The HK19 Manual (၂၀၁၉ ဟောင်ကောင်လှုပ်ရှားမှု လက်စွဲ)
ဗမာ | HK | Links & resources |
ချစ်ခင်ရတဲ့ မြန်မာပြည်က ညီအစ်ကို မောင်နှမတို့ရေ… ငါတို့က ဟောင်ကောင်တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်ဆင်နွှဲခဲ့ကြသူတွေ ဖြစ်ပါတယ်။ အခု မင်းတို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ အဖွဲ့အစည်းတစ်ခု ပြန်ဖြစ်လာဖို့အတွက် ငါတို့တွေ မင်းတို့နဲ့အတူ ဒီတိုက်ပွဲမှာ ရပ်တည်သွားပါမယ်။ | Dear brothers and sisters in Myanmar, We are part of the Resistance in Hong Kong, and we look at what is happening to you in Myanmar with concern and great sadness. We share your values, and stand with you in the fight for a just and free society. | |
တို့ဟောင်ကောင်က အခြေအနေနဲ့ မြန်မာက အခြေအနေနဲ့တော့ မတူပါဘူး။ ဒါပေမယ့် ရေရှည်တိုက်ပွဲ အတွက် ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခိုင်မာအောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စစ်တပ်က တရုတ်ကွန်မြူနစ်ပါတီ (CCP)ရဲ့ အထောက်အပံ့တွေ ရထားတဲ့အတွက် ပိုလိုအပ်ပါတယ်။ ပူတင်ရဲ့ အထောက်အပံ့တွေ ရရှိခဲ့တဲ့ ဘီလာရုနိုင်ငံမှာလည်း အလားတူဖြစ်ရပ် ရှိခဲ့ဖူးပါတယ်။ ပထမတစ်လမှာတော့ ငါတို့လိုပဲ အခြေအနေ သိပ်မဆိုးဝါးသယောင် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရက်စက်ကြမ်းကြုတ် အကြမ်းဖက်မှုတွေ၊ ရေရှည်ပိတ်ဆို့ ဖိနှိပ်မှုတွေကို သူတို့ကြုံခဲ့ ရပါတယ်။ ပြည်သူ့ဝန်ထမ်းများ အလုပ်မသွားဘဲ သပိတ်မှောက်ခြင်းကလည်း အာဏာရှင် အစိုးရကိုဖြိုဖျက်ဖို့ အခွင့်အရေးကို နှစ်ဆဖြစ်စေ နိုင်ပါတယ်။ ဒါပေမယ့် အခြေအနေက ခေါင်းပန်းလှန်သလိုဖြစ်နေနိုင်ပြီး ၅ နှစ်လောက်ကြာပြီးမှ ၅၄% လောက် အောင်မြင်မှုရနိုင်သည့် အခြေအနေမျိုး ဖြစ်နေနိုင်ပါတယ်။ ၂၄ နှစ်လောက်ကြာပြီးတဲ့နောက် ဘာတွေဖြစ်လာလဲ မင်းတို့လည်း သိပါတယ်။ (ဟောင်ကောင်သည် ၁၉၉၇ တွင် ဗြိတိန်လက်အောက်မှ တရုတ်လက်အောက်သို့ လွှဲပြောင်းခြင်းခံရသည်။) | Our situations are different, but you may need to steel yourselves for a protracted struggle --- esp since the military seemingly has the blessing of the CCP. There is a semblance with Belarus which has Putin's blessing; they, like us, were buoyant in the first months but also saw brutal and prolonged crack-down. Civil disobedience doubles the odds for toppling dictatorial regimes, but that is still a coin-toss 54% after 5 years. Of course, after 24 years, you know. | |
