SME Hub Asia အနေဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများအား Digital Economy တွင်ပါဝင်လာစေရန် တစိုက်မက်မက်လုပ်ဆောင်နေပါတယ်။ SME Hub Asia အနေဖြင့် အသေးစားနှင့်အလတ်စားလုပ်ငန်းအများအပြားနဲ့ လက်တွဲလုပ်ဆောင်ခဲ့ပြီးတဲ့အချိန်မှာတော့ လုပ်ငန်းတွေအနေနဲ့ ဒီဂျစ်တယ်အခွင့်အရေးတွေကို ကောင်းမွန်စွာအသုံးချနိုင်ဖို့ အတားအဆီးများ များစွာရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီစိန်ခေါ်မှုတွေကတော့
အကန့်အသတ်ဖြစ်နေတဲ့ဒီဂျစ်တယ်မားကတ်တင်းလုပ်ဆောင်နိုင်စွမ်း - အသေးစားနဲ့အလတ်စားလုပ်ငန်းအများအပြားဟာ ကျွမ်းကျင်လုပ်သားအကန့်အသတ်ကြောင့် Social media အမျိုးမျိုးမှာ ဒီဂျစ်တယ်ပုံရိပ်ကိုတည်ဆောက်ရာတွင် သို့မဟုတ် တည်ဆောက်ပြီးသည့်တိုင်အောင် ရေရှည်ဆက်လက်ထိန်းထားဖို့ အခက်အခဲရှိနေကြပါတယ်။
ယုံကြည်မှုဆိုင်ရာအခက်အခဲ - အသေးစားနဲ့အလတ်စားလုပ်ငန်းအများအပြားဟာ ဒီဂျစ်တယ်ဝန်ဆောင်မှုပေးသူတွေနဲ့ ရင်းနှီးခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ အခက်အခဲတွေကြုံတွေ့ရပြီး ဒီဂျစ်တယ်ပိုင်းဆိုင်ရာမှာဆက်လက်လုပ်ဆောင်ဖို့ကို တွန့်ဆုတ်သွားတက်ကြပါတယ်။
ယုံကြည်အားထားနိုင်တဲ့မိတ်ဖက်ရှားပါးမှု - လုပ်ငန်းကျွမ်းကျင်ပြီး ယုံကြည်ရသော ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပေးသူများ ရှာဖွေရန် အခက်အခဲများ ဖြစ်နေပါသေးတယ်။
တိုးမြင့်လာသော ကုန်ကျစရိတ်များ - ဒစ်ဂျစ်တယ်မားကတ်တင်းဝန်ဆောင်မှု ပေးသူများကို ငှားရမ်းရာတွင် ကုန်ကျစရိတ်များ မြင့်တက်လာနေပြီး အသေးစားနဲ့အလတ်စားလုပ်ငန်း များအတွက် စိန်ခေါ်မှု ဖြစ်နေပါတယ်။
ရေရှည်မိတ်ဖက်လိုအပ်ချက် - အသေးစားနှင့်အလတ်စားလုပ်ငန်းများအနေနဲ့ အကျိုးအမြတ်အတွက်သာကြည့်သော ဝန်ဆောင်မှုမျိုးထက် ဒီဂျစ်တယ်ခရီးတစ်လျှောက်လုံး စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးမဲ့ မိတ်ဖက်များလိုအပ်နေပါတယ်။
တစ်ဦးချင်း စီးပွားရေးလုပ်ငန်းရှင်များအတွက် ပံ့ပိုးမှု လိုအပ်ခြင်း - အသေးစားနှင့်အလတ်စားလုပ်ငန်းများတွင် လူပုဂ္ဂိုလ်တစ်ဦးတည်းမှ လုပ်ငန်းရဲ့ အရေးကြီးသော အပိုင်းများကို စီမံခန့်ခွဲလုပ်ကိုင်င်နေတဲ့အတွက်ကြောင့် ဒီဂျစ်တယ်မားကတ်တင်းအပိုင်းကို အရေးကြီးမှန်းသိသော်လည်း အားမစိုက်နိုင်ဖြစ်နေကြရပါတယ်။
ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက် SME Hub Asia က “Digital Services” လို့ခေါ်တဲ့ ၃ လတာပရိုဂရမ်ကိုမိတ်ဆက်လိုက်ပါတယ်။ ဒီပရိုဂရမ်ကတော့အသေးစားနဲ့အလတ်စားလုပ်ငန်းတွေတည်ဆောက်ဖို့လိုအပ်နေတဲ့ ဒီဂျစ်တယ်မားကတ်တင်းလုပ်ဆောင်နိုင်စွမ်းနှင့် ကိုယ်ပိုင်ဒီဂျစ်တယ်မားကတ်တင်းအဖွဲ့တည်ဆောက်နိုင်ဖို့ အထူးရည်ရွယ်ဖန်တီးထားတာဖြစ်ပါတယ်။ ဒီပရိုဂရမ်ကထောက်ပံ့သွားမှာတွေကတော့
