
https://7day.news/detail?id=183544
64
04/04/2020MyanmarTrade၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စပါးတန်ချိန် ၂၆ သန်းကျော် စိုက်ပျိုးထုတ်လုပ်ထား၍ ပြည်တွင်းစားသောက်မှု လုံလောက်
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါး တန် ၂၆ သန်း စိုက်ပျိုး ထုတ်လုပ်ထားပြီး ပြည်တွင်းစားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် ၁၅ သန်းကျော်သာဖြစ်သဖြင့် ပြည်တွင်းစားသောက်မှု လုံလောက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
ပြည်သူများ နေ့စဉ်စားသုံးနေသည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် အာလူးစသည့် စားဖိုဆောင်သီးနှံများ ထုတ်လုပ်ထွက်ရှိမှုအနေ ဖြင့်လည်း ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံ သည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
သီးနှံထုတ်လုပ်မှုစွမ်းအား တိုးတက်စေရန်အတွက် တောင်သူများ အနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာ များ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအခြေစိုက် နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင်မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီး ဌာန Call Center Hot Line ဖုန်းနံပါတ်- ၀၁၂၃၉၉၅၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
https://news-eleven.com/article/167510
65
04/04/2020MyanmarTradeအွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များ နှစ်ရက်အတွင်း ဒေါ်လာ ၃၅ သန်းကျော် ထုတ်ပေး
အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များ ထုတ်ပေးလျက်ရှိရာ နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ထုတ်ပေးပြီး ဖြစ်ကြောင်း ဧပြီ ၃ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ထံမှ သိရပါသည်။
COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင် ပြေချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လိုင်စင် ပါမစ်များနှင့် အကောက်ခွန်သက်သာခွင့် (CO) ပုံစံ များကို ရုံးဌာနသို့ လာရောက်ရန်မလိုဘဲ ဧပြီ ၁ ရက်မှစတင်ပြီး အွန်လိုင်းပေါ်မှ စိစစ်ထုတ်ပေးဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၉ ရက်မှစတင်ပြီး အွန်လိုင်းမှ လျှောက်ထားခွင့်ပြုထားသည့် သွင်းကုန်ပစ္စည်းအမယ် ၉၁ မျိုးနှင့် ပို့ကုန်ပစ္စည်းအမယ် ၇၃ မျိုးတို့ကို အွန်လိုင်းစနစ်ဖြင့်သာ လျှောက်ထားခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရ သည်။
https://www.moi.gov.mm/?q=node/35521
68
05/04/2020MyanmarTradeကုန်စည်အမျိုးအစားအလိုက်ရောင်းချရမည့် အမြင့်ဆုံး စျေးနှုန်းသတ်မှတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ကုန်စည်အမျိုးအစားအလိုက် ရောင်းချရမည့် အမြင့်ဆုံး စျေးနှုန်း သတ်မှတ်ကြေညာလိုက်သည်။
COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းသော ကုမ္ပဏီက ဝယ်ယူရသည့် စျေးနှုန်းအပေါ်တွင် ရာခိုင်နှုန်း ၂၀ ထက် မများသည့် အမြတ်နှင့်သာရောင်းချရန် သတ်မှတ်ကြေညာထားခြင်း ဖြစ်သည်။
ဆန်နှင့် ဆီ အပါအဝင် စားသုံးကုန်ပစ္စည်းများကိုလည်း အမြင့်ဆုံး ရောင်းချနိုင်သည့်စျေးနှုန်းများ သတ်မှတ်ထားခြင်းဖြစ်သည်။
သတ်မှတ်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများ ဆောင်ရွက်နေသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ် ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။
http://thevoicemyanmar.com/news/40802-coo
72
05/04/2020MyanmarTradeအဓိက ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သည့် မူဆယ် မန်ဝိန်းဂိတ်၌ ကုန်စည်စီးဆင်းမှု ရပ်တန့်နေ
မြန်မာနိုင်ငံ၏ အဓိကကုန်စည်စီးဆင်းရာဂိတ်တစ်ခုဖြစ်သည့် မူဆယ် မြို့ မန်ဝိန်းဂိတ်၌ ဧပြီ ၅ ရက် ၆ နာရီခွဲခန့်က တရုတ်နိုင်ငံဘက် အခြမ်းက မြန်မာကုန်ကားမောင်းသူများကို ပေးမဝင်တော့ဘဲ မြန်မာ ကားများကို တရုတ်နိုင်ငံသားများနှင့်လဲလှယ်မောင်းနှင်မှုကို မြန်မာ ကုန်ကားမောင်းသူများက လက်မခံနိုင်မှုကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ရကြောင်း သိရသည်။
တရုတ်နိုင်ငံဘက်က မတ် ၂၉ ရက်က ရှမ်းပြည်နယ်အတွင်း နေထိုင် သော မှတ်ပုံတင် ကိုင်ဆောင်ထားသော ကုန်ကားမောင်းသူများသာ ပေးဝင်ခဲ့မှု စတင်ကန့်သတ်ခဲ့ပြီး ဧပြီ  ၅ ရက်တွင် မြန်မာကုန်တင် ယာဉ်မောင်းများအား ပေးမဝင်တော့ခြင်း ဖြစ်သည်။
“မနေ့ကမှ စာထွက်လာတာ။ မနေ့က စာထွက်ပြီး ဒီနေ့ စကျင့်သုံး တယ်ဆိုတော့ အခက်အခဲတော့ ရှိတာပေါ့။ အဲဒါလေးကို ကျွန်တော်တို့ ဘက်က တာဝန်ရှိသူတွေနဲ့ တရုတ်ဘက်က တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းပြီးမှ အကောင်းဆုံး အဆင်ပြေနိုင်ဆုံး ဖြစ်အောင် လုပ်ဆောင် သွားမှာပါ” ဟု မူဆယ် နမ့်ခမ်းကုန်သည်ကြီးများအသင်း (မူဆယ်) ဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။
https://news-eleven.com/article/167998
76
06/04/2020MyanmarTradeဘဏ္ဍာနှစ် ခြောက်လအတွင်း အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂.၃ ဘီလျံကျော်ရရှိထား
လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ အထည်ချုပ် တင်ပို့မှုမှ ဒေါ်လာ ၂.၃ ဘီလျံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၂၀၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွား/ကူးသန်းမှ သိရသည်။
ကုန်ကြမ်းတင်သွင်းပြီး ပြည်တွင်း၌ ကုန်ချောထုတ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့် CMP လက်ခစားစနစ်ကို မြန်မာနိုင်ငံ၌ ၁၉၉၀ ပြည့်နှစ်က အထည်ချုပ်လုပ်ငန်းနှင့် စတင်ဆောင်ရွက်ခဲ့ပါသည်။
CMP လက်ခစားစနစ်လုပ်ငန်းသည့် နှစ်ပေါင်း ၃၀ ခန့်ရှိလာပြီ ဖြစ် သော်လည်း ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အခြေအနေသို့ တက်လှမ်း နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄.၆ ဘီလျံ နီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာ့အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
ပြည်တွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ လက်ရှိတွင် လုပ်သားအင်အား ငါးသိန်းကျော်ဖြင့် အလုပ်လုပ်ကိုင်နေကြောင်း မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
https://news-eleven.com/article/168140
83
07/04/2020MyanmarTradeတရုတ်ဘက်က ဧပြီ ၈ ရက်တွင် မူဆယ်မြို့ရှိ ကျင်စန်းကျော့ဂိတ်အား ထပ်မံကန့်သတ်သွားမည်ဟုဆို
မြန်မာ - တရုတ်နှစ်နိုင်ငံ တာဝန်ရှိသူများက ဧပြီ ၆ ရက်တွင် နှစ်နိုင်ငံ ပြည်ဝင် ပြည်ထွက်စစ်ဆေးရေး နန်းတော်ဂိတ် တရုတ်ဘက်ခြမ်း၌ ဆွေးနွေးခဲ့ရာ မြန်မာဘက်က COVID-19 ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းစဉ်များတွင် ကုန်စည်စီးဆင်းမှုကို မထိခိုက်စေအောင် လုပ်ဆောင်ရန် အဆိုပြုခဲ့ကြောင်းသိရှိရပြီး ဧပြီ ၈ ရက်တွင် တရုတ် နိုင်ငံက ကျင်စန်းကျော့ဂိတ်အား ထပ်မံကန့်သတ်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ မန်ဝိန်းဂိတ်တွင် တရုတ်နိုင်ငံ၏ ကျန်းမာရေးဌာနက ဧပြီ ၅ ရက်က စတင်ကာ မြန်မာကုန်တင်ယာဉ်များသာ‌ ပေးဝင်ပြီး ကုန်တင် ယာဉ်မောင်းများကို ပေးမဝင်ခဲ့မှုကြောင့် ယနေ့အထိ ကုန်စည်စီးဆင်း မှု ရပ်တန့်နေခဲ့ပြီး ယနေ့ နှစ်နိုင်ငံတာဝန်ရှိသူများ၏ ဆွေးနွေးညှိ နှိုင်းမှုမှာ မြန်မာကုန်တင်ယာဉ်မောင်းများ လိုက်ပါခြင်းတွင် သဘော တူညီချက် တစ်စုံတစ်ရာမရရှိခဲ့ကြောင်း အဝေးပြေးကုန်စည်ပို့ဆောင် ရေးအသင်းမှ သိရသည်။
https://news-eleven.com/article/168156
84
07/04/2020MyanmarTradeSurgical Mask နှင့် PPE ဝတ်စုံများ မူဆယ်နယ်စပ်မှတစ်ဆင့် လိုင်စင်လျှောက်ထားရန်မလိုဘဲ တင်သွင်းနိုင်
COVID-19 ကာကွယ်ရေးအတွက် လိုအပ်သော Surgical Mask နှင့် PPE ဝတ်စုံများ မူဆယ်နယ်စပ်မှတစ်ဆင့် လိုင်စင်လျှောက်ထားရန် မလိုဘဲ တင်သွင်းနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက မူဆယ်- နမ့်ခမ်းနယ်စပ် ကုန်သည်အသင်းကို အကြောင်းကြားထားကြောင်း သိရသည်။
COVID-19 အတွက် လိုအပ်သော Surgical Mask နှင့် PPE ဝတ်စုံ တို့အား တင်သွင်းရန် သွင်းကုန်လိုင်စင်လျှောက်ထားမှုများ ရှိလာပါက အဆိုပါကုန်စည်များသည် Negative List တွင် ပါဝင်ခြင်းမရှိသော ကြောင့် သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ကြောင်းနှင့် လွယ်ကူစွာတင်သွင်းနိုင်ကြောင်း အကြောင်းကြားထားခြင်းဖြစ်သည်။
အဆိုပါကုန်ပစ္စည်းများ၏ HS Code များမှာ HS 6307904000 (Surgical Mask) ၊ HS 6211439000 (of man-mask Fiber-Other) ၊ HS 3926303900 (Other Article of Plastics, Hygienic, Medical and Surgical, Article: Other) တို့ဖြစ်ကြောင်း သိရသည်။
https://news-eleven.com/article/168147
85
07/04/2020MyanmarTradeအွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးသည့် ကုန်စည်အမယ် ထပ်မံတိုးချဲ့
COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင် ပြေချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လိုင်စင်ပါမစ်များအား အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးဆောင် ရွက်လျက်ရှိရာ စတင်ခွင့်ပြုသည့် (၁-၄-၂၀၂၀) ရက်နေ့မှ (၆-၄-၂၀၂၀) ရက်နေ့ထိ ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင်စောင်ရေ (၂၉၈) စောင်၊ တန်ဖိုး အမေရိကန်ဒေါ်လာသန်း (၁၀ဝ) ခန့်ကို အွန်လိုင်းစနစ် ဖြင့် ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။
အဆိုပါခွင့်ပြုကုန်ပစ္စည်းများထဲမှလျှောက်ထားမှု ပိုမိုအဆင်ပြေစေရန် သွင်းကုန် HS Line (၄၅၅) လိုင်းအား (၈-၄-၂၀၂၀) ရက်နေ့မှ စတင်၍ ထပ်မံထည့်သွင်းတိုးမြှင့် ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် (၉-၄-၂၀၂၀) ရက်နေ့မှစတင်ပြီး အဆိုပါ ကုန်ပစ္စည်းများအတွက် အွန်လိုင်းပေါ်မှ လျှောက်ထားခြင်းကိုသာ ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါသည်။
ထပ်မံတိုးချဲ့ ထုတ်ပေး သွားမည့် အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားနိုင်သည့် ကုန်ပစ္စည်းအမယ်များကို https:// www.commerce.gov.mm/sites/default/files/documents/2020/04/Fully%20Online(AddHS)7-4-2020.pdf တွင် ကြည့်ရှုနိုင်ပါသည်။
https:// www.commerce.gov.mm/sites/default/files/documents/2020/04/Fully%20Online(AddHS)7-4-2020.pdf
87
08/04/2020MyanmarTradeသွင်းကုန်လိုင်စင်ကြေး ထက်ဝက်ခန့်လျှော့ချ
COVID-19 အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး အခြေအနေကို ကုစားရန် သွင်းကုန်လိုင်စင်ကြေးများကို ယနေ့ (ဧပြီ ၈ ရက်) ကစ၍ ယခင်ကထက်  ထက်ဝက်ခန့်လျှော့ချကာ ကျပ် ၃၀,၀၀၀ ကောက်ခံမည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။ 
ယခင်က သွင်းကုန်လိုင်စင်ကြေး ကျပ် ၅၀,၀၀၀ ကောက်ခံရာမှ ယခု ဘဏ္ဍာနှစ်ကုန်အထိ လျှော့ချကောက်ခံမည်ဖြစ်သည်။ 
လိုင်စင်ကြေး လျှော့ချခြင်းသည် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ဖြေလျှော့ပေးမှုတစ်ခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦး က ပြောသည်။ 
ဧပြီ ၃ ရက်က ပြုလုပ်သည့် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ဌာနအသီးသီး မှ ကောက်ခံနေသည့် လိုင်စင်ကြေး၊ ပါမစ်ကြေးများ လျှော့ချရန် အစိုးရက စီစဉ်နေကြောင်း၊ ကုန်စည်စီးဆင်းမှု အထောက်အကူဖြစ် စေရေး လမ်း၊တံတားဖြတ်သန်းခများကို လျှော့ချ၊ကင်းလွတ်ခွင့်တို့ကို လည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောထားသည်။ 
https://7day.news/detail?id=183757
88
08/04/2020MyanmarTradeCOVID-19 ကြောင့် တရုတ်တင်းကျပ်၍ နယ်စပ်ရှိ မန့်ဝင်းကုန်သွယ်ရေးစခန်း ကုန်သွယ်မှု ရပ်နေ
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရမှု ဦးရေတိုးလာသည့် သတင်း များကြောင့် တရုတ်နိုင်ငံဘက်မှ တင်းကျပ်မှုများ လုပ်ဆောင်လာ သည့်အတွက် မူဆယ်နယ်စပ်ရှိ မန့်ဝင်းကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုရပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာ တိုင်းမ်ကို ဧပြီ ၈ ရက် ပြောသည်။
တရုတ်၏ လုံခြုံရေးတင်းကျပ်မှုကြောင့် မြန်မာဘက်မှ ကုန်တင် ယာဥ်မောင်းများကိုပင် အဝင်မခံတော့သည့်အတွက် မြန်မာ့ဘက်မှ ဆန်၊ ပြောင်း၊ ပဲများ အဓိက တင်ပို့သော မန့်ဝင်းဂိတ်မှ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း လည်ပတ်မှုရပ်နေသည့်အတွက် အခက်အခဲဖြစ်နေ သည်ဟု ၎င်းကပြောသည်။
COVID-19 ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ တရုတ်-မြန်မာ နှစ်ဖက် စလုံးက ကန့်သတ်မှုများများလာသည့်အတွက် အခက်အခဲဖြစ်လာ ကာ တစ်ဖက်နှင့်တစ်ဖက် Logistic အနေအထားလည်း မတူညီသည့် အတွက် ကုန်သွယ်မှုပြုရန် အခက်အခဲဖြစ်နေသည်။
https://myanmar.mmtimes.com/news/138146.html
89
