ကွန်ပျူတာအတွင်းရှိ Program များ/ Console များ အစရှိသည်များကို Run box ထဲကနေ သက်ဆိုင်ရာ

Command များရိုက်ပြီး ဖွင့်နိုင်ပါတယ်. အဲဒီလို အလွယ်ဖွင့်နိုင်ဖိုအတွက် Command များကို

အလွတ်ကျက်ရပါတယ်. အဲဒီ Command တွေကတော့ လေ့လာရင် လေ့လာသလောက်

မြောက်မြားစွာရှိပါတယ် ကျနော်ဒီမှာ ဆွေးနွေးချင်တာက အဲဒီ Command တွေက ဘယ်ကနေ၊ ဘယ်လို    

ဖြစ်ပြီးတော့ Run Box ထဲရိုက်ထည့်ရုံနဲ့ ပွင့်လာသလဲဆိုတာကို ပြောချင်တာပါ..

ကျနော်နားလည်သလိုဘဲ ပြောပါ့မယ် Run box ဟာ System ရဲ့ Background ကို ၀င်ရောက်မဲ့

ဝင်ပေါက်တစ်ခုပါ

System အတွင်းထဲမှာရှိကြတဲ့ Program တွေ၊ Console တွေ စတာတွေမှာလည်း သူတို့ရဲ့

ဖိုင်အမည်တွေရှိကြပါတယ် အဲဒီဖိုင်အမည်တွေကို Run box ကနေ့လှမ်းခေါ်လိုက်တာပါ (ဟေ့

ဘယ်သူဘယ်ဝါရေး ဆိုပြီးတော့ ခေါ်လိုက်တာပါ)

အဲဒီလိုလှမ်းခေါ်လိုက်တာနဲ့ System အတွင်းမှာ ရှိတဲ့ Program တွေ၊ Console တွေဟာလည်း

သူတိုကိုတော့ ခေါ်နေပြီးဆိုပြီး ပြန်ထူးနိုင်အောင် စနစ်မှာ ဆောင်ရွက်ပေးထားတာပါ ဒါကြောင့်

ကျနော်တို့အနေနဲ့ သိထားရမှာက

၁. System အတွင်းမှာရှိတဲ့ Program တွေ၊ Console တွေရဲ့ အမည်ကို အတိအကျသိရမယ် (ဒါမှလည်း Run

box ကနေ သက်ဆိုင်ရာ Command ကိုရိုက်ဖွင့်တာနဲ့ ပွင့်လာမှာပါ)

၂. Runbox ကနေ command လေးတွေရိုက်ဖွင့်တာနဲ့ ဘာကြောင့် ပွင့်တာလည်းဆိုတာကို သိထားရမှာပါ၊

ဒါကတော့ System Enviroment မှာ သက်ဆိုင်ရာ Program တွေ၊ Console တွေ တည်ရှိမဲ့ လမ်းကြောင်း

(File Path)ကို သွားထည့်ပေးထားတာပါ

ဒါမှာလည်း Run box ကနေ သက်ဆိုင်ရာဖိုင်ကို ဖွင့်လိုက်တာနဲ့ သတ်မှတ်ပေးထားတဲ့ လမ်ကြောင်းအတိုင်း

ဖွင့်ပေးတဲ့သဘောပါ.

အဲဒီသဘောတရားကို သိတယ်ဆိုရင် မိမိအနေနဲ့လည်း System အတွင်းမှာရှိတဲ့ Program တွေ၊ Console

တွေကို ဖွင့်နိုင်ရုံတင်မကဘူး မိမိအသုံးပြုနေတဲ့ ဖိုင်များ / ဖိုဒါများကိုပါ အလွယ်တကူ Run box

ကနေဖွင့်နိုင်ပါလိမ့်မယ်.

အခု ကျနော်တို့ ကြိုက်နှစ်သက်ရာ ဖိုင်များ / ဖိုဒါများကို Run box ကနေဖွင့်ရအောင်

ဆောင်ရွက်စရာကတော့ အဆင့်(၃)ဆင့်ဘဲရှိပါတယ်

၁. နှစ်သက်ရာ နေရာမှာ ဖိုဒါတစ်ခုတည်ဆောက်ပါ (System Enviroment မှာ

လမ်းကြောင်းသတ်မှတ်ပေးနိုင်ရန်)

၂.System Enviroment မှာ လမ်းကြောင်းသတ်မှတ်ပေးရပါ့မယ်

၃.မိမိ ဆောက်ထားသော ဖိုဒါအတွင်း မိမိဖွင့်လိုသည့် ဖိုင်များ/ ဖိုဒါများကို Short cut

တည်ဆောက်ထားရပါ့မယ် (Short cut ရဲ့ ဖိုင်အမည်ကိုလည်း Run box မှာ အလွယ်ရိုက်ထည့်နိုင်မဲ့

ဖိုင်အမည်အတိုဆုံးကိုပေးရင် ပိုကောင်းပါတယ်)

ဒါဆိုရင် Run box ကနေ မိမိရဲ့ ဖိုင်များ/ ဖိုဒါများကို ဖွင့်နိုင်ပါပြီ

အခု အဆင့်(၃)ဆင့်ကို တစ်ဆင့်ချင်း ဆောင်ရွက်သွားပါ့မယ်

အဆင့်(၁)