HK19 တော်လှန်ရေးအတွက် အင်အားဖြစ်စေတဲ့ အရာတစ်ခုကတော့ တရားသေဝါဒကင်းလွတ်ခြင်း(တယူသန်တွေမရှိခြင်း) ပါ။ အာဏာရှင်ဆန့်ကျင်တဲ့နည်းလမ်းအမျိုးမျိုးကို တကယ် လိုက်မလုပ်ကြည့်ဘဲနဲ့တော့ ဘယ်သိနိုင်မလဲ။ ငါတို့လည်းအများကြီးလျှောက်လုပ်ခဲ့တယ်။ အများစုကတော့ ရူးချင်စရာကောင်းလောက်တဲ့ အရာတွေပါပဲ။ | One of the guiding spirit for the HK19 protests is being free from dogma. How would you know something doesn’t work if you don’t try? We tried many crazy things. Most were just crazy :) | |
ကနဦးစတင်ခြင်းအစီအစဥ်အချို့က လှုပ်ရှားမှုကို ရေရှည် အထောက်အကူဖြစ်စေပြီး အကျိူးပြုတွန်းအားပေးနိုင်ခဲ့ပါတယ်။အများစုကတော့ အမှောင်ထဲကနေ အမည်မဖော်ပဲလှုပ်ရှားကြတယ်။ (အဖမ်းခံရဖို့ ရာခိုင်နှုန်းနည်းပြီး ရေရှည်လှုပ်ရှားနိုင်အောင်ပါ) အမှောင်ထဲမလှုပ်ရှားလို့ သတင်းမီဒီယာတွေ အာရုံစိုက်ခံရတဲ့သူတွေက “ဘယ်လို” လုပ်ရမလဲဆိုတာတွေထက် “ဘာ” တွေလုပ်ရမလဲဆိုတဲ့ “စကားသပ်သပ်” သာပြောတတ်တဲ့သူတွေများတယ်။ | Some initiatives were helpful and helped sustain and propel the movement. Many of these manage to stay away from the spotlight (very good when you are trying to survive); even those that get picked up by the press usually focus on the What and seldom the How. | |
“ဘယ်လို” ဆိုတဲ့အရာတွေက ခက်ခက်ခဲခဲ လုပ်ဆောင်ပြီးမှ ရလာတဲ့ အတွေ့အကြုံ ရလဒ်တွေ ဖြစ်ပါတယ်။ ငါတို့တွေက အစပိုင်းမှာတော့ အမှားတွေအများကြီး လုပ်ခဲ့မိတယ်။ ဒါကိုလည်း ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ အချိန်ကုန်လူပန်းသာ ဖြစ်ခဲ့ကြရပါတယ်။ | The Hows are hard-won. None of us knew what we were doing, and we made mistakes and took many false turns. | |
ဒီထဲမှာတော့ မင်းတို့ကို “ဘယ်လို” တွေ လုပ်ဆောင်ရမယ်ဆိုတာ ထဲထဲဝင်ဝင် ပြောပြပေးမယ်။ မင်းတို့ ငါတို့လုပ်ခဲ့တဲ့ အမှားမျိုးတွေ ရှောင်ရှားနိုင်တာပေါ့။ | Here we try to give you an insider’s view of that How, so you will not need to make the same mistakes we did. | |
သတိတော့ထား။ ဟောင်ကောင်က အင်တာနေရှင်နယ် ကျော်ကြားမှုတွေ၊ ပစ္စည်းအင်အား အရင်းအနှီးပေါကြွယ်ဝမှုတွေနဲ့အတူ ဒီဂျစ်တယ်နည်းပညာတွေ တိုးတက်တဲ့၊လူနေထူထပ်တဲ့ နိုင်ငံတစ်ခု ဖြစ်တယ်။ (ငါ့တို့ရန်သူ ၂ ဖက်လုံးမှာလည်း ကွဲပြားတဲ့အချက်တွေရှိတယ်။ ဥပမာ - သူတို့ဆီမှာ CCPရဲ့ ရုပ်သေးအစိုးရ၊ ငါတို့ဆီမှာ စစ်အာဏာရှင်) အဲ့တော့ ငါတို့ အခြေအနေချင်းက ကွာခြားတယ်။ ငါတို့ဘက်ကလည်း တတ်နိုင်သလောက် ငါတို့ရဲ့အရင်းအမြစ်တွေ၊ နည်းလမ်းတွေကို တတ်နိုင်သလောက်ကာကွယ်ထားချင်တယ်။ အကုန်လုံးတော့ ပြောပြနိုင်မှာမဟုတ်ဘူး။ မင်းတို့က “ဘယ်လိုလုပ်ရမယ်” ဆိုတာတွေကို မင်းတို့နိုင်ငံနဲ့ လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲပြီး ပြဿနာတွေကို ဖြေရှင်းဖို့ လိုပါတယ်။ | Be careful. Hong Kong is a very dense city, under the international limelight everywhere, hyper-connected digitally, and resource-rich. (The same also applies, to a greater extent, to the CCP-puppet government!) Our situation is thus very different. We also try to protect, to some extent, our sources and methods, and not everything is spelt out clearly. You will need to adapt the Hows and solve some problems. | |