08/04/2020MyanmarTradeပို့ကုန်လိုင်စင်ရထားသူများ နိုင်ငံတော် အရန်ဆန်အဖြစ် ၁၀ ရာခိုင်နှုုန်းကို ရောင်းချပေးရမည်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနက ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့သည့် လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်၍ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ညွှန်ကြားချက်သတင်းလွှာတွင် COVID 19 ကြောင့် ပြည်တွင်းစားနပ် ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးတို့အတွက် ၂၀၂၀ ပြည့်နှစ် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မည့် လုပ်ငန်းအစီအစဉ်တွင် ဆန်နှင့်ဆန်ကွဲတင်ပို့ခွင့် လိုင်စင်ရရှိထားသူများအနက် ၁၅-၃-၂၀၂၀ နေ့နောက်ပိုင်း (၁၆-၃-၂၀၂၀ မှ ၂၀-၃-၂၀၂၀ နေ့ထိ) ပို့ကုန်လိုင်စင် ရရှိထားသူများအနေဖြင့် တင်ပို့သည့် ပမာဏအထောက် အထား ပို့ကုန်ကြေညာလွှာတွင် ဖော်ပြထားသည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ဧည့်မထ ၂၅ မတ်ဆန်ကို ရောင်းချပေးရ မည်ဖြစ်ကြောင်း ပါရှိသည်။
သတ်မှတ်ချိန်အတွင်း ပြီးပြတ်အောင် ပေးသွင်းခြင်း မရှိပါက ပို့ကုန်/ သွင်းကုန် မှတ်ပုံတင်သိမ်းမည့်အပြင် ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ပါရှိသည်။
https://www.facebook.com/678741785796579/posts/1128693774134709/?d=n
90
08/04/2020MyanmarTradeပြည်ပသို့ ဆန်တင်ပို့မည့် ဆန်လိုင်စင်အသစ် လျှောက်ထားမှု ရပ်တန့်ထား
လက်ရှိကာလအတွင်း ပြည်ပသို့ဆန်တန်ချိန် တစ်သိန်းသာ တင်ပို့နိုင် ရန်စီစဥ်ထားပြီး ပြည်ပသို့ဆန်တင်ပို့မည့် ဆန်လိုင်စင်အသစ် လျှောက်ထားမှု ရပ်တန့်ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ သိရသည်။
လောလောဆယ် မတ် ၂၀ ရက်နေ့ကစပြီး လျှောက်ထားတဲ့လိုင်စင် တွေ အကုန်လုံးကို လိုင်စင်မချပေးဘဲ ရပ်ထားတယ်။ လိုင်စင် ပိတ်တာ တော့ မဟုတ်ဘူး။ ရပ်ထားတာပါ။ မတ် ၂၀ ရက်နေ့မတိုင်ခင်က လျှောက်တဲ့ လိုင်စင်တွေကတော့ လက်ရှိတင်လို့ ရနေသေးတယ်။ လိုင်စင်သက်တမ်းရှိနေတော့ အဲ့ဒီလိုင်စင်သမားတွေက တင်လို့ရနေ တယ်။ အခု COVID-19 ကာလမှာ ပြည်တွင်းစားသုံးမှုကို ချိန်ဆပြီး တော့ ပြည်ပကိုဆန်တန်ချိန် တစ်သိန်းလောက်ပဲ တင်ပို့ဖို့ခွင့်ပြုဖို့ စီစဥ်နေတာပါဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်း ရေးမှူး ဦးနေလင်းဇင်က မြန်မာတိုင်းမ်သို့ ပြောသည်။
အဆိုပါလိုင်စင် အသစ်လျှောက်ထားမှုများကို ဧပြီ ၂၀ ရက် သို့မဟုတ် မေလ ၁ ရက်အတွက် ပြန်လည်ခွင့်ပြုနိုင်ရန် စီစဥ်နေကြောင်း မည်သည့်ပုံစံမျိုးဖြင့် ပြန်လည်ခွင့်ပြုမည်ကိုတော့ မသိနိုင်သေး ကြောင်းပြောသည်။
https://myanmar.mmtimes.com/news/138139.html
91
08/04/2020MyanmarTradeမြန်မာ့စိန်တစ်လုံးသရက်သီး တန်ချိန် ၁၂၀၀ ဂျပန်နိုင်ငံက ဝယ်ယူ
ပြည်တွင်းမှ စိန်တစ်လုံးသရက်သီး တန်ချိန် ၁၂၀၀ ကို သရက်သီး အနှစ်ထုတ်လုပ်ရန် ဂျပန်နိုင်ငံက ဝယ်ယူထားကြောင်း မြန်မာနိုင်ငံ သရက်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေပေမယ့်လည်း သရက်သီးတွေ ဂျပန်ကလာ ဝယ်ပါတယ်။ သရက်သီးအနှစ်ထုတ်ဖို့အတွက် တန်ချိန် ၁၂၀၀ ဝယ် တယ်။ နိုင်ငံခြားက ဝယ်လက်တွေက မြန်မာစိန်တစ်လုံးသရက်သီး ကိုဝယ်ယူဖို့ စိတ်ဝင်စားပြီးတော့ လာရောက်စုံစမ်းမှုများရှိသည်။
ဧပြီလကုန်အထိ လေကြောင်းလိုင်းများက ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်မှု ရပ်တန့်ထားသဖြင့် ဧပြီ ၂၁ ရက် ကျော်မှသာ ပြည်ပသို့ သရက်သီးတင်ပို့ရောင်းချနိုင်မှု အနေအထားကို ခန့်မှန်းနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်သို့ သရက်သီးတင်ပို့ရောင်းချရမှု အနေအထားကို သေချာစွာ မသိရှိနိုင်သေးသော်လည်း ပြည်တွင်း သရက်သီးစားသုံးမှု မြင့်မားသဖြင့် သရက်စိုက်တောင်သူများ များစွာ ထိုခိုက်နစ်နာမှု မရှိကြောင်း ၎င်းကခန့်မှန်းပြောဆိုသည်။
https://myanmar.mmtimes.com/news/138134.html
98
09/04/2020MyanmarTradeCOVID-19 ကြောင့် မြန်မာ- တရုတ်နယ်စပ်တွင် တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ ဒေါ်လာတစ်သန်းကျော်အထိ ထိုးကျသွားCOVID-19 ကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် တစ်ရက်လျှင် ကုန်သွယ်မှုပမာဏ ဒေါ်လာတစ်သန်းကျော်အထိ ထိုးကျသွားခဲ့ရာမှ ယခုဆိုလျှင် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ ကုန်သွယ်ရေးလုပ် ငန်းများ ပြန်လည်လုပ်ကိုင်ခဲ့ကြသဖြင့် လက်ရှိအချိန်၌ တစ်ရက်လျှင် ဒေါ်လာ ၁၀ သန်းကျော်အထိ ကုန်သွယ်မှုပြုလုပ်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှုမရှိသည့် ပြည်နယ်များမှ ကုန်တင်ယာဉ်များ ရွှေလီ၊ ကျယ်ဂေါင်သို့ ဝင်ခွင့်ရချိန်မှစ၍ မူဆယ်မှ တဆင့် နှစ်လအတွင်း CMP ကုန်ကြမ်းတင်သွင်းမှုတန်ချိန် ၁၆၉၀၀ ကျော်နှင့် တန်ဖိုးဒေါ်လာ ၅၄.၆၀၂ သန်း တင်သွင်းထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မူဆယ်နယ်စပ်မှ CMP ကုန်ကြမ်းတင်သွင်းမှု တစ်ရက် လျှင် ကားအစီးရေ ၇၀ အထိမြင့်တက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းမပြတ်တောက်ခင် ကာလထက်တစ်ရက်လျှင် ကားအစီးရေ ၂၀ ကျော်အထိ မြင့်တက်လာခဲ့ပါသည်။
https://news-eleven.com/article/168492
100
09/04/2020MyanmarTradeExports of fisheries products slow to a crawlExports of Myanmar’s fisheries products to other countries have nearly stopped since the COVID-19 pandemic started and factories processing frozen fisheries products are now facing difficulties keeping their operations running.
“Currently, buyers have almost stopped placing orders. Moreover, demand has declined in many countries. Also, the signing of new export agreements has stopped while the existing agreements have been suspended,” said U Tun Aye, chair of the Myanmar Marine Product Producers and Exporters Association.
Exports of fisheries products to the EU have totally halted and there is only a little demand for lower-priced products from China, he said. Myanmar’s fisheries products from the sea are mainly exported to Europe and Asian countries while freshwater products are exported to Arab countries. 
Between October 2019 and February 2020, Myanmar exported marine products worth more than US$412 million.
https://www.mmtimes.com/news/exports-fisheries-products-slow-crawl.html
101
10/04/2020MyanmarTradeနယ်စပ်ကုန်သွယ်ရေး၌ ကုန်တင်ယာဉ်များအား ယာဉ်မောင်း အစားထိုးမည်ဖြစ်၍ မြန်မာယာဉ်မောင်းများအတွက် နေရာစီစဉ်
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာ့ဘက်မှလာရောက် သောကုန်တင်ယာဉ်များဝင်ထွက်သည့် မန့်ဝိန်းဂိတ်နှင့်ကျင်စန်း ကျော့ဂိတ်များ၌ တရုတ်ဘက်သို့ဝင်ရောက်ရန် ယာဉ်မောင်းအစားထိုး စနစ်ဖြင့် ခွင့်ပြုမည်ဖြစ်၍ ယင်းကိုစောင့်ဆိုင်းရန် မြန်မာယာဉ်မောင်း ၁၀၀ စာ နေထိုင်စားသောက်ရန် စီစဉ်ပေးထားကြောင်း မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဧပြီ ၉ ရက်တွင် သိရသည်။
တရုတ်နိုင်ငံ COVID-19 ရောဂါထိန်းချုပ်ရေးစီမံချက်အရ မြန်မာ ဘက်မှ တင်ဆောင်လာသော ဖရဲ-သခွားနှင့် သီးနှံများတင်ဆောင်လာ သည့် ကုန်တင်ယာဉ်များ နယ်စပ်ဖြတ်ကျော်မှုတွင် ဧပြီ ၅ ရက်မှ စတင်၍ တရုတ်နိုင်ငံဘက်မှယာဉ်မောင်းများဖြင့် အစားထိုးမောင်းနှင် ဝင်ရောက်ခွင့်ပြုမည်ဟု တရုတ်နိုင်ငံရွှေလီမြို့ ပြည်ပရေးရာဌာနက ဧပြီ ၄ ရက်တွင် ညှိနှိုင်းခဲ့သည်။
ယာဉ်မောင်းလဲလှယ်သည့်အတွက် သစ်သီးများထိခိုက်ပျက်စီးမှုများ၊ ရောင်းဝယ်မှုကြန့်ကြာမှုများမရှိရန် သစ်သီးပွဲရုံများမှ အေးဂျင့်များက စောင့်ကြည့်ဖြေရှင်းပေးမည်ဖြစ်သည်။
https://myanmar.mmtimes.com/news/138180.html?qt-social_plugin=2
107
12/04/2020MyanmarTradeဆေးဝါးများနှင့် ဆေးဝါးကုန်ကြမ်းများအပေါ် သွင်းကုန် လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြု

ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်နေသော Coronavirus Disease 2019 ကြောင့် ဆေးဝါးများနှင့် ဆေးဝါးကုန်ကြမ်းများအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာသည်။
Covid-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက် သာစေရေးအတွက် ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုသည့်ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် သွင်းကုန်လိုင်စင် ကြေး ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
၁၉၉၃ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့တွင် ပြည်သူ့ကျန်းမာရေးတိုးတက် မြင့်မားမှုကို အထောက်အကူပြုရေး၊ ပြည်တွင်းဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရေးအတွက်ဆေးဝါးပစ္စည်းများနှင့် ယင်းဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ တင်သွင်းမှုအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုခဲ့ဖူးသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ယခုအမိန့်ကြေညာချက်သည် ၂၂ နှစ် ကြာပြီးနောက် ဆေးဝါးများနှင့်ဆေးဝါးကုန်ကြမ်းများအပေါ် သွင်းကုန် လိုင်စင်ကြေးကင်းလွတ်ခွင့်ကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
https://myanmar.mmtimes.com/news/138253.html
119
20/04/2020MyanmarTradeဖရဲ၊ သခွားမွေးစိုက် တောင်သူများ အရှုံးပေါ်နေပြီး ပြည်ထောင်စု လမ်းမကြီးပေါ်၌ ဖရဲ၊ သခွါးမွှေးကားအစီး ၂၀၀၀ ကျော် ရပ်ထားရ
တရုတ်နိုင်ငံ၏ ကျန်းမာရေးစစ်ဆေးခြင်း တင်းကျပ်မှုကြောင့် ဧပြီ ၁၈ ရက်တွင် ကျင်စန်းကျော့-မူဆယ်-ကွက်ခိုင် ပြည်ထောင်စုလမ်းမကြီး ပေါ်၌ ဖရဲ၊ သခွားမွှေး ကားအစီး ၂၀၀၀ ကျော် ရပ်တန့်ထားရကြောင်း သိရသည်။
COVID-19 ရောဂါ ဂယက်ကြောင့် စိတ်သောကတွေ ဒုက္ခတွေမျိုးစုံနဲ့ ဖြတ်သန်းပြီးတော့ နောက်ထပ် ၁၅ ရက် နောက်ပိုင်းဆိုရင် ရာသီ လည်းကုန်ဆုံးတော့မှာပါ၊ ဖရဲ၊ သခွားရာသီရဲ့ ပေါင်းချုပ်အနေအထား ကတော့ ၈၀% သော စိုက်ပျိုးတောင်သူတွေ အရှုံးနဲ့ဘဲ ရင်ဆိုင်ပြီး တော့ ရာသီသိမ်းရတော့မယ့် အနေအထားပါ” ဟု ၁၀၅ မိုင် သစ်သီး ဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ပြောကြားသည်။
မူဆယ် ၁၀၅ မိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ အသီးရောင်းကွင်း တွင် တစ်လှည့်စီ ဝင်ရောက်ရပြီး ၎င်းကွင်းအား သန့်ရှင်းရေး လုပ်ပြီးမှ ပြန်လည် ဝင်ရောက်ခွင့်ပေးခြင်းနှင့် တရုတ်နိုင်ငံ ပြည်ဝင် ပြည်ထွက် တင်းကျပ်သော စစ်ဆေးဆောင်ရွက်မှုများကြောင့် လမ်းမကြီးပေါ်တွင် ထောင်နှင့်ချီသော သစ်သီးတင် ကုန်တင်ကားများ ကျင်စန်းကျော့-မူဆယ်-ကွက်ခိုင် ပြည်‌ထောင်စုလမ်းမကြီးပေါ်တွင် ရပ်တန့်နေရခြင်း ဖြစ်သည်။
https://news-eleven.com/article/169706?fbclid=IwAR2zZdu8t1VXGu4HgkK9HuF7-xGXBqPKYn_TwSSu86O_VbB9HkQEv3vAxE8
126
22/04/2020MyanmarTradeရပ်ထားသည့် ပြည်ပဆန်တင်ပို့မှုလိုင်စင် မေ ၁ ရက်တွင် ပြန်ခွင့်ပြုမည်
ပြည်ပသို့ဆန်တင်ပို့မည့် ဆန်လိုင်စင်အသစ်လျှောက်ထားမှုများကို မေ ၁ ရက်တွင် ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
“ဆိုင်းငံထားတဲ့ ပြည်ပတင်ပို့မယ့် လိုင်စင်အသစ်လျှောက်ထားမှုတွေ ကို မေ ၁ ရက်မှာ ပြန်ပြီးခွင့်ပြုမှာ ဖြစ်ပြီးတော့ ဆန်တန်ချိန် တစ်သိန်း ခွင့်ပြုမှာပါ။ အဲဒီခွင့်ပြုတဲ့ ဆန်တန်ချိန် တစ်သိန်းထဲကနေ ၁၀ % ကို နိုင်ငံတော်ကို အရန်ဆန်အနေနဲ့ပြန်သွင်းရမယ်” ဟု ၎င်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတိုင်းမ်သို့ ပြောသည်။
လတ်တလော ဆန်တင်ပို့ခွင့် ပါမစ်လျှောက်ထားမှုများအား စိစစ် နေကြောင်း ဆန်လိုင်စင်မှာ နှစ်လသက်တမ်း ရှိသည့်အတွက် လိုင်စင် ထုတ်ပေးပြီးသားများကို အရင်တင်ပို့ခိုင်းထားပြီး လတ်တလော အခြေအနေအရ အသစ် လျှောက်ထားမှုများကို လိုင်စင်မထုတ်ပေး သေးဘဲ ရပ်တန့်ထားကြောင်း သိရသည်။
လက်ရှိ COVID – 19 ကပ်ရောဂါကာလအတွင်း ပြည်တွင်းစားသုံးမှုကို ချိန်ဆ၍ ပြည်ပသို့ဆန်တင်ပို့မှုကို တန်ချိန်တစ်သိန်းကျော်ခန့်သာ တင်ပို့နိုင်ရန်ရည်ရွယ်လျက် လိုင်စင်လျှောက်ထားမှုများကို မတ် ၂၀ ရက်မှစတင်ကာ ဆိုင်းငံ့ထားခြင်းဖြစ်သည်။
https://myanmar.mmtimes.com/news/138506.html
128
22/04/2020MyanmarTradeအွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးလျက်ရှိရာ သွင်းကုန် HS LINE (၁၉၆) လိုင်းအား ထပ်မံတိုးမြှင့် ထုတ်ပေး
COVID-19 အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် (၁-၄-၂၀၂၀) ရက်နေ့မှစတင်၍ ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များအား အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် အဖြစ် ပို့ကုန် HS Line (၇၃) လိုင်း၊ သွင်းကုန် HS Line (၉၁) လိုင်း လျှောက်ထားခွင့်ပြုခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သွင်းကုန် HS Line (၄၅၅) လိုင်းထပ်မံတိုးမြှင့်၍ ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။
ဆက်လက်၍ အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျောက်ထားမှုများ ပိုမို အဆင်ပြေစေရန် တတိယအကြိမ်အဖြစ် သွင်းကုန် HS Line ( ၁၉၆ ) လိုင်းအား (၂၃-၄-၂၀၂၀) ရက်နေ့မှစတင်၍ ထပ်မံထည့်သွင်းတိုးမြှင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါသည်။
https://tinyurl.com/ybsgbny3
129
22/04/2020MyanmarTradeCovid-19 ကာလ ကုန်သွယ်မှုလျင်မြန်ရန် အကောက်ခွန်လုပ်ငန်း စဉ်များ ဖြေလျှော့မှုပြုလုပ်
Covid-19 ကာလအတွင်း ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်အတွက် ထုတ်ကုန်၊ သွင်းကုန်ကိစ္စရပ်များနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီး ဌာနက ဖြေလျှော့မှုများ ပြုလုပ်လိုက်သည်။
