ဤ လမ်းညွှန်သည် Eletronic Frontier Foundation ၏ ‘ Surveilllance Self-Defense ‘ ပရိုဂရမ် မှ မှီငြမ်း ပြုစုထားခြင်းဖြစ်ပါသည်။ https://ssd.eff.org/en/module/how-use-keepassxc
Keepass XC ဆိုတာ သင့်ရဲ့ စကားဝှက် ( Password ) တွေကို တစ်နေရာတည်းမှာ သိမ်းထားလို့ရတဲ့ စကားဝှက် စီမံခန့်ခွဲ (Password Manager ) တဲ့ အပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ Password manager ဆိုတာ သင့်ရဲ့ အင်တာနက်ဝန်ဆောင်မှု အကောင့်တွေရဲ့ မတူညီတဲ့ စကားဝှက် တွေကို အများကြီးတွေ မှတ်ထားစရာမလိုဘဲ သိမ်းထားလို့ရတဲ့ အပလီကေးရှင်း ဖြစ်ပါတယ်။ ခိုင်မာတဲ့ စကားဝှက် တွေကိုလည်း အလိုလျောက်ဖန်တီးလို့ရပါတယ်။ ကိုယ့်ရဲ့ စကားဝှက် တွေကိုသိမ်းထားတဲ့ ဒေတာဘေ့စ် ရဲ့ မာစတာစကားဝှက် တစ်ခုတည်းကိုပဲ မှတ်ထားဖို့ လိုမှာပါ။
KeepassXC နဲ့ အလားတူ KeepassX တို့၊ Keepass တို့ ပြီးတော့ Keepass2 တို့ ရှိပါတယ်။ အကုန်လုံးကတော့ တည်ဆောက်ထားပုံတွေက တူပါတယ်။ ဒါပေမယ့် ဒီ လမ်းညွှန်မှာ KeepassXC ကို ညွှန်းရတဲ့ အကြောင်းအရင်းကတော့ ဒီ KeepassXC က ကွန်ပျူတာမှာရော၊ဖုန်းမှာရောသုံးလို့ရ လို့ ဖြစ်တယ်။ ပြီးတော့ အခြား အပလီကေးရှင်းတွေ ထက် ဒီ အပလီကေးရှင်းက ပိုပြီး မွမ်းမံ ထားတာဖြစ်လို့ပါ။
စကားဝှက် စီမံခန့်ခွဲမှု အပလီကေးရှင်းတွေသုံးတာဟာ မလိုလားသူတွေ၊ တိုက်ခိုက်လိုသူတွေအတွက် ပစ်မှတ်ထားတိုက်ခိုက်စရာ နေရာ သတ်မှတ်ပေးသလိုလည်း ဖြစ်သွားနိုင်ပါတယ်။
လူသုံးများတဲ့ စကားဝှက် စီမံခန့်ခွဲမှု အပလီကေးရှင်းတွေမှာ အားနည်းချက်တွေ ရှိနေတယ် လို့ သုတေသနတစ်ခုက ဆိုပါတယ်။ ဒါကြောင့် ဒီ အပလီကေးရှင်းက ကိုယ့် အတွက် အဆင်ပြေ နိုင်၏၊ မပြေ နိုင်၏ က ကိုယ့် ဘာသာကိုယ်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
Windows/macOS/Linux တို့ အတွက်ဒေါင်းလုတ်ရယူရန်
https://keepassxc.org/download
ကွန်ပျူတာစွမ်းဆောင်ရည်လိုအပ်ချက် - Windows 7 နှင့် အထက်၊ macOS 10.7 နှင့် အထက်၊ Linux (most distros)
ဤလမ်းညွှန်တွင် အသုံးပြုထားသော ဗားရှင်း - KeePassXC 2.2.0
လိုင်စင် - FOSS ( ယခင် GPLv2)
အခြားဖတ်စရာ -