ဒီ လက်စွဲစာစောင်မှာ အပိုင်း (၂) ပိုင်း ပါမယ်။ | This Manual has two parts: | |
(၁) ပထမတစ်ပိုင်းက HK19 လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကဏ္ဍ အမျိုး ၆၀ ကို ဖော်ပြထားတယ်။ |
| |
(၂) ဒုတိယတစ်ပိုင်းက ကဏ္ဍအမျိုးအစားအလိုက် ဆန္ဒပြသူတွေအတွက် “ဘယ်လို” တွေ လုပ်ဆောင်ရမလဲကို ဖော်ပြထားတယ်။ |
| |
ငါတို့ မြန်မာ-အင်္ဂလိပ် ဘာသာပြန်တွေကနေ တစ်ဆင့် လူတိုင်း မေးလို့ ရနိုင်မယ့် အမေးအဖြေ ကဏ္ဍ လည်း စီစဉ်ထားတယ်။ (ဘာသာပြန်တွေကိုလည်း ကျေးဇူးတင်ပါတယ်။) Link တွေကိုတော့ရှာရလွယ်ကူအောင် ညာဘက်ထောင့်ဆုံးက column မှာထည့်ထားပါမယ်။ အခုပြထားတဲ့ အမေးအဖြေ ကဏ္ဍ လိုမျိုးပေါ့။ | We also have set up a public Q&A for us to have a conversation, mediated through English-Burmese translators. (Thank you translators for your hard work.) To keep links easy to find, they are placed in the right-most column. Like the Q&A! | |
တော်လှန်ရေးမှာ လူတန်းစားပေါင်းစုံ (အသက်အရွယ်၊ ကျား-မ၊ ပညာအရည်အချင်း၊ ဆင်းရဲချမ်းသာမရွေး) ပါဝင်နိုင်တဲ့အခန်းကဏ္ဍတွေရှိပါတယ်။ တော်လှန်ရေးတစ်ခု ဖြစ်မြောက်ဖို့ တစ်မြို့လုံး၊ တစ်နိုင်ငံလုံးပါဝင်ကြရပါတယ်။ | There is a role for everyone, regardless of their age, gender, wealth, or education. Resistance truly takes a city (or a country). | |
အစစအရာရာ ဂရုစိုက်ပါ။ ငြိမ်းချမ်းခြင်းနဲ့ စည်းလုံးခြင်းက သင်တို့နှင့် အတူ ရှိပါစေ။ HK19 | Take care. May Peace and Unity be with you. HK19 |
Physical-based Classes(တိုက်ရိုက်ထိတွေ့သူများ)
7/8. Black Magicians / Critter Magicians
Support Classes(ထောက်ပံ့သူများ)
14. WLF: the Peaceful, Rational, Non-violent Ones
18. Tree-hole (Mental Health Support)
21. Yellow Business Go-Betweens
Information classes(သတင်းအချက်အလက်ပေးသူများ)
23. Telegram admins (for activity channels)
24. Public activity organizers
28. Citizen’s Press Conference
29. Telegram admin (information channels)
31. The Kwan Kung Temple (Press liaison)
The Keyboard Fighters(ကီးဘုတ်ဖိုက်တာများ)
42. The Score-Settling Accountants
Art & Publicity Classes(အနုပညာသမားများနှင့်လူထုကိုတိုက်ရိုက်ဖြန့်ဝေသူများ)
The Politicals(နိုင်ငံရေးသမားများ)
55. Non-party line political organizations