ဧပြီလ ၂ဝ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်များအရ အကောက်ခွန်ဦးစီး ဌာနရှိ MACCS (Myanmar Automated Cargo Clearance System) နှင့်လုပ်ဆောင်နေသော အကောက်ခွန်လုပ်ငန်းစဉ်ကိစ္စရပ်များနှင့် ပတ်သက်၍အကောက်ခွန်လျှော့နှုန်းခံစားခွင့်ပြုခြင်း၊ စာရွက်စာတမ်း တင်ပြမှု လျှော့ချခြင်း၊ Covid-19 ကြောင့် C/O From(Paper) များ ထုတ်ပေးနိုင်ခြင်းမရှိသည့်အတွက် Electronic ဖြင့် e-From D ထုတ် ပေးခြင်းစသည့် ဖြေလျှော့မှုများ ပြုလုပ်လိုက်ခြင်းဖြစ်သည်။
နိုင်ငံအသီးသီးတွင် Covid-19 ရောဂါဖြစ်ပွားနေခြင်းကြောင့် သွင်းကုန် ကိစ္စရပ်များဆောင်ရွက်ရာတွင် တင်ပြရန်လိုအပ်သော Commercial Documents များ မူရင်းတင်ပြရန်အခက်အခဲရှိသဖြင့် ဖြေလျှော့ခြင်း ကိစ္စအား မေလ ၃၁ ရက်အထိ ဖြေလျှော့ကြောင်း သိရသည်။
အလားတူ အကောက်ခွန်လျှော့နှုန်းခံစားခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ် ချက်များနှင့် လျှောက်ထားတင်ပြကာ ကိုက်ညီပါက အကောက်ခွန် လျှော့နှုန်းခံစားခွင့်ကို ဧပြီလကုန်အထိ ခွင့်ပြုမည်ဖြစ်သည်။
https://myanmar.mmtimes.com/news/138465.html
144
23/04/2020MyanmarTradeကန့်သတ်ချက်များ ရှိနေသော်လည်း နယ်စပ် ကုန်သွယ်ရေး ပုံမှန်အတိုင်းဖြစ်လာCOVID-19 ကြောင့် ထိခိုက်မှုများရှိခဲ့သည့် နယ်စပ်ကုန်သွယ်ရေးမှာ ကန့်သတ်ချက်များ ရှိနေသော်လည်း ပုံမှန်အတိုင်းဖြစ်လာနေဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
“ကုန်စည်စီးဆင်းမှုကတော့ သွားနိုင်တယ်။ အရင်က ပိတ်ထားတာ ထက်စာရင်တော့၊ စပြီးဖြစ်ခါစထက်စာရင်တော့ အများကြီးအား ကောင်းလာတဲ့အနေအထားဖြစ်လာတယ်။ အခု ပုံမှန်နီးပါးလောက် ပြန်ရောက်သွားတဲ့အနေအထားမှာ လူဝင်လူထွက်ကန့်သတ်မှုတွေ ကြောင့် နည်းနည်းလေးတော့ တုန့်ဆိုင်းသွားသလိုဖြစ်တယ်။ လုံးဝ မသွားတာမဟုတ်ဘဲနဲ့ ကန့်သတ်မှုတွေကြောင့် နေ့စဉ်ပုံမှန်ကားအစီး ၆၀၀ ကျော်လောက်သွားလာရာကနေ သုံးလေးရာလောက်ဖြစ်သွား တယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတိုင်းမ်သို့ပြောသည်။
လက်ရှိအခြေအနေတွင် နယ်စပ်ကုန်သွယ်မှုများတွင် COVID – 19 နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံပြည်နယ်အမိန့်အရ ကုန်ပစ္စည်းဝင်ထွက်မှုရှိ သော်လည်း လူဝင်လူထွက်လက်မခံတော့ကြောင်း နယ်စပ်ဂိတ်များ တွင် ယာဉ်မောင်းချင်းပြောင်းလဲမောင်နှင်ကြရကြောင်းသိရသည်။
https://myanmar.mmtimes.com/news/138549.html
150
24/04/2020MyanmarTradeကျင့်စန်းကျော့ကုန်သွယ်ရေးလမ်း ယာဥ်ကြောပိတ်၍ ဖရဲသီးများ ပျက်စီးဆုံးရှုံးလျက်ရှိ

COVID-19 ကြောင့် တရုတ်အစစ်အဆေးများ၍ ကျင့်စန်းကျော့နယ်စပ် ကုန်သွယ်လမ်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့ကြန့်ကြာမှုဖြစ်ကာ တရုတ်ဘက်သို့ တင်ပို့နိုင်ခြင်းမရှိသဖြင့် ဖရဲသီးများပျက်စီး ဆုံးရှုံး နစ်နာမှုများ ဖြစ်ပေါ်နေသည်ဟု မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည် ဒိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင် က မြန်မာတိုင်းမ်သို့ ဧပြီ ၂၄ ရက်တွင် ပြောသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကျင်စန်းကျော့ကုန်သွယ်ရေး ပေါက်သို့ ဝင်ရန်အတွက် ကားများတန်းစီစောင့်ဆိုင်းရသည့်အတွက် ၆ မိုင်ကွာဝေးသော လွယ်အင်း-ကောင်ခန့်အကြား ၅ ညအိပ် ၆ ရက် စောင့်ဆိုင်းနေရသည်။ ရက်ကြာသွားသဖြင့် ဖရဲသီးများပုပ်ကုန်ပြီး တရုတ်နိုင်ငံဘက်ခြမ်း-ဝမ်တိန်သို့ ဝင်ရောက်ရောင်းချ မရတော့သည့် အတွက် လမ်းဘေးတွင် အလုပ်သမားခအကုန်ခံ၍ သွန်ပစ်နေရသည် ဟု မူဆယ်သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဘိုကပြောသည်။
တင်ပိုခွင့်ပြုပေးရာတွင်လည်း တင်းကျပ်မှုများအား တရုတ်ကခွင့်ပြု ထားပြီး ၎င်းနယ်နိမိတ်ဝမ်တိန်ဘက်သို့ မြန်မာနိုင်ငံမှယာဉ်မောင်း များအဝင်မခံပဲ တရုတ်ယာဉ်မောင်းများဖြင့်သာ ကုန်တင်ယာဥ်များ ဝင်ရောက် ကုန်ချခွင့်ပြုသည်။
https://myanmar.mmtimes.com/news/138564.html
152
24/04/2020MyanmarTradeဆန်စပါးကုန်စည်ဒိုင်များကို ဧပြီ ၂၇ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်
ဧပြီလကုန် မေလအတွင်း နွေစပါးရိတ်သိမ်းသည့်ကာလ ဖြစ်သဖြင့် နွေစပါးစျေးကျဆင်း၍ တောင်သူများနစ်နာမှုမရှိစေရေး စျေးကွက် အတွင်း ဆန်ပြတ်လပ်မှု မရှိစေရေးအတွက် ဆန်စပါးကုန်စည်ဒိုင် များကို ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်လိုက်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ဆင့်ပွားဖြစ်ပေါ်နေသော COVID-19 ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကုန်စည်ဒိုင်များကို ရက်တိုးထပ်မံ ပိတ်ထားပြီး ပြန်ဖွင့်မည့်ရက်ကို ကုန်စည်ဒိုင်ပြန်လည်မဖွင့်မီ နှစ်ရက် အလိုတွင် ကြေညာပေးမည်ဟု အသိပေးထားခဲ့သည်။
ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိသော COVID-19 ကြောင့် ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ တောင်သူ လယ်သမားများဝင်ငွေ တိုးတက်ရရှိရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး အတွက် ၂၀၂၀ ပြည့်နှစ် ဆန်နှင့်ဆန်ကွဲ ပြည်ပတင်ပို့မည့် လုပ်ငန်း အစီအစဉ်များကို ထုတ်ပြန်ခြင်းဖြစ်သည်။
https://news-eleven.com/article/170567
153
24/04/2020MyanmarTradeအခြေခံစားသောက်ကုန်၊ လူသုံးကုန်များ ဖြန့်ဖြူးလျက်ရှိသည့် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန် စီးပွားကူးသန်း အသိပေးကြေညာ
လက်ရှိဖြစ်ပေါ်နေသော COVID-19  အခြေအနေအရ ပြည်တွင်း စျေးကွက်အတွင်း အခြေခံစားသောက်ကုန်နှင့် မရှိမဖြစ် လူသုံးကုန် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ကုန်စျေးနှုန်းတည်ငြိမ်စေရေးတို့ အတွက် နေ့စဉ်ပြည်သူများကို ရောင်းချပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လက်လီဆိုင်များ အပါအဝင် စျေးများကိုစနစ်တကျ ဖွင့်လှစ်ခွင့်ပြုထားသကဲ့သို့ ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေးအတွက်လည်း ယာဉ်/လူပုဂ္ဂိုလ်များကို သတ်မှတ် ချက်များနှင့်အညီ သွားလာခွင့်ပြုထားကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
ပြည်ပမှတင်သွင်းရန်လိုအပ်သည့် ကုန်ပစ္စည်းများ အဆင်ပြေ ချောမွေ့စွာ တင်သွင်းရောင်းချနိုင်ရေးအတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ လုပ်ငန်းစဉ်များဖြေလျှော့ပေးသည့် စီမံချက်များဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
https://news-eleven.com/article/170538
155
25/04/2020MyanmarTradeမြန်မာနိုင်ငံမှ အခြေခံစားသောက်ကုန်ဆယ်မျိုးဝယ်ရန် သီရိလင်္ကာ ဆက်သွယ်
သီရိလင်္ကာအစိုးရက မြန်မာနိုင်ငံမှ အခြေခံစားသောက်ကုန် ၁၀ မျိုး ကို ဝယ်ယူရန်ဆက်သွယ်လာကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦး က The Voice Journal သို့ပြောကြားသည်။
အခြေခံစားသောက်ကုန်များဖြစ်သည့် ပဲနီကလေး၊ ကြက်သွန်နီ၊ ငါးသေတ္တာ၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ပဲတီစိမ်း၊ ငါးပြား (Sprat) ၊ ငရုတ်သီးခြောက်၊ ကုလားပဲနှင့် Cowpea ပဲတို့ကို ဝယ်လိုသည်ဟု မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးမှ ဆက်သွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။
အဆိုပါ စားသောက်ကုန်များကို ရောင်းချလိုသည့် ကုန်သည်လုပ်ငန်း ရှင်များသည် ယခုလနောက်ဆုံးထား၍ ကုမ္ပဏီ၏ အသေးစိတ် အချက်အလက်များကို မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟို ဌာန၊ mitc@myantrade.gov.mm ၊ ရုံးဖုန်း ၀၁-၃၈၅၃၂၃ သို့ ဆက်သွယ်ပေးပို့နိုင်မည်ဖြစ်သည်။
https://www.facebook.com/LivingColorMediaCoLtd/posts/603899530211329
163
26/04/2020MyanmarTradeချင်းရွှေဟော် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ယနေ့ စပိတ်
မြန်မာနိုင်ငံမှ ဆန်၊ ပြောင်း၊ ပဲ ကုန်စည်တင်ပို့ရာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ချင်းရွှေဟော်ဂိတ်ကို ယနေ့ဧပြီ ၂၆ ရက်မှ စတင်ပိတ်လိုက်ပြီဖြစ်ကြောင်း ငါးရှဉ့်လုပ်ငန်းရှင် တစ်ဦးက မြန်မာတိုင်းမ်သို့ ပြောကြားသည်။
ကျွန်တော်တို့ရဲ့ ရေထွက်ပစ္စည်းက တရုတ်ပြည် အဓိကပို့ထာပေါ့။ ငါးရှဉ့်၊ ကဏန်း၊ ရေခဲငါး စသည်ပို့ကြပါတယ်။ အခုနေ့မတိုင်ခင် အထိတော့ ချင်းရွှေဟော်နဲ့ မူဆယ် ကျင့်စန်းကျော့ဂိတ်ကနေ ကျွန်တော်တို့က သွားကြတာပေါ့၊ ပြဿနာက ၂၆ ရက်နေ့ကစပြီး ချင်းရွှေဟော်ဂိတ်မှာ ကုန်သွယ်မှုလုံးဝ ပိတ်လိုက်ပါပြီ။ တရုတ်ပြည် ကရော၊ မြန်မာပြည်ကဝင်တဲ့ ကုန်စည်မှန်သမျှ လုံးဝပိတ်လိုက်ပါပြီ ဟု လုပ်ငန်းရှင်ဦးတိုင်းကျော်က မြန်မာတိုင်းမ်သို့ ပြောသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကုန်သွယ်မှုသည် မြန်မာနိုင်၏ ကိုဗစ် ရောဂါကာကွယ်ထိန်းချုပ်နိုင်မှု အနေအထားအပေါ် မူတည်နေပြီး လက်ရှိတွင် မူဆယ်လမ်းကြောင်းသည်ပင် ရေရာမှုမရှိသည့် အနေ အထား၌ ရှိနေသည်ဟု ဦးတိုင်းကျော်က ဆက်လက်ပြောကြားသည်။
https://Myanmar.mmtimes.com/news/138620.html
166
27/04/2020MyanmarTradeပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များကို ယာယီသက်တမ်း တိုးမြှင့်ပေး
ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာလအတွင်း ကုန်သွယ်မှုလုပ်ငန်းများ လျှင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်များကို ယာယီသက်တမ်း တိုးမြှင့်ပေးလိုက် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနထံမှ သိရသည်။
ဧပြီ ၂၇ ရက်နေ့မှ ဇူလိုင် ၃၀ ရက်နေ့အတွင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်(ပသက) သက်တမ်းကုန်ဆုံးမည့် ကုမ္ပဏီများ အနေဖြင့် အွန်လိုင်းပို့ကုန်သွင်းကုန်လိုင်စင်စနစ်နှင့် ဆက်စပ်လုပ်ငန်း များအဆင်ပြေဆောင်ရွက်နိုင်ရန်အတွက် ကုန်သွယ်ရေးဦးစီးဌာနတွင် လာရောက် သက်တမ်းတိုးရန်မလိုဘဲ မှတ်ပုံတင်စနစ်မှ ဇူလိုင် ၃၀ ရက်နေ့အထိ ယာယီတိုးမြှင့်ပေးထာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလကျော်လွန်ပါက သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် မူလကုန်ဆုံးခဲ့သည့်ရက်မှ လုပ်ထုံးလုပ်နည်းအတိုင်း ပြန်လည် သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ထံမှ သိရသည်။
https://thevoicemyanmar.com/news/41090-prn
168
27/04/2020MyanmarTradeတရုတ်နိုင်ငံဘက်မှ နယ်စပ်ပိတ်ထားမှုကြောင့် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့တွင် ပြောင်းဖူးတင်ထော်လာဂျီ အစီး ၄၀၀ ခန့် ပိတ်မိ
တရုတ်နိုင်ငံက COVID- 19 ရောဂါ ကျန်းမာရေးအခြေအနေအရ နယ်စပ်တစ်လျှောက် ပိတ်ထားမှုကြောင့် မြန်မာတရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့အတွင်းရှိ နောင်ဖိုင်နှင့် ခါးလှိုင်ရွာအတွင်း ဧပြီ ၂၇ ရက် မှစတင်ကာ ပြောင်းဖူးတင် ထော်လာဂျီ အစီးလေးရာခန့် ပိတ်မိ နေပြီး ဈေးနှိမ်ဝယ်ယူမှု့များရှိကြောင်း သိရသည်။
အဆိုပါပြောင်းဖူးများမှာ မူဆယ်နမ့်ခမ်းဒေသထွက်ဖြစ်ပြီး လက်ရှိတွင် မြန်မာတရုတ်နယ်စပ်ရှိ ရွာချင်းစပ်နေသည့် နေရာများကိုပါ တရုတ် နိုင်ငံဘက်မှ အဝင်အထွက်အား တင်းကြပ်လိုက်ခြင်းကြောင့် အရောင်း အဝယ်များ ပြုလုပ်ရန် ခက်ခဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
လက်ရှိတွင် ပြောင်းဖူးတစ်တန် ပေါက်စျေးမှာ ယနေ့ (ဧပြီ ၂၇ ရက်) တွင်တရုတ်ယွမ် ၃၅၀၀ပေါက်ဈေးရှိသော်လည်း ဈေးနှိမ်ဝယ်ယူခြင်း ကြောင့် တစ်တန်လျှင် ယွမ် ၁၀၀၀ ကျော်သာ ရရှိကြောင်း၊ ပြောင်းဖူး ပစ္စည်းကောင်းသည့်တိုင် တစ်တန်လျှင် ယွမ် ၃၀၀၀ ကျော်သာ ပေးကြောင်း မူဆယ်၊ နမ့်ခမ်းမှ လာတဲ့ တောင်သူလယ်သမားသည် တစ်ရက်လျှင် အစီး ၁၀၀ ကျော်ခန့် လာရောက်နေသဖြင့် အစီး ၄၀၀ ကျော်ပိတ်မိနေခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
https://news-eleven.com/article/170957
183
28/04/2020MyanmarTradeCOVID- 19 ကြောင့် ငါးဖမ်းလုပ်ငန်းတွင် ဖမ်းမိသည့်ငါးများကို ကမ်းကပ်၍ ရောင်းသည့်အခါ စျေးကျပြီး ဝယ်လိုအားလျော့နည်း
COVID-19ရောဂါကြောင့် ပင်လယ်ပြင်ထွက်ဖမ်းသည့် ငါးဖမ်းလုပ်ငန်း များတွင် ဖမ်းမိသည့်ငါးများကိုကမ်းကပ်၍ ရောင်းသည့်အခါ စျေးကျ ပြီး ဝယ်လိုအားလည်း လျော့နည်းကြောင်း ဧပြီ ၂၇ ရက်တွင် မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
Export လုပ်ငန်းများလည်း လျော့သွားကာ အအေးခန်းများ ပိတ်ရ ခြင်း၊  ခွင့်ပြုချက်ရမှဖွင့်ရမည်ဆိုခြင်း စသည့်အကြောင်း စုံလာသော အခါ ပြည်တွင်း၌  အိမ်များတွင် ဝယ်စားသည့်လုပ်ငန်းသာ မဖြစ်မနေ ရှိတော့ကြောင်း၊ စားသောက်ဆိုင်များပိတ်ခြင်း၊ အလှူအတန်းများ မရှိခြင်း၊ ခရီးသွားလုပ်ငန်းများတွင် ကားများရပ်လိုက်သည့်အခါ ကုန်စည်ပို့ဆောင်ရေးပိုင်း၌ အားနည်းချက်များဖြစ်ပေါ်သည့်အတွက် ငါးစျေးကွက်သည် ဖမ်း၍ရလာသည့်ငါးများကို ရန်ကုန်မြို့သို့ လာရောင်းလျှင်လည်း စျေးလျော့သွားကာ ရောင်းချင်တိုင်းရောင်း၍ မရဘဲ ရောင်းအားလျော့သွားကြောင်း ဦးဝင်းကြိုင်က ဆက်လက် ပြော ကြားသည်။
https://news-eleven.com/article/171162
186
29/04/2020MyanmarTradeပြည်ပသို့ ဆန်ပုံမှန်တင်ပို့မှု တန်ချိန် ၁၅၀,၀၀၀ မေလတွင် စတင်ပို့မည်