https://github.com/keepassxreboot/keepassxc/wiki
ကြာချိန် - ၅ မိနစ်လောက်ပဲ ဒုက္ခခံ set up လုပ်ပြီးတာနဲ့ တစ်သက်လုံး ခိုင်မာတဲ့ စကားဝှက်တွေ အခက်အခဲမရှိ အသုံးပြုသွားနိုင်မှာပါ။
နောက်ဆုံးမွမ်းမံသည့်နေ့ -
KeePassXC ဘယ်လို အလုပ်လုပ်သလဲ။
KeePassXC ရဲ့ အလုပ်က သင့်ရဲ့ စကားဝှက်စာရင်း ကို ဒေတာဘေ့စ်တစ်ခုဆောက်ပြီးတော့ သိမ်းထားတာဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဒေတာဘေ့စ်က ဝှက်စာစနစ်(Encrypted) နဲ့ လုပ်ထားတာမို့လို့ သင့်ရဲ့ကွန်ပျူတာကို ပိတ်ထားတဲ့ အချိန်မှာ အခိုးခံလိုက်ရတယ်ဆိုရင် အဲဒီ သူခိုးက သင့်ရဲ့ စကားဝှက်တွေကို ကြည့်လို့ရမှာ မဟုတ်ပါဘူး။
စကားဝှက် ဒေတာဘေ့စ်တွေကို မာစတာစကားဝှက် ထားခြင်း အားဖြင့် Encrypt လုပ်လို့ရပါတယ်။ သင့်ရဲ့ မာစတာစကားဝှက်ဆိုတာ သင့်ရဲ့ စကားဝှက်တွေအကုန်လုံးကို ကာကွယ်ထားတာဖြစ်တဲ့ အတွက် မာစတာစကားဝှက်ကို တတ်နိုင်သမျှ ခိုင်မာအောင် ထားဖို့လိုပါတယ်။
မာစတာစကားဝှက် အသုံးပြုခြင်း
မာစတာစကားဝှက် ဆိုတာ စကားဝှက် ဒေတာဘေ့စ်ကို ဖွင့်ဖို့အတွက် အသုံးပြုတဲ့
သော့တစ်ချောင်းပါပဲ။ အဲဒါမရှိဘဲနဲ့ အထဲမှာဘာရှိလဲ ဘယ်သူမှကြည့်လို့မရဘူး။ မာစတာစကားဝှက်သုံးတဲ့ အချိန်မှာ မှတ်သားထားရမယ့် အချက်လေးတွေရှိပါတယ်။
ဒီ မာစတာစကားဝှက်ဟာ သင့်ရဲ့ စကားဝှက်တွေအားလုံးကို ဖွင့်ကြည့်လို့ရတာဖြစ်တဲ့အတွက် တကယ့်ကို ခိုင်မာနေဖို့လိုပါတယ်။ ရှည်ပြီးတော့ သူများခန့်မှန်းဖို့ ခက်ခဲနေရမယ်။ ရှည်လေ Special Character ( *,&,#,$) တွေထည့်စရာမလိုလေဖြစ်ပါတယ်။ ဒါကြောင့် မာစတာစကားဝှက်ကို Passphrase( ဝါကျစကားဝှက် ) ထားတာ ပို သင့်တော်ပါတယ်။ ဝါကျစကားဝှက်ဆိုတာ ကိုယ့်အတွက် မှတ်ရတာလွယ်ပြီး သူများအတွက်ကျတော့ ခန့်မှန်းရတာခက်ခဲမယ့် စကားလုံးတွေအများကြီးပါတဲ့ ဝါကျ တွေကို ဆိုလိုပါတယ်။
မာစတာစကားဝှက်ကို ကြုံရာကျပန်း စကားလုံးတွေ နဲ့ ဖွဲ့စည်းခြင်းဖြင့်လည်း ခိုင်မာတဲ့ မာစတာစကားဝှက် တစ်ခုရနိုင်ပါတယ်။ ဒါဟာ စကားလုံးတွေ သင်္ကေတတွေ ပေါင်းထားတဲ့ စကားဝှက်တွေနဲ့စာရင် ပိုပြီးမှတ်ရလွယ်ပါတယ်။ စကားဝှက် ဖန်တီးတာနဲ့ပတ်သက်ပြီး ပိုသိချင်တယ်ဆိုရင်တော့ ဒီလင့်ခ် ကနေပြီး သွားရောက် လေ့လာလို့ရပါတယ်။