57. Professional / Labor Unions
The International Lines(နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံသူများ)
Value-Adding (Capacity-building) Classes
ဗမာ | HK | Links & resources |
ကန်တုန်(ဟောင်ကောင် တရုတ်) ဘာသာစကားက ရယ်ရပါတယ်။ HK19 လှုပ်ရှားမှုမှာ ရယ်စရာကောင်းတဲ့ ဆောင်ပုဒ်တွေ နဲ့ ဆင်တူတဲ့ စကားအသုံးအနှုန်းတွေ အများအပြားသုံးခဲ့ ပါတယ်။ | Cantonese is a punny language, and the HK19 movement is full of whimsical slogans and analogies. | |
ဆန္ဒပြတဲ့ အကြောင်းအရာတွေကို ပြောဖို့အတွက် အစပိုင်းမှာတော့ RPG (role-playing game) ဂိမ်းတွေမှာ ပါတဲ့ “fire magic - မီးအစွမ်း”, “water magic - ရေအစွမ်း”, “black magic - အမှောင်ထုအစွမ်း[အောက်လမ်း(စုန်းကဝေကဲ့သို့)]” (ဒါတော့ မသိချင်ပါနဲ့) အစရှိတဲ့ စကားလုံးတွေကို စကားဝှက် အဖြစ်သုံးခဲ့ပါတယ်။ ပြီးတော့ “HK Online 2.0” ကပုံမှန် အသုံးအနှုန်းဖြစ်လာတယ်။ | One of the early attempts to disguise the protest was to talk about it as an RPG, and terms like “fire magic”, “water magic”, “black magic” (you don’t want to know…), and “HK Online 2.0” became mainstream usage. | |
ဆန္ဒပြတဲ့ အကြောင်းအရာတွေကို ပြောတဲ့ နောက်ထပ်စကားဝှက် တစ်မျိုးကတော့ ကျောင်းနဲ့ပတ်သက်တာတွေနဲ့ အစားထိုးပြောတဲ့နည်းပဲ ဖြစ်ပါတယ်။ ဥပမာ- ဆန္ဒပြတဲ့သူတွေကို အိမ်ပြန်ရောက်အောင် ကူညီပေးတဲ့ကား ဆိုရင် “ကျောင်းကား”၊ ဆန္ဒပြတဲ့သူတွေအတွက် ကာကွယ်တဲ့ ကိရိယာတန်ဆာပလာတွေကို “စာရေးကိရိယာ ပစ္စည်း” လို့ခေါ်ကြပါတယ်။ (တစ်ခါတစ်ရံ တကယ် စာရေးကိရိယာ ပစ္စည်းများ ပါဝင်တတ်ပါတယ်။) | Another disguise was speaking of protest with school terminology, so a car that helps protesters get home is a “school bus”, and gear for protest are “stationery” (sometimes they are actually stationery!) | |
HK19 မှာတော့ ငါတို့မူရင်းအသုံးအနှုန်းပဲ သုံးခဲ့ပါတယ်။ ငါတို့ ကဏ္ဍတွေခွဲတဲ့အခါ RPG ဂိမ်းထဲကလိုပဲ class - အလွှာနဲ့ role - ကဏ္ဍဆိုပြီးခွဲပါတယ်။ | In HK19 we use these original terms. So when we describe the roles, we refer to them as “class” and “role” (like an RPG) | |
ကဏ္ဍတွေကို ဆန္ဒပြတဲ့သူတွေ ဘာလုပ်တယ်ဆိုတဲ့ အပေါ်မူတည်ပြီး အုပ်စုဖွဲ့ ပါတယ်။ အတိအကျ စီပြီးအလွှာခွဲထားတာတော့ မဟုတ်ပါဘူး။ အရှေ့ကတိုက်ပေးတဲ့သူဖြစ်ဖြစ် နောက်တန်းကနေ ကာကွယ်ပေးတဲ့သူ ဖြစ်ဖြစ် ငါတို့ ညီအစ်ကို မောင်နှမအားလုံးကို ချစ်ပါတယ်။❤️ | While the roles are grouped together based on what they do, they are not arranged in any particular order. We love all our sisters and brothers whether they stand in front of us or take care of our backs ❤️ | |
