Last Updated: 08/ 28/ 25
Welcome to Sabai Job! These Terms and Conditions (hereinafter called “Terms”) outline the guidelines for using the Sabai Job mobile application. By accessing or using our services, you agree to these Terms.If You do not agree to these Terms, please do not register for an account or use our apps. These Terms are effective on the date they are published on our websites and apps.
1. Definitions
2. About Sabai Job
Sabai Job is a job advertising platform that helps job seekers connect with potential employers. We act as a mediator between employees and employers by providing a safe and accessible platform for job listings.
While we strive to verify job postings, we do not act as an employer or recruitment agency, and we do not guarantee that all job posts are completely accurate or safe.
Users should always carefully review job details before applying or accepting an offer.
To ensure a secure and transparent job-seeking experience, users should:
While Sabai Job takes steps to screen job postings, we encourage all users to exercise caution before accepting any job offer. Sabai Job does not take responsibility for any issues, disputes, or losses that may happen between job seekers and employers.
You agree not to resell or assign your rights or obligations under these Terms. You also agree not to make any unauthorised commercial use of our websites and apps.
Sabai Job is not responsible for:
By using Sabai Job, users acknowledge that job-seeking decisions are made at their own discretion and responsibility.
The following activities are strictly prohibited on Sabai Job:
Violating these rules may result in account suspension or legal action.
8.1. Term of Agreement:
8.2. Termination by the User:
8.3. Termination by Sabai Job:
8.4. Effect of Termination:
Sabai Job reserves the right to update or modify these Terms at any time. If we make significant changes, we will notify users via the App. Your continued use of the platform after modifications means you accept the updated Terms.
If you have any questions or concerns, feel free to contact us:
📧 Email: team.sabaijob@gmail.com
📲 WhatsApp & LINE: +66616796563
By using Sabai Job, you acknowledge that you have read, understood, and agreed to these Terms.
Sabai Job ၏ ထုတ်ပြန်ချက် နှင့် ရေးရာမူဝါဒ
နောက်ဆုံးမွမ်းမံမှု: MM/DD/YY
Sabai Job မှ ကြိုဆိုပါသည်။ ဤမူဝါဒများသည် Sabai Job မိုဘိုင်းအက်ပ်ကို အသုံးပြုရန် လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏ ၀န်ဆောင်မှုများကို အသုံးပြုခြင်းဖြင့် သင်သည် ဤစည်းမျဉ်းများကို သဘောတူပါသည်။ အကယ်၍ သင်သည် ဤစည်းမျဉ်းများကို သဘောမတူပါက၊ အကောင့်မဖွင့်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ အက်ပ်ကို အသုံးမပြုရန် တောင်းဆိုပါသည်။ ဤစည်းမျဉ်းများသည် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်နှင့် အက်ပ်ပေါ်တွင် ထုတ်ပြန်သည့်နေ့မှ စတင်၍ အကျုံးဝင်ပါသည်။
၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ
"Sabai Job" ဆိုသည်မှာ အလုပ်လိုသူများနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေးသည့် မိုဘိုင်းအက်ပ်လီကေးရှင်းနှင့် ပလပ်ဖောင်းကို ရည်ညွှန်းသည်။