ကဲ… KeePassXC ကို စပြီး သုံးကြည့်ရအောင်
KeePassXC ကို Install လုပ်ပါ။ အပလီကေးရှင်းကို ဖွင့်ပါ။ ပြီးရင် ဒေတာဘေ့စ် Menu ကို သွားပြီး ‘ New Database ‘ ကို နှိပ်ပါ။ စကားဝှက်ဒေတာဘေ့စ်ကို သိမ်းဆည်း ဖို့ ပြောပါလိမ့်မယ်။ ဒီ ဒေတာဘေ့စ်တွေကို နောက်ကျရင် Hard Disk ထဲမှဖြစ်ဖြစ်၊ အခြားကွန်ပျူတာတစ်ခုထဲမှာဖြစ်ဖြစ် ကိုယ် လိုချင်တဲ့နေရာမှာ ပြန်ရွှေ့ပြီးသိမ်းထားလို့ ရတယ်။ ရွှေ့လိုက်ပြီးလို့ရှိရင်လဲ ကိုယ် အရင်ထားထားတဲ့ စကားဝှက် ဒါမှမဟုတ် Key File ကို အသုံးပြပြီးတော့ ပြန်ဖွင့်လို့ရပါတယ်။
Key File ဆိုတာ ဘာလဲ။ မာစတာစကားဝှက် အပြင် Key File ပါထားထားခြင်းအားဖြင့် တစ်ယောက်ယောက်က ကိုယ့်ရဲ့ စကားဝှက် ဒေတာဘေ့စ်ကို ဖွင့်ဖို့ကြိုးစားတဲ့အခါ၊ ခိုးယူဖို့ကြိုးစားတဲ့အခါ တွေမှာ ပိုပြီးတော့ ခက်ခဲစေမှာဖြစ်ပါတယ်။ Key File အနေနဲ့ ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ ဘယ်ဖိုင်ကိုမဆို ထားလို့ရပါတယ်။ တစ်ခု သတိထားရမှာက Key File အနေနဲ့ ထားထားတဲ့ ဖိုင်ကို ဘာအပြောင်းအလဲမှ မလုပ်မိစေဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ Key File အနေနဲ့ ထားထားတဲ့ ဖိုင်ကို သွားပြီး ပြင်လိုက် ရင်၊ ကိုယ်ကိုယ်တိုင်လည်း စကားဝှက် ဒေတာဘေ့စ်ကို ဖွင့်လို့ ရတော့မှာမဟုတ်ပါဘူး။ တစ်ခါတစ်လေ Key File အဖြစ်ထားထားတဲ့ ဖိုင်ကို ဖွင့်လိုက်ရုံနဲ့ ပြင် လိုက်သလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Key File ကို ဒေတာဘေ့စ် ဖွင့်ဖို့အတွက် သီးသန့်ပဲထားတာကောင်းပါတယ်။ ( နေရာရွှေ့တာတို့၊ ဖိုင်နာမည် ပြောင်းတာတို့တော့ လုပ်လို့ရတယ်နော်။ အထဲက အချက်အလက်တွေကိုပဲ မပြောင်းမိဖို့လိုတာ )
ပုံမှန်အားဖြင့်တော့ ခိုင်မာတဲ့ မာစတာစကားဝှက်ထားထားတာ တစ်ခုတည်းကိုက တော်တော်လုံလောက်နေပါပြီ။ Key File ပါထပ်ထား ချင်တယ်ဆိုရင်တော့ သင့်ရဲ့ စကားဝှက် ဒေတာဘေ့စ်နဲ့ အတူတူ မသိမ်းမိဖို့ အရေးကြီးပါတယ်။
နောက်တစ်ဆင့်အနေနဲ့ မာစတာ စကားဝှက် နဲ့ ထားမလား၊ Key File နဲ့ထားမလား မေးပါလိမ့်မယ်။ ကိုယ်နဲ့ အဆင်ပြေမယ့်ဟာကို ရွေးလိုက်ပါ။
စကားဝှက်ကို မြင်ချင်တယ်ဆိုရင် တော့ စကားဝှက် ရိုက်ထည့်တဲ့ နေရာ ဘေးနားမှာရှိတဲ့ မျက်လုံးပုံ လေးကို နှိပ်ပြီး ကြည့်လို့ရပါတယ်။
