Published using Google Docs
2021-22 Reopening Plan Summary for Translation - Nathan Hunt.docx
Updated automatically every 5 minutes

BATTLE CREEK အစိုးရစာသင်ကျောင်း

၂၀၂၁-၂၀၂၂ ကျောင်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်များ

လုံခြုံပြီး ကျန်းမာသည့် လူကိုယ်တိုင်တက်ရောက်သည့် သင်ကြားမှုဖြင့် ပြန်လည်ဖွင့်လှစ်ရန်။

Battle Creek အစိုးရစာသင်ကျောင်းတွင် တက်ရောက်ပညာသင်ကြားသည့် ကျောင်းသူ/သားများသည် လူကိုယ် တိုင် ကျောင်းသို့တက်ရောက်သည့် နည်းလမ်းဖြင့် ပညာသင်ယူရန် အကောင်းဆုံးအခွင့်အလမ်းများ ရှိသည်ဟု ကျွန်ုပ်တို့ အကြွင်းမဲ့ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကျောင်းသားတိုင်းအတွက် လုံခြုံပြီး ကျန်းမာ သောသင်ယူမှုပတ်ဝန်းကျင်ဖန်တီးပေးရန်၊ သီးသန့်ခွဲထားရန်လိုအပ်ချက်ကြောင့် ကျောင်းတက်ရက် လွဲချော်ခြင်း များမှ လျှော့ချရန်၊ ဆရာ/မများ၊ သူငယ်ချင်းများ နှင့်အချိန်ကုန်ဆုံးရန် တို့ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ၂၀၂၁-၂၂ ကျောင်းပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်ကို အောက်ပါလမ်းညွှန်ချက်များမှ အခြေခံ၍ ရေးဆွဲထားပါသည်။

BCPS အနေဖြင့် လူထုအတွင်းရောဂါကူးစက်မှုအဆင့်များကို ဆက်လက်စောင့်ကြည့်နေမည်ဖြစ်ပြီး၊ အထက်ဖော်ပြပါ အဖွဲ့အစည်းများ၏ နောက်ထပ်လမ်းညွှန်ချက်အတိုင်း လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်နှင့်အညီ ညှိနှိုင်းလုပ်ဆောင်သွားမှာဖြစ်ပါသည်။

မူကြို မှ ၁၂ တန်း တက်ရောက်ကြမည့် BCPS ကျောင်းသားများသည် လူကိုယ်တိုင်တက်ရောက်သင်ကြားသည့် နည်းဖြင့် ရက်သတ္တပတ်တွင် ၅ ရက်ကျောင်းတက်ရပါမည်* ထိုကဲ့သို့ကျောင်းတက်သောအခါ ကျောင်းသားများ နှင့်ဝန်ထမ်းများအတွက် လုံခြုံပြီးကျန်းမာသောသင်ယူမှုကို မြှင့်တင်ရန် ကြိုတင်ကာကွယ်မှုများပြုလုပ်မှာ ဖြစ်ပါ သည်။ CDC မှအကြံပြုထားသည့်အတိုင်း ရောဂါကြိုတင်ကာကွယ်သည့်နည်းလမ်းအတွက် မျက်နှာဖုံးအသုံးပြုခြင်း၊ အုပ်စုငယ်ဖြင့်သင်ယူခြင်း (cohorting) (မူကြို မှ ၅ တန်း)၊ ထိုင်ခုံသတ်မှတ်ပေးခြင်း (၆ မှ၁၂ တန်း) နှင့် လူမှုရေးအကွာအဝေးတွင် နေထိုင်ခြင်း စသည့်တို့ပါဝင်ပါသည်။

သူငယ်တန်း မှ ၁၂ တန်းကျောင်းသားများအနေဖြင့် လူကိုယ်တိုင်ကျောင်းသို့တက်ရောက်သင်ကြားခြင်း မပြုလို ပါက BCPS Virtual Academy ၌လည်းသင်ကြားရန် စာရင်းသွင်းနိုင်ပါသည်။ ဤအစီအစဉ်သည် ဆရာ/ (သို့မဟုတ်) အုပ်ထိန်းသူ စသည်တို့မှ ပံ့ပိုးမှုအားကောင်းသည့် မိသားစုရှိကျောင်းသားများအတွက် အသင့်တော်ဆုံး သောနည်းလမ်းဖြစ်သည်။ ၎င်းအပြင် သိသိသာသာကျန်းမာရေး စိုးရိမ်စရာများသောမိသားစုများအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်ပါသည်။ 

စာရင်းပေးသွင်းလိုပါက www.battlecreekpublicschools.org/virtual သို့လေ့လာနိုင်ပါသည်။ 

*ECSE & GSRP ကျောင်းသူ/သားများအတွက် သောကြာနေ့တွင် ကျောင်းတက်ရက် မရှိပါ။

BCPS  ၂၀၂၁-၂၀၂၂ ကျောင်းပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အကျဉ်းချုပ် 

လူကိုယ်တိုင်ကျောင်းတက်ပြီးသင်ယူခြင်း (IN-PERSON LEARNING)

BCPS အွန်လိုင်းပညာရေး (VIRTUAL ACADEMY)

မျက်နှာဖုံး (MASKS)

နေ့စဉ်ကျန်းမာရေးစစ်ဆေးခြင်း (DAILY SCREENING)

သန့်ရှင်းရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး (CLEANING & HYGIENE)

ကျောင်းသို့ အလည်လာသူများ (VISITORS)

အစည်းအဝေး၊ လေ့လာရေးခရီး နှင့် ပြင်ပသင်ရိုးညွှန်းတမ်း လှုပ်ရှားမှုများ (ASSEMBLIES, FIELD TRIPS & EXTRACURRICULARS)

အားကစား (ATHLETICS)

သယ်ယူပို့ဆောင်ရေး (TRANSPORTATION)