၁။ ဒစ်ဂျစ်တယ်မားကတ်တင်း လိုအပ်ချက်ဖော်ထုတ်ခြင်း - SME တစ်ခုချင်းစီ၏ မတူကွဲပြားတဲ့ ဒီဂျစ်တယ်မားကတ်တင်းဆိုင်ရာ လိုအပ်ချက်များအားရှာဖွေထုတ်ဖော်ခြင်း။
၂။ တစ်ဦးချင်းအကြံပေးမှုများ - တိုးတက်နိုင်သည့်အခြေအနေများအား သုံးသပ်ပေးပြီး ထိရောက်သောအကြံဉာဏ်များပေးမည့် မဟာဗျူဟာမြောက်အကြံပေးတိုင်ပင်မှုများ။
၃။ လုပ်ငန်းစဉ်တည်ဆောက်ခြင်း - ဒစ်ဂျစ်တယ်မားကတ်တင်း လုပ်ငန်းစဉ်များကို တည်ဆောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာလုပ်ဆောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုများ။
၄။ လက်တွေ့ အကူအညီပေးခြင်း - ကောင်းမွန်သောရလဒ်များရရှိစေရန် ဒီဂျစ်တယ်မားကတ်တင်းလုပ်ဆောင်မှုများအား အတူတကွလုပ်ဆောင်ခြင်း။
၅။ ဒီဂျစ်တယ်မားကတ်တင်းဆိုင်ရာအဆင့်မြင့် ကိရိယာများပေးခြင်း - အသေးစားနှင့်အလတ်စားလုပ်ငန်းများအနေဖြင့် မိမိတို့၏ ဒစ်ဂျစ်တယ်မားကတ်တင်း အရည်အသွေးအား မြှင့်တင်နိုင်ရန် အသုံးဝင်သည့် ကိရိယာများအား ပံ့ပိုးပေးခြင်း။
၆။ အသင်းဖွဲ့စည်းပေးခြင်း - အသေးစားနှင့်အလတ်စားလုပ်ငန်းများအနေဖြင့် အထူးကျွမ်းကျင်သော ဒီဂျစ်တယ်မားကတ်တင်းအဖွဲ့အားတည်ဆောက်နိုင်ရန် ကူညီပံ့ပိုးပေးခြင်း။
ဒီအစီအစဥ်က အသေးစားနှင့်အလတ်စားလုပ်ငန်းတွေကို မိမိဘာသာရပ်တည်နိုင်မဲ့ ဒီဂျစ်တယ်မားကတ်တင်းအဖွဲ့အားတည်ဆောက်နိုင်ရန် ပံ့ပိုးပေးသွားမှာဖြစ်ပြီး Digital Economyမှာ ရေရှည်ရပ်တည်ပါဝင်နိုင်ရန် လိုအပ်ချက်အားဖြေရှင်းပေးမှာဖြစ်ပါတယ်။ ဤအစီအစဥ်တွင်ပါဝင်နိုင်ရန် တစ်လလျှင် ၃၅၀,၀၀၀ ကျပ်သာပေးရမည်ဖြစ်ပြီး ဒီအခကြေးငွေသည် ဝန်ဆောင်မှုပေးရန် အခြေခံကုန်ကျစရိတ်ကိုသာ ကောက်ခံထားခြင်းဖြစ်ပါသည်။ SME Hub Asia အတွက်အကျိုးအမြတ်ပမာဏ တစ်စုံတစ်ရာရယူထားခြင်းမရှိပါ။
ပရိုဂရမ် Cohort တစ်ခုတွင် လုပ်ငန်း ၅ခု မှ ၁၀ခု အထိပါဝင်နိုင်မှာဖြစ်ပြီး လုပ်ငန်း၏လိုအပ်ချက်ပေါ်မူတည်ကာ အောက်ပါဝန်ဆောင်မှုများအား ထောက်ပံ့သွားမှာဖြစ်ပါတယ်။
အကျဉ်းချုပ်အားဖြင့် ဤဒစ်ဂျစ်တယ်ဝန်ဆောင်မှုအစီအစဉ်က အသေးစားနှင့်အလတ်စားလုပ်ငန်းများ အနေဖြင့် စျေးကွက်ထဲတွင် ဒီဂျစ်တယ်မားကတ်တင်းဝန်ဆောင်မှုရယူလျှင် ပုံမှန်ကျသင့်နိုင်သည့်စရိတ်ရဲ့ ရာခိုင်နှုန်းနည်းနည်းသာအသုံးပြုပြီး SME Hub Asia အား ဒစ်ဂျစ်တယ်မားကတ်တင်းမိတ်ဖက်အဖြစ် ငှားရမ်းနိုင်ရန် အခွင့်အလမ်းတစ်ခုဖြစ်ပါသည်။ ဤမိတ်ဖက်ဆက်ဆံရေး မှတဆင့် လုပ်ငန်းများအနေဖြင့် ၎င်းတို့၏လုပ်ငန်းအတွင်းတွင် ရေရှည်တည်တံ့ပြီးရလဒ်ရှေးရှုတဲ့ ဒီဂျစ်တယ်မားကတ်တင်းလုပ်ဆောင်နိုင်စွမ်းကို တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။