စကားဝှက်တွေကို စီစဥ်မယ်
KeepassXC မှာ သင့်ရဲ့ စကားဝှက်တွေကို အုပ်စုတစ်ခု တစ်နည်းအားဖြင့်ပြောရရင် ဖိုင်တွဲတစ်ခုထဲမှာ စုပြီးသိမ်းထားလို့ရပါတယ်။ အဲ့ဒီ့ထဲမှာ အုပ်စုတွေ အုပ်စုခွဲတွေကို Menubar က menu ဆိုတာကို နှိပ်ပြီး အုပ်စုတွေကို ဖန်တီးလို့ရတယ်၊ ဖျက်လို့ရတယ်၊ ပြန်ပြင်လို့ရတယ်။ ဒါမှမဟုတ်ရင်
Keepass XC ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတဲ့ အုပ်စုပေါ်မှာ ညာဘက် ကလစ်နှိပ်ပြီးတော့လည်း လုပ်လို့ရပါတယ်။ အရမ်းလုပ်ရတာ လွယ်ကူပြီးတော့ အဲ့လိုလုပ်လိုက်ခြင်းက Keepass ရဲ့ လုပ်ဆောင်မှုတွေကို ဘာမှ မထိခိုက်စေပါဘူး။
စကားဝှက်များ သိမ်းဆည်းခြင်း/ဖန်တီးခြင်း/ပြင်ဆင်ပြောင်းလဲခြင်း
လှို့ဝှက်စကားအသစ်တစ်ခုကိုပြုလုပ်ရန် သို့ မဟုတ် သင့်မှာရှိပြီးသား လှို့ ဝှက်စကားကို သိမ်းဆည်းရန်အတွက် သင်သိမ်းထားချင်တဲ့စကားဝှက်ထားမယ့်အဖွဲ့ ကိုနှိပ်လိုက်ပြီး ညာဖက်နေရာတစ်ခုမှ ညာဖက်ကိုနှိပ်ပြီး နေရာအသစ်တစ်ခုထပ်ထည့်ရနကိုရွေးလိုက်ပါ။
“Title” မှာ ခေါင်းစဥ်ကို ရိုက်တဲ့အခါမှာ မြင်လိုက်တဲ့ ဒါဘာအတွက်ဆိုပြီး သိနိုင်တဲ့ ခေါင်းစဥ်တွေ ထည့်ပါ။ ဥပမာ - ဝဘ်ဆိုဒ်နာမည် ဒါမှမဟုတ် စကားဝှက်ကို သုံးထားတဲ့ ဝန်ဆောင်မှု
“Username” ထဲမှာ စကားဝှက်နဲ့ သက်ဆိုင်တဲ့ အသုံးပြုသူနာမည်ကို ထည့်ပါ။ (အကယ်၍ အသုံးပြုသူနာမည်မရှိပါက ဒီအတိုင်းပဲ ထားခဲ့ပါ)
“Password” ထဲမှာ စကားဝှက်ကို ဖြည့်ပါ။ စကားဝှက်အသစ်တစ်ခုကို လုပ်ချင်တယ်ဆိုရင် ညာဘက်မှာရှိတဲ့ အံစာတုံးပုံလေးကို နှိပ်ပါ။ ဒါကို ဝဘ်ဆိုဒ်အသစ်တစ်ခုမှာ မှတ်ပုံတင်တဲ့အခါဖြစ်ဖြစ် အရင်တုန်းက အားမကောင်းတဲ့ စကားဝှက်အဟောင်းကို အားကောင်းပြီး ကျပန်းဆန်တဲ့ စကားဝှက်အသစ်နဲ့ အစားထိုးချင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်။ အံစာတုံးပုံကို နှိပ်လိုက်ပြီးတဲ့အခါ စကားဝှက်ထုတ်လုပ်တဲ့ မျက်နှာပြင်လေး ပေါ်လာပါလိမ့်မယ်။ ဒါကို ကျပန်းစကားဝှက်ကို လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဘယ်လို အက္ခရာ၊ ကိန်းဂဏန်းတွေ ပါစေချင်တယ်၊ စကားဝှက်ကို ဘယ်လောက်ရှည်စေချင်တယ်ဆိုတာတွေကို ရွေးလို့ရပါတယ်။