ကဏ္ဍတွေခွဲပေမယ့် တစ်ခါတလေ ဆန္ဒပြတဲ့သူက တစ်ချိန်တည်းမှာ ကဏ္ဍတစ်ခုထက်ပိုပြီး တာဝန်ယူတာတွေလည်း ရှိပါတယ်။ အဲ့ဒါတွေက အဖွဲ့အတွင်း ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အလွန်အထောက်အကူဖြစ်စေပါတယ်။ | Even though they are listed as separate roles, often protestors “multi-class” and serve more than one role at a time. This is very helpful to build trust across the teams. | |
ထင်သာမြင်သာမရှိတဲ့ အခန်းကဏ္ဍတွေဟာလည်း ထင်သာမြင်သာရှိတဲ့ အခန်းကဏ္ဍတွေလိုပဲ အရေးပါပါတယ်။ အစိုးရနဲ့ သူတို့ရဲ့ ကြေးစားလက်ပါးစေတွေက တစ်ကျိတ်တည်း တစ်ဉာဏ်တည်း မဟုတ်ပေမယ့် မတူညီတဲ့ (ဆန္ဒပြတဲ့သူတွေကို အနှောက်အယှက် ဖြစ်စေမယ့်) အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ အများစုက ကိုယ့်အလုပ်ကိုယ်လုပ်မယ့် ဆင်ခြင်တုံတရားမရှိ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ထိုသူတွေနဲ့ မိသားစုဝင်တွေကို လူမှုအသိုင်းအဝိုင်းကနေပြီး ကဲ့ရဲ့ ရှုံ့ချတာတွေပြုလုပ်ပြီး သူတို့ရဲ့ကောင်းကျိုးချမ်းသာမှုတွေကို လုံလောက်တဲ့ ဖိအားတွေပေးမယ်ဆိုရင်တော့ သူတို့ကိုအခြေအနေတစ်ခုထိတော့ ဆွဲချနိုင်မယ်။ | The non-visible roles are as important as the visible roles. The government and their goons are not a monolithic bloc but rift with fracture lines. Many are unthinking amoral creatures that “are just doing their jobs”. When there is sufficient pressure applied to their welfare (e.g., through public shaming of them and their families) some ranks will break. | |
တချို့ကတော့ နဂိုကတည်းက အာဏာရှင်ဆန်တဲ့ နိုင်ငံရေးသဘောထား အမြင်တွေရှိကြတယ်။ အများစုကတော့ ဥစ္စာဓန၊ နာမည်ဂုဏ် ဒါမှမဟုတ် ခွင့်ပြုချက်တွေလိုချင်လို့ သို့ သာမယ်ထင်လို့ စစ်အာဏာရှင် အစိုးရကိုလော်ဘီလုပ်ကြ ပါတယ်။ (စိတ်မကောင်းစရာက လူမှုအသိုင်းအဝိုင်းထဲက လူတော်တွေ အောင်မြင်မှုတွေ တသီတတန်းကြီးနဲ့သူတွေက ကိုယ်ကျိုးကိုပဲ ပိုပြီးရှေးရှုလာကြတယ်။) အဲ့လိုလူတွေကို လစ်လျူရှုထားလို့ ရပါတယ်။ မင်းတို့အုပ်စု အောင်မြင်တော့မယ့်ပုံပေါက်ရင် မင်းတို့ဘက် ပြန်ရောက်လာပါလိမ့်မယ်။ ပြီးတော့ သူတို့ကအရင်ကတည်းက ဒီမိုကရေစီသမားတွေ ဖြစ်ကြောင်း သက်သောင့်သက်သာနဲ့ ဘာမှမဖြစ်ခဲ့သလို ပြောနေပါလိမ့်မယ်။ | Few are ideologically “pro-dictatorship”. Most who are vocal about supporting a military-authoritarian regime get treasure, fame, or approval from it --- or they are expecting to get these, betting on a winner. (Sadly, the “cleverest”, “most accomplished” members of society are exceedingly prone to self-preservation/advancement.) These people can be ignored. When your coalition looks like it is winning they will come over to your side, conveniently reminding themselves that they have been pro-democracy all along. |