"အသုံးပြုသူ" ဆိုသည်မှာ Sabai Job ကို အသုံးပြုသူ သို့မဟုတ် ဝင်ရောက်အသုံးပြုသူများကို ရည်ညွှန်းပြီး၊ အလုပ်လိုသူများနှင့် အလုပ်ရှင်များ ပါဝင်သည်။
"အလုပ်ရှင်" ဆိုသည်မှာ အလုပ်ကြော်ငြာများတင်သော ကုမ္ပဏီများ၊ လုပ်ငန်းများ သို့မဟုတ် လူပုဂ္ဂိုလ်များကို ရည်ညွှန်းသည်။
"အလုပ်လိုသူ" ဆိုသည်မှာ Sabai Job မှတစ်ဆင့် အလုပ်အခွင့်အလမ်းများ ရှာဖွေသူများကို ရည်ညွှန်းသည်။
"ဝန်ဆောင်မှုများ" ဆိုသည်မှာ Sabai Job မှ ပံ့ပိုးပေးသည့် အလုပ်ကြော်ငြာတင်ခြင်း၊ လျှောက်ထားခြင်းနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည့် လုပ်ဆောင်ချက်များကို ရည်ညွှန်းသည်။
"အကောင့်" ဆိုသည်မှာ ပလပ်ဖောင်းကို အသုံးပြုရန် လိုအပ်သော မှတ်ပုံတင်ထားသည့် ပရိုဖိုင်ကို ရည်ညွှန်းသည်။
၂။Sabai Job အကြောင်း
Sabai Job သည် အလုပ်ရှာလိုသူများ နှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေးသည့် အလုပ်ကြော်ငြာပလက်ဖောင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အလုပ်ရှင်များနှင့် အလုပ်လိုသူများ အကြားတွင် လုံခြုံစိတ်ချရပြီး လက်လှမ်းမီနိုင်သော ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးသည့် ကြားခံအဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ကျွန်ုပ်တို့သည် အလုပ်ခေါ်စာများကို အတည်ပြုစစ်ဆေးသော်လည်း ကျွန်ုပ်တို့အနေဖြင့် အလုပ်ရှင်သို့မဟုတ် လူငှားအဖွဲ့အစည်းအဖြစ် မဆောင်ရွက်ပါ။ ထို့အပြင် အလုပ်ကြော်ငြာများ အားလုံးကို လုံးဝတိကျမှန်ကန်ပြီး စိတ်ချရသည်ဟု အာမခံချက်မပေးနိုင်ပါ။
အသုံးပြုသူများသည် အလုပ်လျှောက်ထားခြင်း သို့မဟုတ် အလုပ်ကမ်းလှမ်းချက်ကို လက်ခံခြင်းမပြုမီ အလုပ်ခေါ်စာပါ အသေးစိတ်အချက်အလက်များကို သေချာစေ့စပ်စွာ ပြန်လည်သုံးသပ်သင့်ပါသည်။
၃။ အသုံးပြုသူ၏ တာဝန်များ
လုံခြုံစိတ်ချရသော အလုပ်ရှာဖွေမှုဖြစ်စေရန် အသုံးပြုသူများအနေဖြင့် အောက်ပါအချက်များကို လုပ်ဆောင်ရပါမည်။
✅ အလုပ်ခေါ်စာပါ အသေးစိတ်အချက်အလက်များ၊ အလုပ်ရှင်၏ တရားဝင်မှုနှင့် အလုပ်ခန့်ထားမှု အခြေအနေများအား သေချာ အောင်စစ်ဆေးပါ။
✅ အလုပ်ခေါ်စာသည် ဒေသန္တရ အလုပ်သမားဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိမရှိ သေချာအောင် စစ်ဆေးပါ။
✅ ဤပလက်ဖောင်းကို တာဝန်ခံအသုံးပြုပြီး အချက်အလက်များကို မှားယွင်းဖော်ပြခြင်းမှ ရှောင်ကြဉ်ပါ။
Sabai Job သည် အလုပ်ခေါ်စာများကို အဆင့်ဆင့် စစ်ဆေးသော်လည်း၊ အသုံးပြုသူများ အားလုံးအနေဖြင့်လည်း မည်သည့်အလုပ်ကမ်းလှမ်းချက်ကိုမဆို လက်ခံခြင်းမပြုမီ သတိထား၍ ထပ်မံစစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။ Sabai Job သည် အလုပ်လိုသူများ နှင့် အလုပ်ရှင်များအကြား ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများ၊ အငြင်းပွားမှုများ သို့မဟုတ် ဆုံးရှုံးနစ်နာမှုများအတွက် တာဝန်မယူပါ။
၄။ အလုပ်ကြော်ငြာစစ်ဆေးခြင်းနှင့် ရှင်းလင်းချက်
၅။ အချက်အလက်စုဆောင်းခြင်းနှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှု
ကျွန်ုပ်တို့သည် ပလက်ဖောင်း၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်၊ အသုံးပြုသူ၏ အတွေ့အကြုံကို မြှင့်တင်ရန်နှင့် လုပ်ဆောင်ချက်အသစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးပြုသူ၏ အချက်အလက်များကို စုဆောင်း၍ ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ပါသည်။
ကျွန်ုပ်တို့သည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို တတိယပါတီများထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းမပြုပါ။ ဥပဒေအရ လိုအပ်သည့်အခါမှသာ ထိုသို့ပြုလုပ်ပါမည်။