သတိပြုရမှာကတော့ ကျပန်းစကားဝှက်တစ်ခုကို ဖန်တီးလိုက်တဲ့အခါ အဲဒီ့စကားဝှက်ကို မှတ်မိစရာမလို (မှတ်ကို မှတ်မိမှာ မဟုတ်ပါဘူး)။ KeePassXC က သိမ်းထားပေးပြီးတော့ လိုချင်တဲ့အချိန်မှာ copy/paste လုပ်လိုက်ရုံပါပဲ။ စကားဝှက်က ဘာဆိုတာကို သိစရာမလိုပဲ ဝဘ်ဆိုဒ်နဲ့ တခြားဝန်ဆောင်မှုတွေအတွက် အားကောင်းပြီး ရှည်လျားတဲ့ စကားဝှက်တွေ ပေးနိုင်ဖို့ဆိုတာကလည်း
စကားဝှက်မန်နေဂျာ သုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းပဲလေ။
အဲ့တာကြောင့် စကားဝှက်တွေကို
ရှည်နိုင်သမျှ ရှည်နိုင်အောင် နဲ့ စာလုံးတွေကို ဖြစ်နိုင်သမျှ မတူတာတွေထားသင့်ပါတယ်။
အက္ခရာတွေ ကိန်းဂဏန်းတွေကို ကြိုက်သလို ရွေးထားပြီးပြီဆိုရင် စကားဝှက်ကို ဖန်တီးဖို့အတွက် “Generate” ကို နှိပ်ပါ။ ဖန်တီးလိုက်တဲ့ စကားဝှက်က “Password” နဲ့ “Repeat” ထဲမှာ အလိုအလျောက် ပေါ်လာပါလိမ့်မယ်။ KeePassXC ဗားရှင်းအဟောင်းကို သုံးနေတာဆိုရင် အလိုအလျောက် ပေါ်မလာတဲ့အတွက် “Apply” ဆိုတာကို အရင်နှိပ်ပေးရပါမယ်။ (တကယ်လို့ ကျပန်းစကားဝှက်တစ်ခုကို ဖန်တီးတာမဟုတ်ဘူးဆိုရင်တော့ “Repeat” ထဲမှာ နောက်တစ်ခေါက် ထည့်ပေးဖို့ လိုပါမယ်။) ပြီးရင် “OK” ကို နှိပ်ပါ။
သင်၏စကားဝှက်သည် ယခုသင်၏စကားဝှက်အချက်အလက်များသိမ်းဆည်းရာနေရာတွင်ရှိနေပြီးဖြစ်ပါတယ်။ပိုမိုသေချာစေရန်အတွက် ပြင်ထားသောစကားဝှက်ထားရာနေရာကိုသိမ်းရန်အတွက် အချက်အလက်ထားရာနေရာကိုသွားပါ။၎င်းမှ အချက်အလက်နေရာကို သိမ်းဆည်းမည်ဟုလုပ်ဆောင်ပါ။
အကယ်၍ သင်၏သိမ်းဆည်းထားသော စကားဝှက်ကို ပြင်ဆင်ရန်/ပြောင်းလဲရန်လိုအပ်ပါက ၄င်း၏အဖွဲ့ ကိုရွေးချယ်ပါ။ပြီးလျှင် ညာဖက်နေရာမှာရှိနေသော ခေါင်းစဉ်ကို ၂ ချက်နှိပ်လျှင် ထည့်သွင်းရန်ပြင်ဆင်ခြင်းဟူသည့် စာတန်းပေါ်လာမှာပဲဖြစ်ပါတယ်။
ပုံမှန်အသုံးပြုခြင်း
သင်ရဲ့ လှို့ ဝှက်စကားသိမ်းဆည်းမှုနေရာကို အသုံးပြုရန်ဝင်ရောက်မှုအတွက် ဝင်ရောက်မည့်နေရာတွင် ညာဖက်ကိုနှိပ်ပြီး အသုံးပြုမည့်သူ၏နာမည် နှင့် လှို့ ဝှက်စကားကို ပုံတူကူးမည်ကို ရွေးချယ်လိုက်ပါ။ ကွန်ပြူတာ၏ ဝက်ဘ်ဆိုက်ဒါမှမဟုတ် ကွန်ပြူတာရဲ့ သင်အသုံးပြုလိုတဲ့ နေရာမှာ paste ချလိုက်ပါ။ ( ဝင်ရောက်မှု၏ ညာဖက်Click နှိပ်ခြင်းအစား အသုံးပြုမည့်သူ၏နာမည် နှင့် လှို့ ဝှက်စကားကို ဝင်ရောက်မည့်နေရာတွင် ၂ ခါနှိပ်၍ရနိုင်ပါသည်။ ၄င်းနည်းအားဖြင့် အသုံးပြုမည့်သူ၏နာမည် နှင့် လှို့ ဝှက်စကားကို သင်၏ clipboard သို့ အလိုအလျောက် ကူးပေးမည်ဖြစ်ပါသည်။