ပြည်ပသို့ဆန်တင်ပို့မှုကို လာမည့် မေလမှစ၍ ပုံမှန်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မေလအတွက် တန်ချိန် ၁၅၀,၀၀၀ တင်ပို့ သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တန်ချိန်တစ်သိန်း နှင့်နယ်စပ်မှ တန်ချိန်ငါးသောင်းခန့်ကို တင်ပို့ရန်အတွက် စီးပွားရေး နှင့် ကူးသန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့ ညှိနှိုင်း သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့ရန် ဆောင်ရွက်နေပြီး မေလမှစတင်ကာ ပုံမှန်အတိုင်းတင်ပို့၍ ပြည်ပတင် ပို့မှုပမာဏထဲမှ ၁၀ ရာခိုင်နှုန်းစီကို အရန်ဆန်အဖြစ်ထားရှိသွားမည်ဟု ဆန်စပါးအသင်းချုပ်က ဆိုသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဧပြီလတစ်လလုံး ဆန်ပြည်ပတင်ပို့မှု လိုင်စင်ချ ပေးခြင်း ရပ်နားခဲ့ပြီး မေလတွင် အကန့်အသတ်ဖြင့် ပြန်လည်ချပေး မည်ဖြစ်သည်။
https://Myanmar.mmtimes.com/news/138731.html
189
29/04/2020MyanmarTradeထိုင်းသို့ တင်ပို့သည့် မြန်မာပြောင်းဆန်များ ဝယ်ယူမှု နည်းပါး၍ အခက်ကြုံ
ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေသည့် မြန်မာ့ပြောင်းဆန်များ လတ်တ လောဝယ်ယူမှု နည်းပါ၍ အခက်ကြုံနေရကြောင်း ကုန်သည်များထံမှ သိရသည်။
ထိုင်းနိုင်ငံ၏ တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သော အားဖြင့် နှစ်စဉ် ထိုင်းနိုင်ငံတွင် ပြောင်းထွက်ရာသီဖြစ်သည့် ဖေဖော်ဝါရီမှ သြဂုတ်လအထိသာ တင်ပို့ခွင့်ပြုထားပြီး ယင်းလများ ကျော်ပါက အခွန်ပေးဆောင်ရသည်။
လက်ရှိတွင် ပြောင်းဆန် ၁၅ ကီလိုတစ်ပုံးလျှင် ယခင်ထိုင်းဘတ်ငွေ ၁၀၇ ဘတ်ခန့်အထိ ရှိသော်လည်း ၁၁၇ ဘတ်အထိ စျေးတက်သွားပြီး သယ်ယူပို့ဆောင်ရေး ကားခများလည်း စျေးတက်လာကြောင်း ဉီးအောင်မြင့်ဉီးက ပြောသည်။
မတ်လအတွင်းကလည်း ထိုင်းဘတ်ငွေ မတည်ငြိမ်မှုများကြောင့် ပြောင်းဆန်တင်ပို့နေသည့် ကုန်သည် ၂၀ ခန့်မှ ကားတစ်စီးလျှင် ၅ သိန်းမှ ၇ သိန်းခန့်အထိ အရှုံးပေါ်ခဲ့သည်။
https://Myanmar.mmtimes.com/news/138725.html
190
29/04/2020MyanmarTradeပိုးမွှားကင်းစင်ကြောင်း လက်မှတ်မရရှိသေးသည့်အတွက် မြန်မာဆန်အိတ် 130000 ကျော် နယ်စပ်တွင် သောင်တင်နေ
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် မူဆယ်မြို့ရှိ ဂိုထောင်များတွင် မြန်မာ့စိုက်ပျိုးရေးမှ ပိုးမွှားကင်းစင်ကြောင်း လက်မှတ်မရရှိသေး သည့်အတွက် မြန်မာ့ဆန်အိတ် တစ်သိန်းသုံးသောင်းကျော် သောင် တင်နေပြီး အရောင်းအဝယ် ရပ်ဆိုင်းနေကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်မှ သတင်းရရှိသည်။
ပိုးမွှားကင်းစင်ကြောင်းလက်မှတ် ထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးဌာနက လိုအပ်သည့်အထောက်အထားများ တောင်းခံနေပြီး တစ်လကျော်ကြာ ထုတ်မပေးသေးသည့်အတွက် ကျယ်ဂေါင်မြို့တွင် မြန်မာဆန်အိတ် တစ်သိန်းကျော်နှင့် မူဆယ်မြို့တွင် ဆန်အိတ် သုံးသောင်း‌ကျော် သောင်တင်နေခြင်းဖြစ်ပြီး အရောင်းအဝယ် ရပ်ဆိုင်းနေခြင်း ဖြစ်သည်။
ယခုအခါ ချင်းသုံး (ရှင်းသီရိသုံး) ဆန်တစ်အိတ်ကို ယွမ် ၁၄၀ ၊ သုခဆန် တစ်အိတ်ကို ယွမ် ၁၃၅ ၊ ငစိန်ဆန် တစ်အိတ်ကို ယွမ် ၁၃၅ နှင့် ဆန်ကွဲ တစ်အိတ်ကို ၁၂၈ ယွမ် ရရှိနေကြောင်းသိရပြီး သကြားကို အရည်ကြိုစနစ်ဖြင့် တစ်ရက်လျှင် ကားအစီးရေ ၁၀ စီးခန့် တင်ပို့နေ ကြောင်းသိရသည်။
https://news-eleven.com/article/171349
201
01/05/2020MyanmarTradeCOVID-19 ကာလအတွင်း အွန်လိုင်းစနစ်ဖြင့် လိုင်စင်လျှောက်ထား ခွင့်ပြုနေပြီး ပို့ကုန်သွင်းကုန် ပစ္စည်းအမည်များ တိုးမြှင့်ခွင့်ပြုမည်
COVID-19 အရေးပေါ်ကာလအတွင်း အွန်လိုင်းစနစ်ဖြင့် လိုင်စင် လျှောက်ထားခွင့်ပြုနေပြီး လက်ရှိတွင်ပို့ကုန် H.S Line  ၈၈ လိုင်းနှင့် သွင်းကုန် H.S Line ၆၅၀ လိုင်း ခွင့်ပြုထားကာ ထပ်မံ၍ ပို့ကုန်သွင်းကုန် ပစ္စည်းအမည်များ တိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဧပြီ ၃၀ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများကို တစ်ဆင့်ပြီး တစ်ဆင့် Fully Online စနစ်ဖြင့်လျှောက်ထားရယူနိုင်ရေး တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် H.S Code 2017 Version အရ 10 digit ဖြင့် ပို့ကုန် H.S Line ၈၈ လိုင်းနှင့်သွင်းကုန် H.S Line ၆၅၀ လိုင်းတို့ ကို Fully Online Licensing စနစ်ဖြင့် www.myanmartradenet.com.mm တွင် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရယူနိုင်ကြောင်း နှင့် ထပ်မံ၍ ကုန်စည်လိုင်းများ တိုးမြှင့် ခွင့်ပြုမည်ဖြစ်ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဧပြီ ၃၀ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
https://news-eleven.com/article/171671
207
02/05/2020MyanmarTradeကျယ်ဂေါင်တွင် ပိတ်မိနေသော ဆန်တန်ချိန်ငါးထောင်အတွက် တရုတ်သံရုံးတာဝန်ရှိသူများနှင့် ညှိနှိုင်းမည်
ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက်တိကျစွာမတင်ပြနိုင်သဖြင့် ကျယ်ဂေါင်တွင် ပိတ်မိနေသော မြန်မာဆန်တန်ငါးထောင်အတွက် မြန်မာနိင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေး၊ လယ်ယာစိုက် ပျိုးရေးသံမှူးတို့နှင့် ညှိနှိုင်းဆွေးနွေးမည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောသည်။
၂၀၁၉ က တရုတ်အစိုးရနှင့် မြန်မာအစိုးရ ညှိနှိုင်းပြီး အပင်ပိုးမွှားနှင့် ရောဂါကင်းရှင်းရေး ထောက်ခံချက်ပေးရန် ဆန်သိုလှောင်ရုံများကို စစ် ဆေးအတည်ပြုပေးခဲ့သည်။ စစ်ဆေးမှုအရ ကုမ္ပဏီ ၄၃ ခု၏ ဆန်စက် နှင့်သိုလှောင်ရုံများသည်တရုတ်သို့ဆန်တင်ပို့ရန်ခွင့်ပြုချက်ရရှိခဲ့သည်။
ကျယ်ဂေါင်တွင် ပိတ်မိနေသော ဆန်အိတ်ရေ တစ်သိန်းသည် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှထောက်ခံချက်ဖြင့် တင်ပို့ခဲ့ခြင်းကြောင့်ကျယ်ဂေါင် ရှိဂိုဒေါင်အတွင်းမှ ထုတ်ရောင်း၍ မရသေးခြင်းဖြစ်ကြောင်း မူဆယ် ဆန်ကုန်စည်ဒိုင်မှ ဦးမင်းသိန်းကပြောသည်။
တရုတ်အစိုးရ၏ ဆန်တင်သွင်းမှု မူဝါဒအပြောင်းအလဲကို လိုက်ပါ နိုင်ရန် မြန်မာ့ဆန်စပါးကဏ္ဍတွင် ရေရှည်မူဝါဒအပြောင်းအလဲများ ပြုလုပ်ရမည်ဟု ဦးရဲမင်းအောင်က ဆိုသည်။
https://7day.news/detail?id=185073&fbclid=IwAR3pzBmeBBw23Yj8Fw0dHIdEf3xRZMPHmJaG87o-Ivs-UivcJ526AiQ27CI
211
03/05/2020MyanmarTradeမတ်ပဲတင်သွင်းခွင့်ကာလကို မေလကုန်ထိ အိန္ဒိယက သက်တမ်းထပ်တိုးပေး
အိန္ဒိယနိုင်ငံက ဒီဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် နှစ်သိန်းခွဲ တင်သွင်းခွင့်ကာလကို တိုးမြှင့်ပေးလိုက်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ကနဦးကတော့ မြန်မာကနေ အိန္ဒိယကို မတ်ပဲ တင်ပို့ဖို့ကို တန်ချိန် ၁ သိန်းခွဲပဲ ရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ နှစ်ကုန်ပိုင်းမှာတော့ တန်ချိန် နှစ်သိန်းခွဲအထိ တိုးမြှင့်တင်ပို့ဖို့ ကြေညာခဲ့တာပါ။
သက်တမ်းတိုးမြှင့်ပေးတာဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် သတ်မှတ်ကာလအတွင်း အချိန်မီတင်သွင်းဖို့ အခက်အခဲရှိကြောင်း မေတ္တာရပ်ခံတောင်းဆိုမှုတွေ ရှိလာတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၀ ဧပြီ မှ ၂၀၂၁ မတ်လအတွင်း အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် လေးသိန်း တင်သွင်းဖို့ ဖိတ်ခေါ်ထားတာပါ။
လက်ရှိ ပြည်တွင်းဈေးကွက်မှာတော့ မတ်ပဲတစ်တန် ကျပ် ၉၇၀,၀၀၀ ဝန်းကျင်ရှိနေတာလည်း ဖြစ်ပါတယ်။
https://www.youtube.com/watch?v=Bf5cv2YLgzA
212
03/05/2020MyanmarTradeပို့ကုန်ပမာဏကုန်သွယ်ရေးလိုငွေကျဆင်းလာပြီး ပို့ကုန်ပမာဏတိုးဖို့ မျှော်မှန်းထား
ပြီးခဲ့တဲ့ ၂၀၁၉-၁၈ ဘဏ္ဍာနှစ်အတွင်းမှာ ကုန်သွယ်မှု လိုငွေဟာကန် ဒေါ်လာ ၂ ဘီလီယံနီးပါး ကျဆင်းလာတယ်လို့ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတွေ တိုးတက်လာတဲ့အတွက် ပို့ကုန်မှာ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ဖို့ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် ကတော့ ကန်ဒေါ်လာ ၁၆ ဘီလီယံ ဝန်းကျင်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယခု ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာဆန်တန်ချိန် ၂ ဒဿမ ၅ သန်းခန့် တင်ပို့နိုင်မယ့် အခြေအနေရှိပြီး ပြောင်းသီးနှံကိုလည်း ၁ ဒဿမ ၁ သန်းကျော် တင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ပို့ကုန်ကို အဓိကမြှင့်တင်နိုင်ဖို့အတွက် အမျိုးသားပို့ ကုန်မဟာဗျူဟာစီမံကိန်းကိုရေးဆွဲဆောင်ရွက်နေတယ်လို့သိရ။
ဒီမဟာဗျူဟာမှာတော့ ဦးစားပေးကဏ္ဍအဖြစ် ဆန်စပါး၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ၊ ရေထွက်ကုန်၊ သစ်တောထွက်ကုန်နဲ့ အထည်ချုပ်လုပ် ငန်းတွေ ပါဝင်ပါတယ်။
https://www.facebook.com/7DayOnlineTV/videos/236383220772781/UzpfSTEwMzg2NTc3MzAwODM5OTozMjQzNTQxMzM5MDQwODEx/
213
03/05/2020MyanmarTradeCOVID-19 ကြောင့် အီးယူမှာယူမှုပျက်သည့် ရေထွက်ကုန်ကဏ္ဍ
မြန်မာ့ရေထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် အီးယူမှာယူမှုရပ်ခြင်း၊ မှာယူမှုဖျက်ခြင်း နှင့် ရေထွက်အရောင်းအဝယ်ရပ်နေပြီး ပြည်တွင်း ငါးဖမ်းရာသီမပြောင်းလဲပါက ရေထွက်ကုန်ကဏ္ဍ အကြီးအကျယ် ကျဆုံးမည့်နှစ်ဖြစ်လာမည်ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ပြုပြင် ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်း၊ အတွင်းရေးမှူး ဦးမျိုးညွှန့် က ပြောသည်။
ရေထွက်ကုန်တင်ပို့မှု ရပ်နေတယ်။ ဘယ်မှ ပို့လို့မရဘူး။ အကုန်လုံး Order တွေ Cancel ဖြစ်သွားတယ်။ အနောက်နိုင်ငံတွေကလည်း အကုန်လုံး lockdown ဖြစ်နေတော့ အကုန်လုံး order မရှိဘူး။ ရှိတဲ့ orderတောင် ရပ်သွားတာ ဟု ၎င်းက မြန်မာတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုကို အနောက်နိုင်ငံများနှင့် အီးယူ စျေးကွက်သို့ အဓိက တင်ပို့နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှု စျေးကွက်မှာ အနည်းငယ်သာရှိသည်။
COVID-19သည် အီးယူအပါဝင် ကမ္ဘာ့နိုင်ငံအများစုသို့ ပျံ့နှံနေခြင်း ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးစီးဆင်းမှုအပေါ် ရိုက်ခက်လာခဲ့ပြီး COVID-19 ရောဂါသက်ရောက်ခံရသော နိုင်ငံများတွင် lockdown ချ သည့် အခြေအနေများလည်းရှိသည်။
https://myanmar.mmtimes.com/news/138830.html
217
03/05/2020MyanmarTradeဆန်စပါးအသင်းချုပ်၏ ပြည်ပပို့ဆန်ခွဲတမ်းချမှု မမျှတခြင်းကြောင့် လုပ်ကွက်ငယ်ဆန်စက်နှင့် ဆန်တင်ပို့သူအများစု အခက်ကြုံနေ
Covid 19 ကြောင့် ပြည်တွင်း ဆန်စားသုံးမှုဖူလုံရေး ထိခိုက်မှုမရှိစေဖို့ နိုင်ငံတော် အစိုးရက ပြည်ပသို့ ဆန်တင်ပို့မှုကို ကန့်သတ်လိုက်ပြီး ဆန်တန်ချိန် တစ်သိန်းကနေ တစ်သိန်းခွဲကြားကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြုတော့မှာဖြစ်ပါသည်။
Covid 19 ဂယက်ကြောင့် ပြည်ပဆန်ပို့တဲ့ကိစ္စရပ်ကို စီးပွား၊ ကူးသန်း ဝန်ကြီးဌာနက အများသူငါအကျိုးငှာ တန်ချိန်ကန့်သတ်လိုက်ပြီး နောက်ခွဲတမ်းကို ဆန်စပါးအသင်းချုပ်ထံ ပေးရာကနေ ဖြစ်ပေါ်လာ တဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေလို့ ဆန်တင်ပို့ခွင့် ခွဲတမ်းလုံး၀ မရခဲ့တဲ့ ဆန်ကုမ္ပဏီတစ်ခုက ပြောသည်။
“ဆန်တင်ပို့မှု ခွဲတမ်းမရတဲ့ သူတွေဆိုရင် အခုဆို အတော်လေးအခက် တွေ့နေပြီး မှီခိုနေတဲ့ လုပ်သားမိသားစုတွေအပေါ်ပါ ရိုက်ခတ်မှုတွေရှိ လာပြီ။ ကိုဗစ် ၁၉ က ကုန်သည်အားလုံးကို ထိခိုက်တာ မှန်ပေမယ့် လုပ်ကွက်ငယ်တွေက ပိုထိခိုက်တာပါ” လို့ သူကဆက်ပြောပါတယ်။
ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်းကတော့ ဆန်တင်ပို့တဲ့ကိစ္စ နဲ့ပတ်သက်ပြီး ပြည်ပဆန်တင်ပို့သူတွေကို အစည်းအဝေးခေါ်တယ် လို့ပြောပါတယ်။ “ခွဲတမ်းအများရတဲ့သူ၊အနည်းရတဲ့သူ ဒါတွေကတော့ ခွဲတမ်းပေါ်မူတည်ပြီး မကျေမနပ်ဖြစ်ကြမှာပဲ" လို့ ပြောပါတယ်။
https://www.facebook.com/MyanmarHarpMedia/photos/a.714513532219404/1148590042145082/?type=3&theater
224
04/05/2020MyanmarTradeယခု ရက်ပိုင်းတွင် တရုတ်ဘက်မှ ငရုတ်သီးအစို ဝယ်ယူမှုကြောင့် စျေးကောင်းရလာ
COVID-19 ကြောင့် ပြည်ပတင်ပို့မှု ရပ်နားထားရာမှ ဧပြီ ၂၈ ရက်မှစ၍ တရုတ်ဘက်မှ ပြည်တွင်းမှထွက်ရှိသော ငရုတ်သီးအစိုများကို စတင် ဝယ်ယူနေသဖြင့် စျေးကောင်းရရှိနေကြောင်း ငရုပ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာကျော်က ပြော သည်။
ငရုတ်သီးအစို လက်ရှိပေါက်စျေးမှာ တစ်ပိဿလျှင် ၁၇၀၀-၁၈၀၀ ကျပ်ဖြစ်၍ ယခင်နှစ်ကုန်ပိုင်းကထက် တစ်ပိဿလျှင် ၉၀၀ ကျပ်ဝန်း ကျင် စျေးမြင့်တက်လာကြောင်း၊ မန္တလေးတိုင်းအတွင်း ကျောက်ဆည်၊ မြစ်သားမြို့နယ်များနှင့် အခြားမြို့နယ်များမှ တစ်ရက်လျှင် ငရုတ်အစို တန်ချိန် ၂၀၀ ဝန်းကျင်ထွက်ရှိကြောင်းသိရသည်။
၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံမှ ထွက်သော ငရုတ်သီးအစို (အနီ) များကို ဗီယက်နမ်နှင့် မလေးရှားနိုင်ငံသို့ တင်ပိုခဲ့သော်လည်း ပြည်တွင်းမှ ထွက်ရှိမှုနှုန်းနည်းပါးသဖြင့် ၂၀၁၉ အောက်တိုဘာတွင် တင်ပို့မှု ရပ်တန့်လိုက်ရကြောင်း၊ ငရုတ်သီးအစိုမှာ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ အများဆုံးထွက်ရှိ၍ လက်ရှိတွင် တရုတ်မှ ဝယ်ယူမှုကြောင့် ပြည်ပတင်ပို့မှု ပြန်လည်စတင်နေပြီ ဖြစ်ကြောင်း သိရသည်။
https://myanmar.mmtimes.com/news/138876.html
225
04/05/2020MyanmarTradeအရန်ဆန်ရောင်းချလိုသူအနေဖြင့် စီးပွား/ကူးသန်းသို့ ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၂၁၆၀၀ နှုန်းဖြင့် အကန့်အသတ်မရှိရောင်းချနိုင်
ပြည်ပသို့ဆန်တင်ပို့နေသူ Exporter မဟုတ်သော်လည်း အရန်ဆန်ကို ရောင်းချလိုသော စက်ပိုင်၊ ကုန်သည်၊ အဖွဲ့အစည်းများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ကျပ် ၂၁၆၀၀ နှုန်းဖြင့် အနည်းဆုံး အိတ်ရေ ၂၀၀၀ မှစ၍ ပမာဏ အကန့်အသတ်မရှိ ရောင်းချနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
