Request edit access
Open Mic Online Application

"Open Mic" နဲ့အတူ လူ့အသိုင်းအဝိုင်းရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ လူမှုစံနှုန်းတွေ၊ ခံယူချက်တွေ၊ လူမျိုးရေးပြဿနာတွေကို ဖြတ်ကျော်ပြီး အများသူငှာနားလည်နိုင်ရန် မကြားမိလိုက်တဲ့အသံများနဲ့မိတ်ဆက်မျှဝေနိုင်ပါပြီ။

ဒါကြောင့် ကောင်းမွန်တဲ့အရွေ့တစ်ခုကို သင်ကိုယ်တိုင်စတင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် "Open Mic" က သင့်အတွက်ပါပဲ။ လူမှုပတ်ဝန်းကျင်မတူညီတဲ့ သင်ကိုယ်တိုင် အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကို ပြန်လည်မျှဝေဖို့ဖိတ်ခေါ်လိုက်ပါရစေ။ သင့်ဖြစ်ရပ်၊ ဇာတ်လမ်းက အောက်ပါခေါင်းစဉ်တွေထဲက တစ်ခုမှာ ပါဝင်ဖို့လိုအပ်ပါတယ်။

ဒီနှစ် Open Mic အစီအစဉ်အတွက် လျှောက်ထားသူများထဲမှ အောက်ပါခေါင်းစဉ်တစ်ခုစီအလိုက် ရွေးချယ်သွားမှာပါ။

ခေါင်းစဉ် ၁: အိမ်ထောင်ကွဲမိခင်ရဲ့ဘ၀ရိုက်ခတ်မှုဒဏ်

ခေါင်းစဉ် ၂: လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာဖိနှိပ်ဆက်ဆံခြင်းအပေါ်တုံ့ပြန်မှု

ခေါင်းစဉ် ၃: လူ့အသိုင်းအဝိုင်းရဲ့ခွဲခြားဆက်ဆံမှုအပေါ် မသန်စွမ်းသူတို့ရဲ့ရင်ဖွင့်သံ

ခေါင်းစဉ် ၄: Relationship တစ်ခုတွင် နိုင်ထက်စီးနင်းဆက်ဆံခံရမှုအပေါ် လက်တွေ့ကြုံနေရသည့်အခြေအနေ (All Gender)

ခေါင်းစဉ် ၅: လူနည်းစုရွှေ့ပြောင်းအလုပ်သမားတို့ရဲ့ဘဝနေထိုင်မှု


မိမိအတွက်ကော ဘာအကျိုးကျေးဇူးတွေရမလဲ။

  • မိမိ story အရွေးချယ်ခံရရင် story တစ်ခုကို ဘယ်လိုပြန်လည်တင်ပြရမယ်ဆိုတဲ့ ဆွေးနွေးပွဲသင်တန်းတစ်ခုကို တက်ခွင့်ရမယ်။
  • အစီအစဉ်အပြီးမှာလည်း networking လုပ်နိုင်မယ့် အခွင့်အလမ်းတွေလည်း ဖန်တီးထားပေးပါတယ်။
Sign in to Google to save your progress. Learn more
အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်
  • အသက် 18 နှစ်နှင့်အထက်ဖြစ်ရပါမည်။

  • မြန်မာနိုင်ငံသားဖြစ်ရပါမည်။

  • မြန်မာဘာသာစကား သို့မဟုတ် အခြားဒေသသုံး တိုင်းရင်းသားဘာသာစကား တစ်ခုခုကို ကျွမ်းကျင်စွာပြောနိုင်သူဖြစ်ရပါမည်။

  • မြန်မာပြည်တွင်း (သို့) ပြည်ပရောက်မြန်မာများလည်း လျှောက်ထားနိုင်ပါသည်။

Application Deadline
မေ ၁၅ ရက် ၂၀၂၃ခုနှစ်၊ ည ၁၂ နာရီ
Next
Clear form
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. Report Abuse - Terms of Service - Privacy Policy