ကူးစက်မြန်ကိုရိုနာအဆုတ်ရောင်ကပ်ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထုတ်ပြန်ချက်များအပေါ် ပြည်သူလူထုမှလိုက်နာ ဆောင်ရွက်နေမှုအခြေအနေကို လေ့လာသော သုတေသန
အခုသုတေသနမှာ ပါဝင်ဖို့အတွက် လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ပြည်သူအားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါတယ်။ ပါဝင်ဖြေဆိုပေးဖို့ မိမိသဘောဆန္ဒအတိုင်းသာ ဖြစ်ပါတယ်။
မေးခွန်းစုစုပေါင်း (၃၄) ခုပါဝင်ပြီး ဖြေဆိုဖို့ အချိန် (၁၀) မိနစ်လောက်သာပေးဖို့ လိုအပ်ပါတယ်။ အချိန်ပေးပြီး စာရိုက်ပြီး ဖြေရမယ့် မေးခွန်းတွေမပါဝင်ပါဘူး။
မေးခွန်းတွေမှာ ဖြေဆိုသူ ဘယ်သူမှန်းသိရှိနိုင်တဲ့ မေးခွန်းမျိုးတွေ မပါဝင်ပါဘူး။ သုတေသနရလဒ်တွေကိုဖော်ပြတဲ့နေရာမှာလည်း ဖြေကြားတဲ့သူ ဘယ်သူဘယ်ဝါဆိုတာတွေကို လုံးဝထုတ်ဖော်သွားမှာမဟုတ်ပါဘူး။
သုတေသနမှာ ပါဝင်ပေးတဲ့အတွက် တိုက်ရိုက်အကျိုးကျေးဇူးတွေတော့ ရရှိမှာ မဟုတ်ပေမယ့် ဒီသုတေသနရလဒ်တွေဟာ ကူးစက်မြန်အဆုတ်ရောင်ကိုဗစ်ကပ်ရောဂါကို ကာကွယ်တားဆီးရေးမှာ လူထုတွင်း အသိအမြင်ပိုမိုတိုးတက်လာဖို့ နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရောဂါကာကွယ်တားဆီးရေး အတွက် ထုတ်ပြန်ကြေညာချက်တွေအပေါ်လူတွေ ပိုမိုလိုက်နာဆောင်ရွက်လာအောင် လုပ်ဆောင်ဖို့အတွက် တန်ဖိုးရှိတဲ့ အချက်အလက်တွေကို ပေးနိုင်မှာဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ကြိမ်သာ ဖြေဆိုပေးပါရန် နဲ့ မိမိအတွက် အမှန်ဆုံးဖစ်ြမယ့် အဖေကြို သေချာရွေးချယ် ဖေကြားပေးဖို့ကို အထူးပဲ မေတ္တာရပ်ခံအပ်ပါတယ်။
အပေါ်မှာ ဖော်ပြထားတဲ့အကြောင်းအရာတွေကို ဖတ်ရှုသိရှိပြီး ဖြေကြားဖို့ သဘောတူပါက သဘောတူပါသည် ကို ရွေးချယ်ပြီး မေးခွန်းများကို ဆက်လက်ဖြေကြားပေးပါ။သဘောမတူပါကလည်း သဘောမတူပါ ဆိုသည်ကို ရွေးချယ်နိုင်ပါသည်။ *
Next
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. Report Abuse - Terms of Service - Privacy Policy