COVID-19 ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ တောင်သူများဝင်ငွေတိုးတက်ရရှိရေး၊ ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် ဆန်နှင့်ဆန်ကွဲတင်ပို့ခွင့် လိုင်စင်ရရှိထားသူများ အနေဖြင့် ပြည်ပတင်ပို့သည့် ပမာဏအထောက်အထား ပို့ကုန် ကြေညာလွှာတွင် ဖော်ပြထားသည့် ပမာဏ၏၁၀ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ရောင်းချပေးရမည်ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
https://news-eleven.com/article/172103
228
05/05/2020MyanmarTradeCOVID-19 ကန့်သတ်မှုများကြောင့် သကြားစျေးကွက် အကျဘက် ဦးတည်

COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်မှုများကြောင့် သကြားကို ပြည်တွင်းသုံးစွဲသူနည်းပါးခြင်း၊ ကမ္ဘာ့သကြားဈေးကွက် ကျဆင်းနေခြင်းနှင့် ပြည်တွင်းသကြား လက်ကျန်ရှိနေခြင်းအပြင် တရုတ်မှ ဝယ်လိုအားမရှိခြင်းတို့ကြောင့် သကြားဈေးကွက် အကျ ဘက်ဦးတည်နေကြောင်း သကြားလုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိကြုံတွေ့နေရသည့် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အစိုးရနှင့် ဒေသန္တရအမိန့်များအရ စားသောက်ဆိုင်များ ဖွင့်ခွင့်မရှိဘဲ ပါဆယ် စနစ်ရောင်းချစေခြင်း၊ပွဲလမ်းသဘင်များကျင်းပခွင့်မပြုခြင်းတို့ကြောင့် ပြည်တွင်း သကြားသုံးစွဲမှုလည်း ကျဆင်းလာမှုက သကြားဈေးကွက် အပေါ်သက်ရောက်စေသည်ဟုဆိုသည်။
ပြည်တွင်းထုတ်လုပ်သည့် သကြားဈေးကွက်တွင် ၂၀၂၀ ပြည့်နှစ်စ ပိုင်းက ပေါင်းသကြားတစ်ပိဿာ ၈၆၀-၈၈၀ ကျပ်ရှိပြီး ဖေဖော်ဝါရီလ ကုန်နှင့် မတ်လဆန်းပိုင်းတွင် ၉၀၀-၉၃၀ ကျပ်ထိ မြင့်တက်လာခဲ့ရာမှ ဧပြီလဆန်းပိုင်းမှစ၍ မေလ ၁ ရက်နေ့တွင် ၈၇၀-၈၈၀ ကျပ်၊ မေ ၄ ရက်နေ့တွင် ၈၅၀-၈၆၀ ကျပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
https://myanmar.mmtimes.com/news/138917.html
232
05/05/2020MyanmarTradeမူဆယ် နယ်စပ်ကုန်သွယ်ရေး၌ တရုတ်ယာဉ်မောင်း
မလုံလောက်၍ ပို့ကုန်တင်ပို့နိုင်မှု ကြန့်ကြာနေ
မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ကုန်တင်ယာဉ်မောင်း လုံလောက်စွာ မထားပေးခြင်းကြောင့် ပို့ကုန်များအချိန်မီတင်ပို့ နိုင်ခြင်းမရှိပဲ ကြန့်ကြာမှုများဖြစ်ပေါ်ကြောင်း မူဆယ်“နန်းခမ်းနယ် စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းနိုင်စိုးက မြန်မာတိုင်းမ်ကို ပြောသည်။
မန့်-ဝင်းဂိတ်တွင် ယာဉ်မောင်း အယောက် ၂ဝ ၊ ကျင့်စန်းကျော့ ဘက်တွင် အယောက် ၄ဝ သာ ထားပေးခြင်းဖြစ်ရာ မြန်မာဘက်က ပို့ကုန်တင်ကားများသည် ရာချီ၍သွားနေသည့်အတွက် အလျဉ်မမီ ဖြစ်ကာ အချိန်ကြန့်ကြာမှုဖြစ်ပေါ်ပြီး ရက်ကြာပြီးမှ တရုတ်ပြည်ထဲသို့ ကုန်စည်ယာဉ်များ ဝင်ရောက်ရသည်ဟု ၎င်းကဆိုသည်။
၁ဝ၅ မိုင်စစ်ဆေးပေးမှုသည် ကြန့်ကြာမှုမရှိသော်လည်း အဓိကမှာ တရုတ်ပြည်ထဲ ဝင်ရောက်ချိန်တွင် ကြန့်ကြာခြင်းကြောင့် လမ်းတွင် ကုန်ကားများ တန်းစီးဝင်နေရသည့်အတွက် ရက်ကြာမှုများ ဖြစ်ပေါ် ခဲ့ခြင်းဖြစ်ကြောင်း ၊စီးပွားကူးသန်းက အချိန်နှင့် တစ်ပြေးညီ သတင်း ယူ၍ တရုတ်ဘက်ရှိ ပြည်ပရေးရာဆက်ဆံရေး ဌာနသို့ နေ့စဉ် ညှိနှိုင်းနေကြောင်း သိရသည်။
https://myanmar.mmtimes.com/news/138908.html
233
05/05/2020MyanmarTradeCOVID-19 ကြောင့် စားဖိုဆောင်သီးနှံများနှင့် ခရမ်းချဉ်သီးများ စျေးနှုန်းကျနေပြီး အင်းလေးကျွန်းမျောစိုက်တောင်သူများ အရှုံးပေါ်
COVID-19 ကပ်ရောဂါကြောင့် ခရမ်းချဉ်သီး စျေးနှုန်းသည် (ပိဿာ ၃၀)တစ်တင်း လျှင် ကျပ်လေးထောင်အထိ စျေးနှုန်းကျဆင်းခဲ့ရပြီး၊ ယခင်ကစျေးကောင်းရချိန်တွင် တစ်တင်းလျှင် ကျပ်လေးသောင်းအထိ ရရှိကြောင်း သိရသည်။
ခရမ်းချဉ်းတစ်တင်းလျှင် ကျပ် ၄၀၀၀ သာ ရှိသဖြင့် တစ်ပိဿာ တစ်ရာကျပ်ကျော်ကျော်ခန့်သာ ရရှိနေသဖြင့် စိုက်တောင်သူများ အရင်းရှုံးပြီး လုပ်အားခမကျန်ရှိခြင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ ပြန်မဆပ်နိုင်တော့သဖြင့် ခြံရောင်းချရမည့်တောင်သူများလည်း ရှိနေ ကြောင်းသိရသည်။
အင်းလေးကန်တွင် ၂၀၁၀ ပြည့်နှစ်က စံချိန်တင် ရေခန်းခဲ့သဖြင့် ခရမ်းချဉ်သီးများဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ် တွင်လည်း စျေးနှုန်း ကျဆင်းခြင်း၊၂၀၁၈ခုနှစ်တွင်လည်း ရာသီဥတုဆိုးရွားခြင်း တောင်သူ များ ထိခိုက်နစ်နာမှု ကြုံခဲ့ဖူးကြောင်း သိရသည်။
အင်းလေးကန်တွင် ၈၀% သော လူဦးရေသည် ကျွန်းမျောစိုက်ပျိုး ခြင်းကို အဓိကလုပ်ကိုင်ကြပြီး ကျေးရွာတိုင်းတွင် ခရမ်းချဉ်သီး ကျွန်းမျောများ စိုက်ပျိုးကြပြီး၊ ရေပေါ်နှင့်ကုန်းပေါ်တို့တွင်လည်း စိုက်ပျိုးကြခြင်း ဖြစ်သည်။
https://news-eleven.com/article/172299
240
06/05/2020MyanmarTradeဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းအဝယ်ဈေးကွက် တည်ငြိမ်နေမြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုများ စတင်ဖြစ် ပေါ်ခဲ့သည့် မတ်နှင့် ဧပြီလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်း ခဲ့ရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းဝယ်သည့် ဈေးကွက်မှာ ပုံမှန်အတိုင်း အရောင်းအဝယ်များ ဆက်ရှိနေဆဲဖြစ်သည်ဟု Steel Mart အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ဒါရိုက်တာ ကိုနိုင်ဝင်းက ပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းဝယ်ရေး ဈေးကွက် သည် နှစ်စဉ် မတ်၊ ဧပြီနှင့် မေလတို့တွင် ရောင်းအား အကောင်းဆုံး ကာလများဖြစ်ပြီး ယခုနှစ်တွင် ကူးစက်ရောဂါ အန္တရာယ်ကြောင့် ဈေးကွက်ထိခိုက်မည်ကို စိတ်ပူခဲ့ရသော်လည်း ယခင်နှစ်များအတိုင်း အရောင်းအဝယ်ရှိနေဆဲ ဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
https://myanmar.mmtimes.com/news/138954.html
252
08/05/2020MyanmarTradeတရုတ်က ပြောင်းချိုတင်ပို့ခွင့်ထားခြင်းကြောင့် နေ့စဉ် တန် ၁၀၀ ခန့် စွန့်ပစ်နေရ
တရုတ်အစိုးရက နန်ခမ်း မူဆယ်တစ်လျှောက်ရှိ ဝင်ပေါက်များမှ ပြောင်းချို (သကြားပြောင်း) တင်ပို့မှုကို ပိတ်လိုက်သည့်အတွက် ပြောင်းဖူးများအား ရွှေလီမြစ်ထဲသို့ နေ့စဉ် တန် ၁ဝဝ ခန့် စွန့်ပစ် နေရပြီး တောင်သူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံ များက မြန်မာတိုင်းမ်ကို ပြောသည်။
ပြောင်းချိုတွေ သက်တမ်းက ၃ ရက်ပဲခံတာ။ ခူးပြီး ဝင်မရတဲ့အတွက် ရွှေလီမြစ်ထဲသွန်ချကြတာ''ဟု မူဆယ်သစ်သီးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောသည်။
တရုတ်အာဏာပိုင်များက COVID အကြောင်းပြ၍ " မြန်မာ- တရုတ် နယ်နိမိတ်ချိတ်ဆက် ဧရိယာထဲရှိ နယ်စပ်မျဉ်းဖြတ်သန်းသွားသော ရှမ်းရွာများရှိ တောင်သူများ၏ စိုက်ပျိုးသော သကြား ပြောင်းများအား တရုတ်ပြည်ထဲသို့ တင်ပို့မှု ပိတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်စစ်တပ်နှင့် ရဲက ဧပြီလ ၂၄ ရက်မှ ပြောင်းဖူးတင် ထော်လာဂျီ ကားများကို တစ်ရက်လျှင် အစီး ၂ဝ ၊၃ဝ ခန့်စတင် ဖမ်းဆီးခဲ့ပြီး ယခု ရက်ပိုင်းအတွင်း ဖမ်းဆီးမှု ပိုများလာကာ ပြောင်းဖူးတင်ပို့မှု ဝင်ရောက် ခွင့် လုံးဝပိတ်ခဲ့ခြင်းဖြစ်သည်ဟု နန်းခမ်းဒေသခံ က ပြောသည်။
https://myanmar.mmtimes.com/news/139009.html
255
08/05/2020MyanmarTradeလေဆိပ်၌ ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်များ ဆက်လက် ပျံသန်းပြေးဆွဲနေ
မြန်မာနိုင်ငံ၏ အဓိကလေကြောင်း ဝင်ထွက်ပေါက်ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတကာ လေကြောင်းပျံသန်း ပြေးဆွဲမှု ဆိုင်းငံ့ထားချိန်မှစ၍ ယနေ့အထိ မြန်မာအမျိုးသားလေ ကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းတို့ အပါအဝင် ပြည်ပလေကြောင်းလိုင်းအသီးသီးမှ ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အထူးခရီးစဉ် စုစုပေါင်း ၈၁ ခု ပျံသန်း ပြေးဆွဲပေးခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်များသည် နိုင်ငံတစ်ဝန်း လိုအပ်နေသော ဆေးဝါးဆိုင် ရာထောက်ပံ့မှုများကို ပြုလုပ်ပေးနိုင်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ရာတွင် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ် ရေး လေယာဉ်များစေလွှတ်ရာတွင် နိုင်ငံအလိုက် ပြည်ဝင်ခွင့် ကန့်သတ်ချက်များကြောင့် သက်ဆိုင်ရာနိုင်ငံနှင့် မြန်မာအစိုးရတို့ ပူးပေါင်းချိတ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
https://www.moi.gov.mm/?q=node/36241
256
08/05/2020SagaingTradeလိုက်ချီးသီး အထွက်များသော်လည်း စျေးကွက်မရှိ၍ စိုက်ပျိုးသူ နှင့်ရောင်းသူများ အခက်ကြုံ
ကလေးဒေသတွင် လိုက်ချီးသီးများ အထွက်များနေသော်လည်း ရောင်းသူဝယ်သူ နည်းပါးနေသည့်အတွက် စိုက်ပျိုးသူများနှင့် ရောင်းဝယ်သူများ အခက်အခဲရှိနေကြောင်း လိုက်ချီးသီးစိုက်ပျိုး ရောင်းဝယ်သူ ကိုနေထွန်းလင်းက ပြောသည်။
ကလေးဒေသတွင် လိုက်ချီးသီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှု များပြားပြီး ထွက်ရှိလာသည့် လိုက်ချီးသီးများကို ချင်းပြည်နယ် သို့လည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်နှင့် မဏိပူရပြည်နယ် များသို့လည်းကောင်း၊ ချင်းတွင်းအထက်ပိုင်းမြို့များသို့လည်းကောင်း နှစ်စဉ်တင်ပို့ ရောင်းချမှုများရှိရာ ယခုနှစ်တွင် COVID-19 ရောဂါ ကြောင့် ရောင်းဝယ်မှုကို ရပ်ဆိုင်းထားရကြောင်း သိရသည်။
ကလေးဒေသ လိုက်ချီးသီးပေါ်ချိန်သည် မိုးဦးကာလ မေလတစ်လလုံး ဖြစ်သည်။ လိုက်ချီးသီးသည် အပင်မှခူးဆွတ်ချိန်၌ မိုးရွာသွန်းပါက အချိုဓာတ်ပိုမိုရရှိကြောင်း သိရသည်။ မိုးဓာတ်မရသောလိုက်ချီးသီးမှာ အချဉ်ဓာတ်များသည်ဟုပြောသည်။ ပြီးခဲ့သည့်နှစ်က လိုက်ချီးသီး ပေါ်ချိန်တွင် အပင်ပြတ်ဝယ်ယူမှုရှိပြီး မြန်မာအိန္ဒိယနယ်စပ်ဈေးသို့ သွားရောက်ရောင်းချလေ့ရှိကြောင်း သိရသည်။
https://myanmar.mmtimes.com/news/139019.html
258
08/05/2020MyanmarTradeလက်ရှိဘဏ္ဍာနှစ် ၇ လခန့်တွင် အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၂.၅ ဘီလျံကျော်ရရှိထား
လက်ရှိဘဏ္ဍာနှစ် ခုနစ်လခန့်တွင် ပြည်ပသို့အထည်ချုပ် (ချုပ်ပြီး အထည်) တင်ပို့မှုမှ ဒေါ်လာ၂ ဒသမ ၅ ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ သန်း ၁၂၀ ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP စနစ်ဖြင့် လုပ်ဆောင် နေခြင်းဖြစ်ပြီး ပြည်တွင်း CMP လုပ်ငန်းများ၌ အထည်ချုပ်လုပ်ငန်း သည် အများဆုံးဖြစ်သည်။
လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်း အနက် ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
https://news-eleven.com/article/172532?fbclid=IwAR39GiOGib8JiK2RT35HVwKikWFQ6XgUfFi-f9aYPuxNP7ZtCWra-Bkhi7U
263
09/05/2020MyanmarTradeအိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များ မေလကုန်ထိ ပိတ်မည်
COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ ညွှန်ကြားချက်အရ မြန်မာ- အိန္ဒိယနယ်စပ် ကုန်သွယ်ရေး ဂိတ်များဖြစ်သည့် တမူး- မိုးရေးဂိတ်နှင့် ချင်းပြည်နယ် ရိဒ်နယ်စပ်ဂိတ် တို့ကို မေလကုန်ထိ တိုးမြှင့်ပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။
တမူးနယ်စပ်ကုန်သွယ်ရေးဇုန်သို့ ကလေးဘက်မှလည်း ကုန်သွယ်မှု လုပ်ကြသည့်အတွက် နေ့စဉ်လူဦးရေသောင်းဂဏန်းအထိ လာရောက် အလုပ်လုပ်ကိုင်ကြကြောင်း၊ မြန်မာဘက်မှ ကွမ်းသီးအဓိက တင်ပို့ပြီး အိန္ဒိယဘက်မှ လူသုံးကုန်၊ ပါတိတ် အစရှိသည်တို့ တင်သွင်းကြောင်း သိရသည်။
လက်ရှိတွင် ကုန်သွယ်ရေးဂိတ် ပိတ်ထားသည်မှာ ၂ လ နီးပါးရှိနေ သည့်အတွက် ကုန်သွယ်မှု ပမာဏမှာ ပျမ်းမျှ အမေရိကန် ဒေါ်လာ ၅ သန်းကျော် ဆုံးရူံးမှုရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
https://burma.irrawaddy.com/news/2020/05/09/222259.html
265
09/05/2020MyanmarTradeဂျပန်ကုမ္ပဏီက စိန်တစ်လုံးသရက် ဆက်လက်ဝယ်မည်ဖြစ်ပြီး နစ်နာသူများကို လျော်ကြေးပေးမည်
ရန်ကုန်မြို့၊ သီလဝါစက်မှူဇုန်တွင် သရက်သီးမှ စားသောက်ကုန် ထုတ်လုပ်မည့် ဂျပန်နိုင်ငံ YUKIOH (ယူခိအို) ကုမ္ပဏီသည် စိန်တစ်လုံးသရက်သီး တန်ချိန် ၁၂၀၀-ဝယ်ယူရန် သရက်တောင်သူ များနှင့် စာချုပ်ချုပ်ဆိုထားရာ မေ ၁၅ ရက်နောက်ပိုင်း၌ သရက်သီး များကို ဝယ်ယူမည်ဖြစ်ပြီး နစ်နာသူများအား လျော်ကြေးငွေ ပေးမည်ဟု ယင်းကုမ္ပဏီမှ ဒုတိယဒါရိုက်တာက ပြောသည်။ 
သရက်တောင်သူများထံမှ ဝယ်ယူမည်မဟုတ်ဟု သတင်းများပျံ့နှံ့ခဲ့ရာ မဟုတ်မှန်ဘဲ ဆက်လက်ဝယ်ယူပေးနိုင်ရန် တစ်ရက်လျင် သရက် ကုန်ကြမ်း ၅ တန်ထိ အသုံးပြုထုတ်လုပ်မည့် မန္တလေးမြို့၊ သဇင်နွယ် ကုန်ချောထုတ်စက်ရုံကို ငှားရမ်းထားပြီး မေ ၁၅ ရက်နောက်ပိုင်း လည်ပတ်နိုင်မည်ဟု ဆိုသည်။
တောင်သူတွေ မနစ်နာစေချင်လို့ ကြုံတွေ့ရတဲ့ ကပ်ဘေးကြောင့်လို့ ကြေညာလို့ရပေမယ့် ဝယ်ယူပါမယ်။မေ ၄ ရက်မှ ၁၅ ရက် အတွင်းချုပ်ထားတဲ့ တောင်သူတွေထံက သရက်သီးက စက်ရုံလည် ပတ်ချိန် မမီလို့ ဝယ်လို့မဖြစ်နိုင်တော့တဲ့အတွက် လျော်ကြေး ၅၀ရာခိုင်နှူန်းပေးဖို့ပါ”ဟု ၎င်းက ပြောသည်။
https://myanmar.mmtimes.com/news/139035.html
267
10/05/2020MyanmarTradeMyanmar fisheries sector nears collapse as orders tumble
Myanmar’s fisheries sector will face its largest loss in history if demand does not pick up very soon, said secretary of the Myanmar Fisheries Products Processors & Exporters Association (MPEA).