အသုံးပြုသူများသည် ကျွန်ုပ်တို့အနေဖြင့် အချက်အလက်များကို မည်သို့ကိုင်တွယ်သည်ဆိုသည့် အသေးစိတ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုဆိုင်ရာ မူဝါဒ[a]ကို ကြည့်ရှုနိုင်ပါသည်။
သင်သည် ဤစည်းမျဉ်းများအောက်တွင် သင့်အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို ပြန်လည်ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းမပြုရန် သဘောတူပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်နှင့် အက်ပ်ကို ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ်အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် သဘောတူပါသည်။
၆။ တာဝန်ယူမှုကန့်သတ်ချက်
Sabai Job သည် အောက်ပါတို့အတွက် တာဝန်မယူပါ။
Sabai Job ကို အသုံးပြုခြင်းဖြင့်၊ အသုံးပြုသူများသည် အလုပ်ရှာဖွေမှု ဆုံးဖြတ်ချက်များကို မိမိတို့၏ ဆန္ဒအလျောက် ပြုလုပ်ပြီး တာဝန်ယူမှုဖြင့် ဆောင်ရွက်ကြောင်း အသိအမှတ်ပြုပါသည်။
၇။ တားမြစ်ထားသော လုပ်ဆောင်ချက်များ
Sabai Job တွင် အောက်ပါလုပ်ဆောင်ချက်များကို တင်းကြပ်စွာ တားမြစ်ထားပါသည်။
ဤစည်းမျဉ်းများကို ချိုးဖောက်ပါက အကောင့်ပိတ်ခြင်း သို့မဟုတ် ဥပဒေအရ အရေးယူခြင်းများ ခံရနိုင်ပါသည်။
၈။ သဘောတူညီချက်သက်တမ်းနှင့် အက်ပ်အသုံးပြုမှုရပ်တန့်ခြင်း
သဘောတူညီချက်၏ သက်တမ်း
ဤစည်းမျဉ်းများသည် အသုံးပြုသူက Sabai Job ၏ ဝန်ဆောင်မှုများကို အသုံးပြုနေသရွေ့ အာဏာသက်ရောက်ပါသည်။
အသုံးပြုသူမှ အက်ပ်သုံးစွဲမှုရပ်တန့်ခြင်း
အသုံးပြုသူများသည် အက်ပ်ကို ဖျက်ရန် သို့မဟုတ် အသုံးမပြုဘဲ နေခြင်းဖြင့် မည်သည့်အချိန်တွင်မဆို ပလက်ဖောင်းကို အသုံးပြုခြင်းကို ရပ်တန့်နိုင်ပါသည်။
အကယ်၍ အသုံးပြုသူသည် Sabai Job ကို အသုံးမပြုလိုတော့ပါက၊ နောက်ထပ်လုပ်ဆောင်ချက်မလိုဘဲ ဝန်ဆောင်မှုများကို ရပ်တန့်နိုင်ပါသည်။
Sabai Job မှ သုံးစွဲမှု ရပ်တန့်ခြင်းအခွင့်အာဏာ
Sabai Job သည် အသုံးပြုသူအကောင့်များကို ရပ်ဆိုင်းရန် သို့မဟုတ် ပြီးဆုံးရန် အခွင့်အရေးရှိပါသည်၊ အကယ်၍-
အသုံးပြုသူက ဤစည်းမျဉ်းများကို ချိုးဖောက်ခြင်း၊ ပလက်ဖောင်းကို အလွဲသုံးစားပြုခြင်း သို့မဟုတ် လိမ်လည်မှုများတွင် ပါဝင်ခြင်း။
ပလက်ဖောင်းတွင် ပြောင်းလဲမှုများကြောင့် အကောင့်ပိတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းများ လိုအပ်ခြင်း။
ပလက်ဖောင်း၏ ထိရောက်မှုကို ထိန်းသိမ်းရန်အတွက် သတ်မှတ်ထားသော ကာလအတွင်း အသုံးမပြုသော အကောင့်များကို ဖယ်ရှားခြင်း သို့မဟုတ် ပိတ်ခြင်း။
သုံးစွဲမှုရပ်တန့်ခြင်း၏ သက်ရောက်မှု-
ပြီးဆုံးခြင်း သို့မဟုတ် အသုံးမပြုခြင်းအပြီးတွင်၊ အသုံးပြုသူများသည် ၎င်းတို့၏ အကောင့်နှင့် ဆက်စပ်သော အချက်အလက်များကို ဆုံးရှုံးနိုင်ပါသည်။
Sabai Job သည် ဥပဒေအရ သို့မဟုတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုသူ၏ အချို့သော အချက်အလက်များကို သိမ်းဆည်းထားနိုင်ပါသည်။
၉။ စည်းမျဉ်းများတွင် ပြောင်းလဲမှုများ
Sabai Job သည် ဤစည်းမျဉ်းများကို မည်သည့်အချိန်တွင်မဆို အပ်ဒိတ်လုပ်ရန် သို့မဟုတ် ပြင်ဆင်ရန် အခွင့်အရေးရှိပါသည်။ အကယ်၍ သိသာထင်ရှားသော ပြောင်းလဲမှုများ ပြုလုပ်ပါက၊ အက်ပ်မှတစ်ဆင့် အသုံးပြုသူများကို အသိပေးပါမည်။ ပြင်ဆင်မှုများပြုလုပ်ပြီးနောက် ပလက်ဖောင်းကို ဆက်လက်အသုံးပြုခြင်းဖြင့် သငသည် မွမ်းမံထားသော စည်းမျဉ်းများကို လက်ခံပါသည်။
၁ဝ။ ဆက်သွယ်ရန် အချက်အလက်
သင့်တွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက၊ အောက်ပါအချက်အလက်များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်-
📧 အီးမေးလ်: team.sabaijob@gmail.com
📲 WhatsApp နှင့် LINE: +66616796563
Sabai Job ကို အသုံးပြုခြင်းဖြင့်၊ သင်သည် ဤစည်းမျဉ်းများကို ဖတ်ရှုနားလည်ပြီး သဘောတူကြောင်း ဝန်ခံပါသည်။
[a]refer to privacy policy