တခြားအင်္ဂါရပ်
KeePassXC က သင့်ကို လုပ်ခွင့်ပြုထားတာတွေကတော့
Browser extension ကို ဘယ်လို သွင်းမလဲ
ဤလမ်းညွှန်ချက်များကို https://keepassxc.org/docs/keepassxc-browser-migration/
မှ ဧပြီလ ၃၀ ရက် ၂၀၁၈ တွင် ရယူထားခြင်း ဖြစ်သည်။
Browser တိုးချဲ့ မှုဆိုသည်မှာ ကွန်ပြူတာညွှန်ကြားချက်တစ်ခုဖြစ်ပြီး ၄င်းသည် သင်၏ browser တွင် အပိုထပ်ထည့်နိုင်သော အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ KeePassXC browser တိုးချဲ့ ခြင်းကို အသုံးပြုခြင်းဖြင့် သင်၏browserအသုံးပြုခြင်းနည်းလမ်းနှင့် KeePassXC အပလီကေးရှင်းနှင့် ဆက်သွယ်မှုပြုလုပ်ရန် အဆင်ပြေချောမွေ့ စေရန်အထောက်အကူပြုပါတယ်။
တင်ဆက်မှုပုံစံ ၂ နှင့် ၃ မှစတင်ပြီး KeePassXC မှ browser plugin အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ၄င်းကတော့ Google Chrome, Chromium, Firefox, Vivaldi တို့နှင့်အံဝင်ခွင်ကျအသုံးပြုနိုင်ပြီး Chrome Web Store နှင့် Mozilla Add-ons ဘဏ်တိုက်တို့ မှာ ရရှိနိုင်ပါပြီ။
အသစ်ထပ်ဖြည့်ပေးထားတာကို KeePassHTTPအဟောင်း(KeePass ချိတ်ဆက်မှုတွေဖြစ်တဲ့ ChromelPss, PassIFox စသည်)ရဲ့ နေရာမှာ အစားထိုးထားပြီး အဲဒီ့ထောက်ပံ့မှုတွေကို နောင်လာမယ့် KeePassXC အသွင်သစ်မှာတော့ ဖယ်ရှားမှာဖြစ်ပါတယ်။
KeePassXC-Browser နှင့် KeePassXC တို့ကိုဘယ်လိုချိတ်ဆက်ကြမလဲ
Keepass ကို ကွန်ပျုတာထဲသို့ ထည့်သွင်း၍ KeepassXC ကို အလွယ်တကူ ဝင်ရောက်နိုင်ရန် မိမိ၏ ဘရောက်ဆာတွင် ထည့်ထားပြီးပါက အပြင်အဆင်များကို ကလိကြည့်ပါ။
KeePassXC ရဲ့ပြင်ဆင်မှုအပိုင်းသို့သွားပြီး Browser ရဲ့ ပူးပေါင်းမှု / KeePassXC Browser ရဲ့ ပူးပေါင်းမှု အောက်မှာရှိတဲ့ browser ပူးပေါင်းခြင်းကိုဖွင့်လိုက်ပါ။ ၄င်းလုပ်ဆောင်ချက်မရှိရင်ဖြင့် Browser ထပ်တိုးခြင်းက KeePassXC နှင့် ဆက်သွယ်၍လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