The EU and other western countries accounts for about 45 % of Myanmar’s fisheries exports, while China and Thailand account for the remaining 55 %.
The industry is now calling on the government for more aid. He said: “Agriculture and Fisheries are not in the government’s list of sectors most impacted by the virus and we have not received EU subsidies even though we contribute significantly to exports.”
Fisheries exports generate an average of US$700 million in revenue, according to the Ministry of Commerce. This includes border and maritime trade. Before COVID-19, the sector had been forecast to generate $750 million in export revenue in fiscal 2019-20.
https://www.mmtimes.com/news/myanmar-fisheries-sector-nears-collapse-orders-tumble.html?fbclid=IwAR1PIH80ObNZleYzzw2kqqzJ_jNrJ9tGJEclOx_xqsB0_uC0Vb-pUjLOLQQ
270
11/05/2020AyeyarwaddyTradeဝယ်လိုအားများ၍ ဧရာဝတီတိုင်း၌ စပါးဈေးကောင်း
ပြည်ပတင်ပို့ရန်နှင့် နိုင်ငံတော် အရန်ဆန် ဝယ်ယူသည့် အစီအစဉ် ကြောင့် ဆန်ဝယ်လိုအားများနေရာ ဧရာဝတီတိုင်းဒေသကြီး၌ နွေစပါး ဈေးနှုန်းမှာ အမြင့်ဈေးသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
ယမန်နှစ် နွေစပါးရာသီက တင်း ၁၀၀ လျှင် ငွေကျပ် ၄ သိန်း ၇ သောင်းဝန်းကျင်သာ ရှိခဲ့သဖြင့် လက်ရှိ ပေါက်ဈေးမှာ ယမန်နှစ်ထက် ကာလတူ ပေါက်ဈေးထက် အနည်းဆုံး ကျပ် ၁ သိန်း ပိုမို ဈေးမြင့် နေခြင်းဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် လူဦးရေ ၆ ဒသမ ၃ သန်းကျော် ရှိသည့်အနက် ၇၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်သည့် လူဦးရေ ၄ သန်းကျော်မှာ လယ်ယာ လုပ်ငန်းကို အဓိက အားထားလုပ်ကိုင်သည့် လယ်သမားမိသားစုများ ဖြစ်သည်။
တိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၆ ခု၌ မိုးစပါး စိုက်ဧကပေါင်း ၃ ဒသမ ၇ သန်းကျော် ရှိပြီး နွေစပါး စိုက်ဧက ၁ ဒသမ ၄ သန်းခန့် ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။
https://burma.irrawaddy.com/business/2020/05/11/222369.html?fbclid=IwAR0wrmywYRYQCdlRHxv00RT3kOicGObyKm9q0Ebfi-gmTTBfmz-G6TiTJJ8
279
12/05/2020MyanmarTradeကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုနှင့် စီးပွားရေးအခြေအနေများ ကုစားရေးနှင့် ပြန်လည်တုံ့ပြန်ရေး အစည်းအဝေးကျင်းပCoronavirus Disease 2019 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များ၊ COVID-19 Economic Relief Plan (CERP) နှင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်နေသည့် ကုန်သွယ်မှု အခြေအနေများ၊ ကိုဗစ်-၁၉ အလွန် ကာလ ကုန်သွယ်မှုနှင့်စီးပွားရေး ပြန်လည်တုံ့ပြန်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညွှန်ကြား ရေးမှူးအဆင့် အထက်အရာထမ်းများအား တွေ့ဆုံမှာကြားသည့် အခမ်းအနားကို ယနေ့နံနက်တွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒုတိယဝန်ကြီးက CERP တွင် ပါဝင်သည့် လုပ်ငန်းစဉ်များအနက် မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် Trade Facilitationကို အရှိန် အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ E-Commerce စနစ် ပီပီပြင်ပြင် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဆောင်ရွက်သွားရန်နှင့် စားသောက်ကုန် နှင့် ဆေးဝါးထုတ်လုပ်မှုကဏ္ဍတို့တွင် ပြည်တွင်းစွမ်းအားစုများ ထူထောင်ပြီး ထုတ်လုပ်မှုစွမ်းရည် မြင့်မားလာစေရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက် သွားရန်တို့ကို မှာကြားသည်။
https://www.moi.gov.mm/?q=node/36313
280
12/05/2020MyanmarTradeတရုတ် တင်ပို့ခွင့် ပိတ်သဖြင့် ရွှေလီမြစ်ထဲ ပြောင်းတန်ချိန် ရာနှင့်ချီ စွန့်ပစ်နေရ
တရုတ်အစိုးရမှ မြန်မာနိုင်ငံဘက်မှ ပြောင်း (သကြားပြောင်း) တင်ပို့ ခွင့်ကို ပိတ်ထားသဖြင့် နေ့စဉ်ပြောင်းတန်ချိန် ရာနှင့်ချီ၍ ရွှေလီမြစ် ထဲသို့ စွန့်ပစ်နေရကြောင်း ကုန်သည်များထံက သိရသည်။
မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌက “ပြောင်းဖူးတွေက တရုတ် ဘက်က ထွက်ပေါက်ပိတ်တော့ ရောင်းစရာမရှိတော့ဘူး။ ပစ်စရာ နေရာကလည်းရှားတော့ ရွှေလီမြစ်ထဲ သွားပစ် တာ။ နှစ်စဉ်တရုတ်ကို တန်ချိန် ၁ သိန်းလောက် သွားတယ်။ အခုက လုံးဝ သွားမရတာ။ နေ့စဉ် ပြောင်းတန်ချိန် လေးရာ၊ ငါးရာလောက်အဝင်ရှိပြီး တန် ၁ ရာလောက်ကတော့ နေ့စဉ်ပစ်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နယ်စပ်ဒေသတလျှောက်ရှိ ရှမ်းရွာများတွင် မြန်မာတောင်သူများမှာ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရပြီး ပြောင်းစိုက်ပျိုးမှုမှာ ဧက ၅ ထောင်ဝန်းကျင်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ကလည်း မြန်မာနိုင်ငံမှ နာနတ်သီးများကို တရုတ်က တင်ပို့ခွင့်ကို ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် တောင်သူများ ဆုံးရှုံး နစ်နာမှုများ ကြုံတွေ့ခဲ့ရသောကြောင့် တရုတ်သို့တင်ပို့မည့် သီးနှံများ ကို နှစ်နိုင်ငံတရားဝင် ရောင်းချနိုင်ရန် အစိုးရအနေဖြင့် ဆောင်ရွက် ပေးရန် လိုအပ်နေကြောင်းလည်း ကုန်သည်များက ပြောဆိုကြသည်။
https://burma.irrawaddy.com/news/2020/05/12/222395.html?fbclid=IwAR2yfnCuPpMSyhE6gjIss_UTNnzqS4ECoxm_mYhDeXgJRjE1OOu-x0GqYeo
287
13/05/2020MyanmarTradeCOVID-19 အကျပ်အတည်း ပူးပေါင်းဖြေရှင်းရန် နိုင်ငံတကာလုပ်ငန်းစုအချို့ ကတိပြု
မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)၊ အပြည်ပြည်ဆိုင်ရာ ချည်မျှင်၊ ကုန်ထုတ်၊ သတ္တုတွင်း၊ စွမ်းအင်နှင့် အထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IndustriALL)၊ H&M ၊ Bestseller ၊ Inditex ၊ Tchibo နှင့် Next နာမည်ကျော် ကုန်အမှတ်တံဆိပ်လုပ်ငန်းများနှင့် အဆိုပါအမှတ် တံဆိပ်များ၏ ထုတ်ကုန်များကို ချုပ်လုပ်ပေးနေသည့် စက်ရုံလုပ်ငန်း ရှင်များ ဆွေးနွေးညှိနှိုင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သတင်းထုတ်ပြန်ကြေညာချက်အရ အဆိုပါ ကုန်အမှတ်တံဆိပ် ၅ ခုကို ချုပ်လုပ်နေသည့် အထည်များအတွက် ချုပ်ခများ ဆက်လက် ပေးချေမည်ဖြစ်သဖြင့် အဆိုပါပစ္စည်းများကို ချုပ်လုပ်နေသော စက်ရုံပေါင်း ၁၃၀ ခန့်မှ အလုပ်သမား တသိန်းကျော်အနေဖြင့် လုပ်ခ လစာ၊ အလုပ်အကိုင်တည်မြဲမှု နှင့် ကျန်းမာသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်သွားနိုင်မည့် အခွင့်အလမ်းကို ရရှိမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံမှ သိရသည်။
https://burma.irrawaddy.com/news/2020/05/13/222500.html
293
13/05/2020ThanintharyiTradeCOVID-19 ကြောင့် မြိတ်ကျွန်းစုအတွင်းရှိ ကင်းမွန်စျေးကွက်များ ထိခိုက်ခဲ့
COVID-19 ဖြစ်လာသည်မှာ သုံးလကျော်လာပြီးနောက် မြိတ်ကျွန်းစု ထွက် ရေထွက်ကုန်များစွာမှာလည်း စျေးကွက်ထိခိုက်မှုများစွာ ဖြစ်နေ ခဲ့ရာ မကြာမီရာသီသိမ်းတော့မည့် ကင်းမွန်စျေးကွက်မှာလည်း ထိခိုက်မှုများကြောင့် ကြိုတင်ရပ်နားထားရသည့် လှေများလည်း ရှိလာ နေကြောင်း သိရသည်။
ထိုင်းနှင့် တရုတ်စျေးကိုသာ အဓိက အားထားလာရသည့် ကင်းမွန် စျေးကွက်မှာ ထိုင်းနိုင်ငံမှ ဝယ်ယူမှု ရပ်နားလိုက်သည့်အတွက် တရုတ် ဝယ်လက်များကိုသာ အားထားပြီး ရောင်းချနေရကြောင်း သိရသည်။
ကင်းမွန်စျေးနှုန်းများမှာ ထက်ဝက်ခန့် ကျဆင်းနေသော်လည်း တရုတ်မှပေးသည့် စျေးနှုန်းအတိုင်းသာ ထိုးရောင်းနေရကြောင်း သိရသည်။ ပြည်တွင်းစျေးကွက် မရှိသည့်အပြင် စီမံဆောင်ရွက် ထားမှုများလည်း မရှိသည့်အတွက် ရာသီချိန်မတိုင်မီ လှေများလည်း ကမ်းသို့ဝင်ကာ လုပ်ငန်းရပ်နားနေကြကြောင်း သိရသည်။
နှစ်စဉ် သီတင်းကျွတ်ကာလမှ မိုးရာသီမတိုင်မီထိ လုပ်ငန်းလုပ်ကိုင်ကြ သော ကင်းမွန်လှေများမှာ ယခုနှစ်တွင် သင်္ကြန်ကာလကတည်းက လုပ်ငန်းရပ်နားလိုက်သည့်လှေများ ရှိနေသည်။
https://news-eleven.com/article/173519
310
17/05/2020MyanmarTradeCovid-19 ဂယက်ကြောင့် လိုအပ်ချက်ရှိနေသည့် ကြက်သား ပေါက် ကိုးသိန်းကျော် ပြည်ပမှ တင်သွင်းခွင့်ပြု
Covid-19 ဂယက်ကြောင့် ပြည်တွင်းမှ လိုအပ်ချက်ဖြစ်ပေါ်နေသည့် ကြက်သားပေါက် အကောင်ရေ ကိုးသိန်းကျော်အား ပြည်ပမှတင်သွင်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်(မန္တလေး) မှ ဥက္ကဋ္ဌ ဒေါက်တာကျော်ထင် က ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်း အဖွဲ့ချူပ်၊ မျိုးခြံပေါက်စက်လုပ်ငန်းရှင်များ၊ တင်သွင်းသူများက အစည်းအဝေး ပြုလုပ်ပြီး ကြက်သားပေါက်တင်သွင်းခြင်းကို မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့အထိ တင်သွင်းခွင့် ပြုထားခြင်းဖြစ်သည်။
ပြည်တွင်းကြက်သားပေါက် လုပ်ငန်းရှင်တွေက ကိုဗစ်ကြောင့် ထုတ်လုပ်မှုက အရင်ကထက် လျော့ကျသွားတယ်။ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာက ဇွန်လ ၁၅ ရက်နောက်ပိုင်းမှာ ဖြစ်မှာဆိုတော့ အဲဒီချိန်မရောက်ခင်တစ်လကို ကြက်သားပေါက် တင်သွင်းခွင့် ပြုထားတယ် " ဟုပြောသည်။
ဧပြီလနှင့် မေလကုန်ခန့်အထိ ပုံမှန်ထုတ်လုပ်မှုထက် ၅၀ ရာခိုင်နှုန်း ခန့်လျှော့ချခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ပြည်တွင်းမှ လိုအပ်နေ သည့် ကြက်သားပေါက် ၉၂၀,ဝ၀ဝ အား ပြည်ပမှ တင်သွင်းခွင့်ပြုထား ကြောင်း ၄င်းက ပြောသည်။
https://myanmar.mmtimes.com/news/139293.html
315
17/05/2020MyanmarTradeCOVID-19 ရောဂါကြောင့် သရက်စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှာ စျေးကွက်ကျဆင်းမှုနှင့် ကြုံတွေ့နေရ
ယခုနှစ် သရက်သီးရာသီချိန်တွင် သရက်စိုက်တောင်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ရာတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ခက်ခဲနေသည့်အပြင် သရက်သီးစျေးနှုန်းများကျဆင်းမှုနှင့် ကြုံတွေ့နေရသဖြင့် စျေးကွက် ကောင်းမွန်မှုမရှိကြောင်း၊ မြန်မာ့စိန်တစ်လုံး သရက်သီးများကို အနှစ်ထုတ်ယူ၍ ဂျပန်နိုင်ငံသို့ တင်ပို့ရန်စီစဉ်ခဲ့ သော်လည်း လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် သရက်စိုက်တောင်သူများ အနေဖြင့် သရက်စျေးကွက်အတွင်း သရက်သီးအနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်၍ တွဲဖက်ရောင်းချနိုင်ရန် ကြိုးစားလုပ်ဆောင် သင့်ကြောင်း မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
သရက်သီးထွက်ရှိချိန်တွင် ကိုဗစ်-၁၉ ကြောင့် တရုတ်စျေးကွက်သို့ အလုံးလိုက် တင်ပို့နိုင်မှု အခက်အခဲဖြစ်ပေါ်ခဲ့သလို တရုတ်စျေးကွက် တစ်ခုတည်းကိုသာ အားကိုးမရတော့သဖြင့် သရက်သီးတင်ပို့ ရောင်းချ သူများမှ စျေးကွက်အသစ်များ ရှာဖွေနေကြရကြောင်း သိရသည်။
https://news-eleven.com/article/173828
327
19/05/2020MyanmarTradeကုန်ပစ္စည်းဈေးနှုန်း ပြန်မစစ်ဆေးဘဲ ပို့ကုန်၊ သွင်းကုန်လိုင်စင် ပြန်လည်ခွင့်ပြုမည်
ကုန်ပစ္စည်းများကို ဈေးနှုန်းပြန်လည်စစ်ဆေးခြင်းမပြုဘဲ ပို့ကုန်၊ သွင်းကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်သည်။
လုပ်ငန်းရှင်များ လုပ်ထုံးလုပ်နည်းများကို လိုက်နာရာတွင်ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန်နှင့် လုပ်ငန်းစဉ်များ ရောထွေးမှုမဖြစ်စေရန် အတွက်ဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။
ရှမ်းပြည်နယ် ဒေသထွက် ကုန်စိမ်းများကို ရန်ကုန်၊ နေပြည်တော်၊ တောင်ငူ၊ ပဲခူး၊ မန္တလေး ဈေးကွက်များသို့ နေ့စဉ် ယာဉ် အစီးရေ ၁၀၀ ကျော်ဖြင့် တင်ပို့ လျက်ရှိသည်။