ဒီအဆင့်ကတော့ မိမိနှစ်သက်ရာမှာ ဖိုဒါတစ်ခုဆောက်တာပါ (ကျနော်ကတော့ သူများတွေ အလွယ်တကူ

မိမိရဲ့ ဖိုဒါကို မဖျက်မိအောင် C: အောက်က Program အောက်မှာသွားပြီး ဖိုဒါတစ်ခုဆောက်ပါတယ်)ပြီးရင်

ဆောက်ထားတဲ့ ဖိုဒါကိုဖွင့်ပါ ပြီးရင် Address bar ထဲက File လမ်းကြောင်းကို Select မှတ်ပြီး Copy

လုပ်ထားပါ

အဆင့်(၂)

Desktop ပေါ်မှာရှိတဲ့ My Computer ပေါ်မှာညာကလစ်နှိပ်ပြီး Properties ကိုထပ်ကလစ်ပါ ဒါဆိုရင် System

Properties box ကျလာပါ့မယ်

အဲဒီမှာရှိတဲ့ အပေါ်နားက Tab တွေထဲက Advanced tab ကိုရှာပြီး ကလစ်ပါ

ပြီးရင် အောက်နားမှာ Environment Variables ဆိုတာက ထပ်ကလစ်ပါ

ဒါဆိုရင် box တစ်ခု ထပ်ကျလာပါလိမ့်မယ် အဲဒီမှာ အပိုင်းနှစ်ပိုင်းရှိပါတယ် အပေါ်အပိုင်းကိုတော့

မပြောတော့ပါဘူး အောက်အပိုင်းက System Variables အပိုင်းကတော့ ကျနော်တို့ Run box မှာ

ရိုက်ထည့်လိုက်မယ် Command တွေကို နားလည်ပြီး သက်ဆိုင်ရာဖိုင်တွေကို ဖွင့်ပေးနိုင်အောင်နှင့်

လမ်းကြောင်းရှာပေးနိုင်ရန် လမ်းကြောင်း( Path) သတ်မှတ်ပေးရမှာပါ

System variables အောက်မှာ path ဆိုတာကိုရှာပြီး တစ်ချက်ကလစ်ပါ ပြီးရင် သူ့အောက်က Edit

ကိုကလစ်လိုက်ပါ ဒါဆိုရင် box သေးလေးတစ်ခုကျလာပါ့မယ် အဲဒီမှာ ညာဘက်မျှားနဲ့ အထဲမှာရှိတဲ့

စာသားတွေရဲ့ နောက်ဆုံးကိုသွားပါ ပြီးရင် စာသားရဲ့နောက်ဆုံးမှာ Semi column(;)ကို ရိုက်ပြီး ခုနက copy

ကူးထားတဲ့(မိမိတည်ဆောက်ထားတဲ့) ဖိုင်လမ်းကြောင်းကို Paste လုပ်လိုက်ပါ

ဒါဆိုရင် System Environment မှာ လမ်းကြောင်းသတ်မှတ်ပေးပြီးသွားပါပြီ

အဆင့်(၃)

နောက်ဆုံးအဆင့်ကတော့ မိမိဖွင့်လိုတဲ့ ဖိုင်(သို့)ဖိုဒါကို ခုနက မိမိတည်ဆောက်ထားတဲ့ ဖိုဒါထဲမှာ short cut

တည်ဆောက်တဲ့အပိုင်းပါ

မိမိတည်ဆောက်ထားတဲ့ ဖိုဒါကိုဖွင့်ပါ လွတ်တဲ့နေရာမှာ ညာကလစ်နှိပ် New ကိုကလစ် ပြီးရင် Short cut

ကိုထပ်ကလစ်ပါ ဒါဆိုရင် box တစ်ခုကျလာရင် Browse ကိုကလစ်ပြီး မိမိဖွင့်လိုတဲ့ ဖိုင်(သို့)ဖိုဒါကို

ရှာပြီးရွေးပေးပါ ပြီးရင် OK ကိုကလစ်ပါ ပြီးရင်တော့ Next ပေါ့ ပြီးရင် runbox မှာ မိမိရိုက်ထည့်ရမှာ

စာသားအဖြစ် အလွယ်ဆုံးနဲ့အတိုဆုံး ဖြစ်မဲ့စာသားကို ရိုက်ထည့်ပါ ပြီးရင်တော့ Finish ပေါ့ ဒါဆိုရင်

အားလုံးပြီးသွားပါပြီး

Run box ကနေ မိမိဖန်တီးခဲ့တဲ့ ဖိုင်(သို့) ဖိုဒါအမည်ကို ရိုက်ထည့်ပြီး ဖွင့်ကြည်ပါ

အဆင်ပြေပါလိမ့်မယ်

အခက်အခဲရှိရင် ကျနော်ဆွေးနွေးခဲ့တာတွေကို နောက်တစ်ခေါက်လောက်ထပ်ဖတ်ပြီး ပြန်လုပ်ကြည့်ပါ