လုပ်လိုက်ပြီးပြီဆိုရင် အရင် KeePassHTTP မျက်နှာပြင်ကို Legacy Browser Integration / Enable KeePassHTTP ဆာဗာကို အမှန်ခြစ်ပြန်ဖျောက်ပြီး ပိတ်လိုက်နိုင်ပါတယ်။ KeePassHttp-Connector စတဲ့ သွင်းထားပြီးသား ဘယ်လို corresponding browser add-on ကိုမဆို ပြန်ဖြုတ်လို့ ရပါတယ်။
စွမ်းဆောင်မှုကောင်းသောbrowserဖြစ်အောင်ထောက်ပံ့ခြင်း
သင့်ရဲ့browserထဲမှာKeePassXCကိုလက်ခံလိုက်ပါ။KeePassXC program file တွေကို ဘယ်မှာရှာရမယ်လို့ပြောထားဖို့တော့လိုပါတယ်။
Databaseနဲ့ချိတ်ဆက်ခြင်း
KeePassXCကိုဖွင့်ပြီးရင်သင့်ရဲ့databaseကိုဖွင့်ထားပါ။(ဒါကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဆင့်ခြင်းလိုက်လုပ်တဲ့အခါမှသင့်ရဲ့databaseကိုမဖွင့်ထားမိဘူးဆိုရင်KeePassXCအနေနဲ့အလုပ်လုပ်နိုင်မှာမဟုတ်လို့ပါ)
သင့်ရဲ့browserကနေနောက်တစ်နေရာသာံးဖို့KeePassXCကိုနှိပ်လိုက်ပါ။
(အကယ်၍မှားယွင်းနေကြောင်းစာတွေ့လျင်Refreshခလုပ်ကိုနှိပ်ပြီးစက္ကန့်အနည်းငယ်စောင့်လိုက်ပါ)
Connectခလုတ်ကိုနှိပ်လိုက်ပါ window တွင်အမည်တစ်ခုပေးအပ်ရန်တောင်းဆိုမှုပေါ်လာပါမည်။
သင်ရွေးခြယ်ထားတဲ့အမည်ကိုထည့်လိုက်ပါ(သင့်ရဲ့browserတွင်ကိုယ်ပိုင်အမှတ်အသားတစ်ခုထွက်လာမည်)ပြီးရင်Saveကိုနှိပ်လိုက်ရင်ဝင်ရောက်ခွင့်ရပါပြီ။အခုဆိုရင်သင့်ရဲ့browserကKeePassXCနဲ့ချိတ်ဆက်သွားပါပြီ။
အလိုအလျောက်ဖြည့်ပေးခြင်းဟာသင့်ရဲ့လျို့ဝှက်ချက်တွေကိုပေါက်ကြားစေနိုင်ပါတယ်။သင်ဟာsettingsထဲကိုဝင်ပြီးတစ်ကြိမ်တည်းယုံကြည်စိတ်ချစွာဝင်မှာလား နှင့် အသုံးပြုအမည်ကိုအလျိုအလျောက်ဖြည့်ဆည်းခြင်းကိုသက်ဝင်အောင်လုပ်မလား ဆိုတာကို မစစ်ဆေးခဲ့မိရင်ပေါ့။
လုပ်ဆောင်မှုအားလုံးလုပ်ဆောင်ပြီးပါပြီ။အခုဆိုရင်တော့webကိုသွားရောက်အသုံးပြုဖို့ယုံကြည်စိတ်ချရပါပြီ။သင့်ရဲ့အသုံးပြုအမည်တွေနဲ့ စကားဝှက်တွေကို ဖြည့်ဖို့ စိတ်ပူစရာမရှိတော့ပါဘူး။
KeePassXCကိုအလွဲတတကူ အသုံးပြုနိုင်ပြီးဒီဆော့ဝဲဟာခိုင်မာမှုရှိပါတယ်။ဒါကြောင့်သေသေချာချာစူးစမ်းလေ့လာရင်တကယ်အကျိုးရှိစွာအသုံးပြုနိုင်မှာဖြစ်လို့သင်ယူလေ့လာဖို့တိုက်တွန်းလိုက်ပါတယ်။