လုပ်ငန်းရှင်များသည် အခွန်တိမ်းရှောင်ရန် ရည်ရွယ်၍ ကုန်ပစ္စည်း ဈေးနှုန်းနှင့် တန်ဖိုးများကို မမှန်မကန်ပြုလုပ်၍ တင်ပြခဲ့ကြ၍ ကုန်ပစ္စည်းများကို ဈေးနှုန်းပြန်လည်စိစစ်သည့် လုပ်ငန်းစဉ်ကို ကျင့်သုံးသွားမည်ဟု ဝန်ကြီးဌာနက ၂၀၁၇ ဇွန်လတွင် ထုတ်ပြန်ခဲ့ သည်။ ယခုအခါ ထိုသို့ပြန်လည် စစ်ဆေးမည့်လုပ်ငန်းစဉ်ကို ပြန် ဖျက်လိုက်ခြင်းဖြစ်သည်။
https://7day.news/detail?id=186404
328
19/05/2020MyanmarTradeအီးယူအဖွဲ့ဝင်နိုင်ငံများက ချုပ်ထည်အမှာအတွက် စုံစမ်းမှုများ စတင်လာဟုဆို
COVID-19 ရောဂါကြောင့် တားမြစ်ထားသော အသွားအလာကန့်သတ် မှု(Lockdown)များ ဖြေလျှော့လိုက်သောကြောင့် ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့ဝင်နိုင်ငံများက ချုပ်ထည်အမှာပေးရန် စုံစမ်းမှုများ စတင် လုပ်ဆောင်လာကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဦးမြင့်စိုးက ပြောသည်။
ဥရောပဈေးကွက်မှ ချိတ်ဆက်မှု ပြန်စတင်ရန် ခြေလှမ်းပြင်ဆင်မှုက မြန်မာအထည်ချုပ်လောကနှင့် အလုပ်သမားခြောက်သိန်းခန့်အတွက် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်သည်ဟု လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ် စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိ ဥရောပဈေးကွက်၏  စုံစမ်းမှုများ ရရှိလာသကဲ့သို့ လာမည့် ဇွန်လတွင် ချုပ်ထည်အမှာများ ရရှိနိုင်သည်ဟု ဦးမြင့်စိုးက ခန့်မှန်းသည်။ COVID-19 ရောဂါမဖြစ်မီ မြန်မာနိုင်ငံ၏ အထည်ချုပ် ကဏ္ဍတွင် ဥရောပဈေးကွက်က ၆၅ ရာခိုင်နှုန်းအထိ ဈေးကွက် ဝေစုရယူထားသည်။ မြန်မာနိုင်ငံတွင် အထည်အဖြစ်ချုပ်ပြီး ပြည်ပတင်ပို့နေသည့် အထည် ၁၀၀ တွင် ၆၅ ထည်က  ဥရောပနိုင်ငံ များအတွက် ဖြစ်သည်။
https://7day.news/detail?id=186453
329
19/05/2020MyanmarTradeCOVID-19 ကြောင့် ပြည်ပမှ ကားတင်သွင်းရန် လိုင်စင်လျှောက် ထားမှု စီးရေအနည်းငယ်သာရှိတကမ္ဘာလုံး ဖြစ်ပေါ်နေသည့် COVID-19 ကြောင့် ကားတင်သင်္ဘော များ မထွက်၍ ပြည်ပမှကားတင်သွင်းရန် လိုင်စင်လျှောက်ထားမှု မတ်လမှစတင်၍ နည်းပါးလာခဲ့ရာ ကားလိုင်စင် ပါမစ်လျှောက်ထား သည့်စီးရေ အနည်းငယ်သာရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ မေ ၁၉ ရက်တွင် သိရသည်။
ယခင်လများက ပြည်ပနိုင်ငံမှ ကားတင်သွင်းရန်အတွက် လိုင်စင်ပါမစ် လျှောက်ထားမှု တစ်လလျှင် အစောင်ရေ ၈၀ မှ ရာဂဏန်းအထိ များပြားခဲ့သော်လည်း ကိုဗစ်စတင်ဖြစ်ပေါ်ချိန် မတ်လ၊ ဧပြီလနှင့် မေလများတွင် ကားတင်သွင်းခွင့် လိုင်စင်ပါမစ်လျှောက်ထားမှု လျော့ နည်းလာခဲ့ပြီး တစ်လလျှင် ပါမစ်အစောင်ရေ ဆယ်ဂဏန်းဝန်းကျင် လောက်သာ ရှိနေသည်။
နိုင်ငံတကာမှာဖြစ်ပွားနေတဲ့ ကိုဗစ်ကြောင့် ကားတင်သွင်းတဲ့ လိုင်စင် လျှောက်တာ အရမ်းနည်းပါတယ်။ ကားတင်သွင်းတဲ့ နေရာတွေမှာ လည်း ကိုဗစ်ဖြစ်ပွားနေတာ မြင့်တက်နေတယ်ဆိုတော့ ကားသွင်းတာ သိပ်မရှိတော့တာပါဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက မေ ၁၉ ရက်တွင် မြန်မာတိုင်းမ်သို့ ပြောဆိုသည်။
https://myanmar.mmtimes.com/news/139382.html
332
20/05/2020MyanmarTradeမတ်ပဲနှင့် ပဲစင်းငုံ ဈေးနှုန်းများ ကျဆင်း
ပြည်ပဝယ်လက်များက ပဲမျိုးစုံဝယ်ယူမှု လျော့ကျနေသည့်အတွက် မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းများ ကျဆင်းလာကြောင်း ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှ သိရသည်။
မတ်ပဲဈေးနှုန်းသည် ပြီးခဲ့သည့်မေလပထမပတ် အတွင်းကထက် တစ်တန်လျှင် ကျပ်သုံးသောင်းကျော်နှင့် ပဲစင်းငုံဈေးနှုန်းမှာ တစ်တန် လျှင် ကျပ်တစ်သောင်းခွဲခန့် ကျဆင်းသွားကြောင်း ယင်းဈေးကွက် အတွင်းမှ သိရသည်။
မတ်ပဲနှင့် ပဲစင်းငုံအဓိကတင်ပို့နေသည့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူဦးရေများပြားနေ၍ ယင်းနိုင်ငံမှ ကုန်သည်များက အရောင်းအဝယ်ပြုလုပ်မှု နည်းပါးခြင်းကြောင့် အရောင်းအဝယ် အနည်းငယ် အေးနေခြင်းဖြစ်ပြီး ဇွန်လအတွင်း အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ပြော ကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အခြေအနေများကြောင့် ဘုရင့်နောင် ကုန်စည်ဒိုင်ကို ဧပြီလ ၁၀ ရက်နေ့တွင် ပိတ်ထားခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
https://myanmar.mmtimes.com/news/139391.html
333
20/05/2020MyanmarTradeမြိတ်ကျွန်းစု ဒေသထွက် ကဏန်းမဲ တရုတ်နှင့် ထိုင်း ပြန်ဝယ် ဈေးကောင်းမရ
COVID-19 ကူးစက်ရောဂါ ကာလအတွင်း တစ်လနီးပါးအဝယ်ရပ်နား ထားသည့် မြိတ်ကျွန်းစုဒေသထွက် ကဏန်းမဲများအား လက်ရှိ၌ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်လက်များက အကန့်အသတ်နှင့် ပြန်လည်ဝယ်ယူနေသော်လည်း ဈေးကောင်းမရကြောင်း မြိတ်အခြေ စိုက် ကဏန်းအဝယ်ဒိုင်များမှ သိရသည်။
ယခင်က ကဏန်းမဲ ဈေးကွက်သည် နိုင်ငံခြားဈေးကွက်တွင် Export ကုန်အဖြစ် ဈေးအမြင့်ဆုံးပေး အရောင်း/အဝယ် ပြုလုပ်နေသော ရေထွက်ကုန်တစ်မျိုးလည်း ဖြစ်သည်။
ကဏန်းမဲ ဈေးကွက်၌ ဆိုက် (၄) မျိုးရှိပြီး လက်ရှိ အချိန်တွင် (၃၀ဝ) ဂရမ်အထက်ကို ယခင်က (၂၅၀ဝဝ) ကျပ်၊ ယခု (၉၀ဝဝ) ကျပ်၊ (၂၀ဝ) ဂရမ်အထက်ကို ယခင်က (၂၀ဝဝဝ) ကျပ်၊ ယခု (၈၀ဝဝ) ကျပ်၊ (၂၀ဝ) ဂရမ်အောက်ကို ယခင်က (၁၅၀ဝဝ) ကျပ်၊ ယခု (၇၀ဝဝ) ကျပ်ဝန်း ကျင်ခန့်၊ (၁၀ဝ) ဂရမ်အောက်ကို (၆၅၀ဝ) ကျပ် ဝန်းကျင်ခန့်ရှိသည်။
မြိတ်မြို့တွင် ကဏန်းမဲအဝယ်ဒိုင်ကြီး (၄) ဒိုင်နှင့် ဒိုင်ငယ် (၁၀) ကျော် ရှိပြီး ကဏန်းမဲများကို မြိတ်၊ ကျွန်းစု၊ ပုလော၊ ပင်လယ်ပိုင်းနှင့် ကြိမ်နီ တောင်၊ ကြိမ်မဲတောင်မှ လာရောက်ရောင်းချလျက်ရှိပြီး ဘုတ်ပြင်း၊ ကော့သောင်းဘက်မှလည်း လာရောက်ရောင်းချလျက်ရှိကြသည်။
https://myanmar.mmtimes.com/news/139269.html
337
21/05/2020MyanmarTradeပုပ်သိုးလွယ်သည့် မြန်မာထွက်ကုန်များ တရုတ်သို့ အချိန်မီ တင်သွင်းနိုင်ရေး ညှိနှိုင်းနေCOVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကြောင့် တရုတ် -မြန်မာ နယ်စပ်ဂိတ်များ၌ ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာ နေ၍ ပုပ်သိုးလွယ်သည့် မြန်မာနိုင်ငံမှထွက်ကုန်များ တရုတ်နိုင်ငံသို့ အချိန်မီတင်သွင်းနိုင်ရေး မေတ္တာရပ်ခံချက်များနှင့်အတူ ညှိနှိုင်းဆောင် ရွက်လျက်ရှိသည်ဟု ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံးက သတင်း ထုတ်ပြန်သည်။
လက်ရှိတွင် မြန်မာဘက်မှ ကုန်တင်ကား ၅၀၀ ကျော် စောင့်ဆိုင်း ရလျက်ရှိပြီး တင်ပို့မည့် သစ်သီးဝလံအပါအဝင် ကုန်စည်များ ပုပ်သိုး ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိသည့်အတွက် ကုန်သည်များနှင့် ဒေသ တွင်း စိုက်ပျိုးတောင်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအား COVID-19 ရောဂါကူးစက်ခြင်းကို တားဆီးနိုင်ပြီး ကုန်သွယ်မှုလည်း လျင်မြန်သွက်လက်ထိရောက်စေ ရေးအတွက် မြန်မာနှင့်ထိစပ်နေသည့် ယူနန်တို့ ပြည်နယ်အဆင့် ဆွေးနွေးမှုများကို ယနေ့ မေလ ၂၀ ရက်တွင် ပြုလုပ်၍ နှစ်ဖက်စေ့စပ် ညှိနှိုင်းမှုများ ဆောလျှင်စွာဆောင်ရွက်သွားမည်ဖြစ်သည်။
https://myanmar.mmtimes.com/news/139437.html
341
21/05/2020MyanmarTradeနယ်စပ်ကုန်သွယ်ရေးအခက်အခဲကို တရုတ်အစိုးရက လေ့လာရေး အဖွဲ့ စေလွှတ်ဖြေရှင်းပေးမည်ဟုဆို
COVID-19ရောဂါကြောင့် အခက်အခဲကြုံနေရသော နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများကို ယူနန်ပြည်နယ်အစိုးရက လေ့လာရေးအဖွဲ့စေ လွှတ်ပြီးဖြေရှင်းပေးရန် စီစဉ်နေသည်ဟုသိရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးခင်မောင်လွင်ကပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်တို့ မေလ ၂၁ ရက်က ဗီဒီယိုကွန်ဖရင့်ဖြင့် မြန်မာ၊ တရုတ်နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင် COVID- 19 ရောဂါ ဖြစ်လာချိန်တွင် တရုတ်အစိုးရက မြန်မာနိုင်ငံအတွင်းမှ ယာဉ်မောင်းများကို အဝင်မခံဘဲ တရုတ်အစိုးရ အသိအမှတ်ပြု ယာဉ်မောင်းများဖြင့် နယ်စပ်တွင် ကုန်တင်ယာဉ်များ ကို လဲလှယ်မောင်းနှင်စေသည်။ ထိုအစီအစဉ်က တစ်ရက်လျှင် ကန်ဒေါ်လာ ၁၀ သန်းခန့် ကုန်သွယ်နေသော မူဆယ်၊ ရွှေလီ နယ်စပ်ကုန်သွယ်ရေးကို အခက်အခဲဖြစ်စေသည်။
https://7day.news/detail?id=186723
347
24/05/2020MyanmarTradeမြန်မာ့မတ်ပဲတန်ချိန် လေးသိန်းကို သုံးလအတွင်းအပြီး တင်သွင်းရန် အိန္ဒိယအစိုးရ သတ်မှတ်
မြန်မာတစ်နိုင်ငံတည်းကသာ တင်သွင်းနေသော ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာ နှစ်ခွဲတမ်း မတ်ပဲတန်ချိန် ၄ သိန်း တင်သွင်းခွင့်ကာလကို တစ်နှစ် သတ်မှတ်ထားရာမှ ၃ လအတွင်း အပြီးတင်သွင်းရန် ပြောင်းလဲ သတ်မှတ်ကြောင်း အိန္ဒိယအစိုးရက မေ ၂၂ ညတွင် ကြေညာခဲ့သည်။
အိန္ဒိယအစိုးရ၊စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ Department of Commerce Directorate General of Foreign Trade ၏ ကြေညာချက်အရ မတ်ပဲအား ၂ဝ၂ဝ - ၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် ခွဲတမ်း (Quota) စနစ်ဖြင့် တန်ချိန် ၄ သိန်းဝယ်ယူတင်သွင်းခွင့်ကို မူလက ၂ဝ၂၁ ခုနှစ်၊ မတ်လကုန်အထိ သတ်မှတ်ထားရာမှ ယခုအခါ ၂ဝ၂ဝ ပြည့်နှစ်၊သြဂုတ်လကုန်ထိ အိန္ဒိယဆိပ်ကမ်းအရောက် အပြီး တင်သွင်းရန် မူဝါဒပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယင်း သည် မူလသတ်မှတ်ကာလထပ် ၈ လရှေ့တိုး၍ ပြောင်းလဲသတ် မှတ်လိုက်ခြင်းဖြစ်သည်။
မူဝါဒပြောင်းလဲရာတွင် အကြောင်းပြချက် တစ်စုံတစ်ရာ ဖော်ပြထား ခြင်းမရှိပေ။
https://myanmar.mmtimes.com/news/139533.html
348
24/05/2020MyanmarTradeပိုးမွှားကင်းကြောင်းထောက်ခံချက်မရှိသည့် မြန်မာ့ဆန်တန်ချိန် ၅၀ဝ၀ ကို စစ်ဆေးပြီးမှ တရုတ်ဝယ်မည်
ပိုးမွှားကင်းကြောင်းထောက်ခံချက်မရှိ၍ တရုတ်တွင် နှစ်လကျော် သောင်တင်နေသည့်ဆန်တန်ချိန် ၅၀ဝ၀ ကို မြန်မာနိုင်ငံဘက်က ပြန်လည်သယ်ဆောင်စစ်ဆေးပြီးမှသာ တရုတ်ဝယ်ယူမည်ဟု မူဆယ် ၁ဝ၅ မိုင် ဆန်စပါးကုန်စည်ဒိုင်မှ သိရသည်။
"ဆန်တွေကို တရုတ်ပြည် ကြယ်ဂေါင်ကနေ မူဆယ်ကို ပြန်သယ် ရမယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြန်စစ်ပေးမယ်။ ကြယ်ဂေါင်က သူများနိုင်ငံဖြစ်နေတော့ သွားစစ်လို့မရဘူး။ အခုလက်ရှိပြန်သယ် နေပြီ။ အိတ်တစ်သိန်းနှစ်သောင်းမှာ နှစ်သောင်းလောက်တော့ ပြန် သယ်ပြီးပြီ။ ဒီဘက်မှာစစ် ၊ ပြီးမှတရုတ်ကိုပြန်ပို့ရမှာ။ သောင်တင်နေ တာက ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကတည်းကဆိုတော့ အခုဆိုရင် နှစ်လကျော်နေပြီ'' ဟု မူဆယ် ၁၀၅ မိုင် ဆန်စပါးကုန်စည်ဒိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက မြန်မာတိုင်းမ်ကို ပြောသည်။
တရုတ်သို့ ဆန်တင်ပို့ရာတွင် ယခင်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ထောက်ခံချက်ဖြင့် မရတော့ဘဲ နေပြည်တော် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက်ကို တရုတ်ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
https://myanmar.mmtimes.com/news/139539.html
349
24/05/2020MyanmarTradeမြန်မာငှက်ပျော ဆာဗီးယားမှ ဝယ်ရန် ကမ်းလှမ်းဥရောပ နိုင်ငံဖြစ်သော ဆားဗီးယား ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက မြန်မာနိုင်ငံမှထွက်ရှိသော ငှက်ပျောသီး များ ဝယ်ယူတင်သွင်းရန် အစိုးရသို့ ကမ်းလှမ်းလာကြောင်း သိရသည်။
မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(MITC) ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦးက “ကျနော်တို့ဆီက အခြေအနေလာကြည့်ပြီးတော့ အဆင်ပြေရင် တောက်လျှောက် ဝယ်မှာဖြစ်တယ်။ မြန်မာပြည်ဘက်က လေကြောင်း လိုင်းတွေစဖွင့်တာနဲ့ သူတို့အမြန်ဆုံးလာမယ်။ ကွန်တိန်နာနဲ့ တရက် ကို အစီး ၄၀ လောက်အထိ လိုချင်တာဖြစ်တယ်။ လိုချင်တာက သီးမွှေးငှက်ပျောမျိုး (Cavendish Green) အမျိုးအစားဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆားဗီးယားနိုင်ငံသည် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို အနည်းဆုံး ၃ နှစ်မှ ၅ နှစ်အထိ နှစ်ရှည် ဝယ်ယူတင်သွင်းလိုကြောင်း၊ ဈေးနှုန်းနှင့် အရည်အသွေး စိတ်ချရမှုအပေါ် မူတည်၍ ၁ လလျှင် ပေ ၄၀ အရှည် ရှိသော ကွန်တိန်နာအလုံး ၁၂၀ မှ အလုံး ၅၀၀၀ အထိ ဝယ်ယူ လိုကြောင်း ဆားဗီးယားနိုင်ငံ မြန်မာသံရုံးမှတဆင့် ကမ်းလှမ်းလာ ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
https://burma.irrawaddy.com/news/2020/05/22/223184.html?fbclid=IwAR0EXyfcFZ8n5GgWxKRyFm5OdeoZ0ahJ0N7lLcNrgZTieaJyzAYuxCINCEk
351
24/05/2020ThanintharyiTradeCOVID-19 ကြောင့် ခရီးသွားနည်းသဖြင့် မြိတ်ဒေသထွက် သဘာဝငှက်သိုက် ရောင်းအားကျ
COVID-19 ရောဂါ ဂယက်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ခရီးသွားလာရောက်မှု နည်းပါးခဲ့သည့်အတွက် မြိတ်ဒေသထွက် သဘာ ၀ငှက်သိုက်အရောင်းအဝယ်မှာ နှစ်လအတွင်း ၇၀ ရာခိုင်နှုန်းခန့် ကျ ဆင်းနေသည်ဟု ငှက်သိုက်ထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။
ကုန်စည် ပို့ဆောင်ရာ၌ ကုန်ကားများ သွားခွင့်ပေး ပြုခဲ့ပေသော်လည်း ငှက်သိုက်မှာ ကုန်စည်ပို့ဆောင်သည့် ကားများဖြင့် ပို့ဆောင်မရသည့် အပြင် အအေးခန်း ပါသော ကားများဖြင့်သာ ပို့ကြရသောကြောင့် ခရီးသည်တင်ကားဖြင့်သာ ပို့လေ့ရှိကြောင်း ငှက်သိုက်လုပ်ငန်းလုပ် ကိုင်သူများကပြောသည်။
“ငှက်သိုက်ကို တရုတ်ကအဓိကထားပြီး စားပါတယ်၊ တရုတ်နှစ်သစ် ကူးကာလမှာ အမှန်တကယ် အများကြီး ရောင်းရပါတယ်၊ ဒါပေမယ့် ဒီနှစ် တရုတ်နှစ်သစ်ကူး ကာလမှာ ကိုဗစ်ဖြစ်တဲ့ အခါကျတော့ တရုတ် ကငှက်သိုက် မဝယ်သလောက်နည်းတယ်၊ ဟု မြိတ်မြို့၊ ဂုဏ်ရုံလမ်းရှိ ငှက်သိုက်အရောင်းဆိုင် လုပ်ငန်းမှ ဒေါ်ယုယုမွန်က ပြောကြားသည်။
အခုနှစ်မှာ အရောင်းအဝယ် နည်းပါးနေသော်လည်း အခြားဒေသ ထွက်ပစ္စည်းများကဲ့သို့ ဈေးနှုန်းကျဆင်းခြင်းမရှိဟု ငှက်သိုက်လုပ်ငန်း လုပ်ကိုင်သူများက ရှင်းပြသည်။
https://myanmar.mmtimes.com/news/139511.html
353
25/05/2020MyanmarTradeCOVID-19 ကြောင့် မြန်မာ့ငါးသလောက်များ အိန္ဒိယတွင် ဝယ်သူမရှိဖြစ်နေ
COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှ တင်သွင်းထား သော ငါးသလောက်များကို အနောက်ဘန်ဂေါပြည်နယ်မှလွဲ၍ အိန္ဒိယ ရှိ အခြားသောပြည်နယ်များက တင်သွင်းခြင်းမရှိတော့ဟု အနောက် ဘန်ဂေါပြည်နယ် ငါးတင်သွင်းကုန်အဖွဲ့ အတွင်းရေးမှူးကပြောကြား သည်။
အိန္ဒိယတွင် အလွန်လူကြိုက်များသော ငါးသလောက်မှာ အိန္ဒိယ ငါးကြိုက်သူများကြား ယခင်က ဝယ်ယူလိုမှုများ ပျောက်ဆုံးနေသည်။ COVID-19 ရောဂါကြောင့် ဝင်ငွေမသေချာမှုများက ဈေးကွက်တွင်း တစ်ကီလိုလျှင် ရူပီး ၁,၀၀၀ မှ ၁,၂၀၀ အထိ ပေးရသော ငါးသလောက်များမှာ ငါးကြိုက်သူများ လက်ရှောင်နေကြသည်။
ငါးဝယ်သူများသည် တစ်ကီလိုကို ရူပီး ၃၀၀ နှင့် ၄၀၀ ကြား ဈေးရှိသော ငါးများကိုသာ ဝယ်ယူမှုများနေပြီး ဝင်ငွေအလယ် အလတ်ရှိ မိသားစုများ၏ ဝယ်လိုအား တည်မြဲနေသော်လည်း ဈေးကြီးသော ငါးသလောက်များ၏ ဈေးကွက်မှာ မရေရာဖြစ်နေ သည်။
https://7day.news/detail?id=186988
354
25/05/2020MyanmarTradeနိုင်ငံခြား အရက်များ တရားဝင် တင်သွင်းခွင့်ပြုပြည်ပမှ နိုင်ငံခြား အရက်များကို တရားဝင် တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အရက်သာမက တခြားလိုင်စင်ဆောင်ရသည့် ကုန်ပစ္စည်းများကို ဖြေလျှော့ပေးရန် ရည်ရွယ်ချက်များလည်းရှိကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးမျိုးသူက ရှင်းပြသည်။
စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်မှုလွယ်ကူစေရန် အညွှန်းကိန်း (Ease of Doing Business) တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဆင့်တစ်ခု တက်လာစေရန်အတွက် လုပ်ဆောင်ခြင်းလည်းဖြစ် ကြောင်း သိရသည်။
ပြည်တွင်းသို့ နိုင်ငံခြားဖြစ်အရက်များကို တင်သွင်းရာတွင် ရန်ကုန် ဆိပ်ကမ်းနှင့် လေဆိပ်များမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အရက် ၁ လီတာလျှင် ဆိပ်ကမ်းအရောက် တန်ဖိုးအနည်းဆုံး အမေရိကန် ဒေါ်လာ ၈ ဒေါ်လာရှိရမည် ဖြစ်ကြောင်းသိရသည်။
https://burma.irrawaddy.com/news/2020/05/25/223330.html?fbclid=IwAR2DJdLAxN7auUz6nU6vcAOMj516ujUaSr8g8fRezUhIp4gEpgcfENymIrM
359
26/05/2020MyanmarTradeနိုင်ငံတကာဈေးကွက်တွင် မြန်မာဆန်ရောင်းအား
ကျဆင်းနိုင်ဟုဆို
နိုင်ငံတကာဈေးကွက်သို့ အိန္ဒိယနိုင်ငံမှ ဆန်များ စတင်ဝင်လာသဖြင့် မြန်မာဆန်ဈေး အနည်းငယ် တက်သော်လည်း ရောင်းအားကျဆင်း နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူအချို့က ခန့်မှန်းသည်။
COVID-19 ရောဂါကြောင့် ပိတ်ဆို့မှုများကြုံခဲ့ရသော အိန္ဒိယ ဆန်ကုန် သည်များသည် နိုင်ငံတကာဈေးကွက်ကို ပြန်လည်ထိုး ဖောက်လာ ချိန်တွင် လျှော့ဈေးဖြင့်စတင်ခြင်းက မြန်မာဆန်အတွက် ဈေးကွက် ယှဉ်ပြိုင်မှုများ ထပ်တိုးလာသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးမျိုးသူရအေးက ပြောကြားသည်။
အိန္ဒိယနိုင်ငံက နိုင်ငံတကာ ဆန်ဈေးကွက်သို့ ဝင်လာချိန်တွင် မြန်မာဆန်ကို တရုတ်နိုင်ငံနယ်စပ်မှ ဝယ်လိုအားကျဆင်းနေသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ ၂၀၁၉ အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ မေလ ၅ ရက်အထိ နယ်စပ်မှ ဆန်တင်ပို့နိုင်သည့် ပမာဏက တန်ချိန် ၂၆၀,၀၀၀ ကျော် သာရှိသည်။ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့နိုင်သည့် ပမာဏများစွာ လျော့နည်းသွားသည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
https://7day.news/detail?id=187043
360
26/05/2020ShanTradeCOVID-19 ကြောင့် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဂေါ်ဖီစိုက်ဧက ၁၆ဝဝ ခန့် ဈေးကွက်ပျက်
COVID-19ကြောင့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ နောင်တရားဒေသတွင် ဂေါ်ဖီစိုက်ဧက ၁၆ဝဝ ခန့်အပေါ် ရိုက်ခတ်မှု များရှိလာပြီး ဈေးကွက်မရှိဖြစ်ကာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး ပရဟိတအဖွဲ့တစ်ခုက တောင်သူများထံမှ ဂေါ်ဖီများအား သင့်တင့် သောဈေးဖြင့် ပြန်ဝယ်ကာ တောင်ပေါ်ကျေးရွာများ အထိလိုအပ် သောနေရာများသို့ လှူဒါန်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
COVID-19 ရောဂါကာလနှင့် ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ စိုက်ထားသော ဂေါ်ဖီစိုက်ပျိုး ထွက်ရှိချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် တစ်နိုင်ငံလုံး stay at home ကာလသတ် မှတ်ချိန်တွင် အသွားအလာမလုပ်နိုင်ခြင်း၊ စားသောက်ဆိုင်များ ဖွင့်လှစ်မှုမရှိခြင်း တို့ကြောင့် ဂေါ်ဖီရောင်းချနိုင်ခြင်း မရှိသည့်အတွက် ဂေါ်ဖီထုပ်များ စွန့်ပစ်လိုက်ရခြင်း၊ ဖျက်ဆီးပစ်ရခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက ဆိုသည်။ နောင်တရားဒေသတွင် တစ်နှစ်လျှင် ဂေါ်ဖီစိုက်ဧက ၁၆ဝဝ ခန့် စိုက်ပျိုးကြပြီး ယခုရာသီတွင် စိုက်ဧက ၅ဝဝ ခန့်ထွက်ရှိသည့်အနက် ဧက ၂ဝဝ ခန့် ပျက်စီးသွားပြီးဖြစ်သည်ဟု သိရသည်။
https://myanmar.mmtimes.com/news/139576.html
363
27/05/2020MyanmarTradeကိုဗစ်ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု ထက်ဝက် ကျဆင်း
ကမ္ဘာတစ်ဝှမ်း COVID-19ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာ့ပဲမျိုးစုံ ပြည်ပတင်ပို့မှုအပေါ် ထိခိုက်စေခဲ့ပြီး ကိုဗစ်ကြုံတွေ့ခဲ့သည့် ကာလ အတွင်း ပဲမျိုးစုံတင်ပို့မှု ထက်ဝက်ခန့်အထိ ကျဆင်းကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။
မြန်မာ့အဓိက ပဲဝယ်လတ်နိုင်ငံဖြစ်သည့် အိန္ဒိယအပါအဝင် ပါကစ္စတန် ၊နီပေါနှင့် ဝယ်လတ်အချို့မှာ COVID-19 ရင်ဆိုင်ကြုံတွေ့ နေရသည့် အပြင် မြန်မာနိုင်ငံတွင်လည်း COVID-19ကြောင့် ပိတ်ဆို့မှုများရှိခဲ့ သည့်အတွက် ပဲတင်ပို့မှု ကျဆင်းရခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
ကိုဗစ်ကြောင့် ဝယ်သူနိုင်ငံရော၊ ရောင်းသူနိုင်ငံရော အကုန်လုံး အခက်အခဲတွေ့နေပါတယ်။ အိန္ဒိယမှာလည်း Lockdown တွေချထား တာ ပြန်ဖွင့်တာ သိပ်မကြာသေးတော့ သူတို့လည်း ပြန်အားယူနေရ တယ်။ ဒီမှာလည်း ကုမ္ပဏီအချို့က ဝန်ထမ်းလျှော့ထားတဲ့ အခက်အခဲတို့၊ တခြားအခက်အခဲတွေ ရှိနေတယ်။ ဒီတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အရောင်းအဝယ်ကတော့ ၄၀၊ ၅၀ ရာခိုင်နှုန်းလောက် အထိ ကျသွားတဲ့ သဘောမှာရှိတယ် ”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက ပြောသည်။
https://myanmar.mmtimes.com/news/139609.html
364
27/05/2020MyanmarTradeကိုဗစ်ကာလအတွင်း မြန်မာ့ဆန်အား တန်ချိန်သိန်းချီ ဝယ်ယူ လိုကြောင်း အာဆီယံနိုင်ငံများက ဆက်တိုက်ကမ်းလှမ်းလာ
ကိုဗစ်ကာလအတွင်း မြန်မာ့ဆန်အား တန်ချိန်သိန်းချီ ဝယ်ယူလို ကြောင်း အာဆီယံနိုင်ငံများက ဆက်တိုက်ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
အဆိုပါနိုင်ငံများသည် ယခင်က မြန်မာ့ဆန်ကို အမှာနည်းသည့် နိုင်ငံများဖြစ်သည်ဟု ၎င်းကပြောကာ အစိုးရထံသို့ တိုက်ရိုက်ကမ်း လှမ်းလာခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“အစိုးရချင်းကမ်းလှမ်းလာတာ။ သံရုံးတွေကနေတဆင့်လည်း ကမ်း လှမ်းလာတယ်။ ကျွန်တော်တို့ကတော့ ၃ နိုင်ငံလောက်ကို တင်ပို့ မယ်လို့ ဆုံးဖြတ်ထားတယ်။ ရောင်းတော့လည်း အစိုးရချင်းပဲရောင်း မှာ။ ကမ်းလှမ်းလာတဲ့နိုင်ငံတွေက ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ မလေးရှား တို့ဖြစ်တယ်။ ဖိလစ်ပိုင်ဆို တန်ချိန် ၃ သိန်း အထိကို ဝယ်လိုတယ်လို့ ပြောလာတာရှိတယ်” ဟု ၎င်းက ပြောပြသည်။
လက်ရှိတွင် နိုင်ငံတော်က ပြည်တွင်းစားသုံးမှုထိခိုက်မှု မရှိစေရန် ပြည်ပတင်ပို့မှုကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ခိုင်းထားသည်။ အာဆီယံနိုင်ငံများသို့ ဆန်တင်ပို့ရောင်းချမှုအား မကြာခင် ဆောင်ရွက် မည်ဟု ၎င်းကပြောသည်။
https://www.facebook.com/678741785796579/posts/1166154837055269/?d=n
365
27/05/2020MyanmarTradeမြန်မာ-အိန္ဒိယနယ်စပ် အရောင်းအဝယ် ရပ်ထား၍ ကလေးဒေသထွက် ငှက်ပျောသီးများ အရောင်းအဝယ်ကျ
မြန်မာ-အိန္ဒိယနယ်စပ် ဈေးကွက်အား ကာလရှည်ကြာ ရပ်ဆိုင်းခဲ့ ခြင်းကြောင့် ကလေးဒေသထွက် ငှက်ပျောသီးများသည် အရောင်း အဝယ်ကျဆင်း လျက်ရှိကြောင်း ဈေးကွက်အတွင်းက သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ် ဈေးတွေဖြစ်တဲ့ ရိဒ်နယ်စပ်၊ တမူးနယ်စပ် ဈေးတွေကို တင်ပို့ရောင်းချရပါတယ်။ ချင်းတွင်း အထက်ပိုင်း မော်လိုက်၊ ဖောင်းပြင် ဘက်ကိုလည်း တင်ပို့ရောင်းချပါတယ်။ အခုနှစ် က COVID-19 ရောဂါကြောင့် နယ်စပ်ဈေးတွေလည်းပိတ်၊ ချင်းတွင်း အထက်ပိုင်းမှာကလည်း အရောင်းအဝယ်အေး နေတဲ့အတွက် ကလေးမြို့ပေါ်မှာ လှည့်လည် ရောင်းချနေရတယ်။ ရောင်းရသရွေ့ ဆိုပါတော့။ အရောင်းအဝယ်ကတော့ ကျဆင်းနေတာပေါ့”ဟု ကလေးမြို့နယ် ဇင်းကလင်း၊ ထိုမာကျေးရွာများရှိ ငှက်ပျော ခြံပိုင်ရှင် ဦးမာက ပြောသည်။
ကလေးဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြသူများပြီး ဒေသထွက် ရာသီပေါ်သီးနှံများကို ချင်းတောင်၊ မြန်မာ-အိန္ဒိယနယ်စပ် ဈေးကွက်၊ ချင်းတွင်းအထက်ပိုင်း ဈေးကွက်များသို့လည်းကောင်း၊ မုံရွာ၊ မန္တလေး၊ တရုတ်နယ်စပ် ဈေးကွက်များအထိ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
https://myanmar.mmtimes.com/news/139598.html