ဗမာ | HK | Links & resources |
လမ်းမပေါ် လူလုံးထွက်ဆန္ဒပြသူတွေဟာ များသောအားဖြင့် ဆန္ဒပြနေကြောင်း ဓာတ်ပုံတွေမှာ ပါလာတတ်တဲ့ အမျိုးသား၊ အမျိုးသမီးငယ်တွေ ဖြစ်ပြီး ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း မထင်ရှားစေရန် လေကာ၊နေကာ မျက်မှန်တွေ၊ မျက်နှာဖုံးတွေနဲ့ အမည်းရောင်ဝတ်စုံတွေ အသုံးပြုကြတယ်။ | The physically-based classes are often the young men and women who appear in the photos of protests --- in black-bloc to protect their identities, with goggles and respirators. | |
ငါတို့ဆီမှာတော့ သူတို့က ဆန္ဒပြပြီး တစ်လအကြာမှာ ပေါ်ထွက်လာပါတယ်။ အစက တစ်သန်း ပြီးတော့ နှစ်သန်းရှိတဲ့ လူတွေက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြဖို့ ထွက်လာကြပြီး ရဲတွေရဲ့ အကြမ်းဖက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်။ | For us, they appeared after a month of protests, when a million and then two millions of the city came out to peaceful marches and were met with violence by the police. | |
အများအားဖြင့် သူတို့က ခံစစ်အနေအထားမှာ ရှိပြီး နေရာတွေဖန်တီးပေးတယ်၊ တစ်ခြားသူတွေ လုံခြုံစွာ ထွက်ခွာနိုင်ဖို့ အချိန်ဆွဲပေးတယ်။ ဖမ်းဆီးထောင်ချခံမှုတွေ ထိခိုက်မှုတွေကို မမှုဘဲ အနစ်နာခံပေးပါတယ်။ | Often they take on a defensive role, creating space and buying time for other civilians to leave safely, at huge personal risk --- of injury and imprisonment --- to themselves. |
ဗမာ | HK | Links & resources |
“ရှေ့တန်းသမား”တွေက သူတို့ကိုယ်သူတို့ အကာကွယ် အပြည့် ဝတ်ဆင်ထားတယ်။ (ဥပမာ- မျက်မှန်၊ မျက်ရည်ယိုဗုံးကာ နှာခေါင်းစီး၊ ချပ်ဝတ်တန်ဆာ၊ ယာယီသုံးဒိုင်းကာ) တစ်ခါတစ်လေ အတားအဆီးဖြစ်စေတဲ့ အဟန့်အတား ကိရိယာတွေနဲ့ ရံဖန်ရံခါ ထီး၊ လောက်လွှဲတို့လိုမျိုး လက်နက်တွေ ဆောင်ထားတတ်ပါတယ်။ | The “front-liners” equip themselves with protective gear (goggles, tear-gas mask, some body armor, makeshift shield), often times tools to create barriers (e.g., forming fence barricades), and sometimes weapons (usually umbrellas, blunts, and slings). | |
အချို့ကျတော့ စိတ်အနှောင့်အယှက်ပေးတဲ့အခါ သုံးလို့ရအောင် လေဆာပစ်ကိရိယာ (laser pointer) တွေကို သယ်ဆောင်လာတတ်ကြပါတယ်။ | Some carry laser pointers as an irritant. | |
အချို့သောအဖွဲ့တွေက လှံတွေ၊ မြားတွေလို လက်နက်အမျိုးမျိုး ကိုင်ဆောင်ပေမယ့် ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ သေနတ်တွေက ဟောင်ကောင်မှာ တရားဝင်ကိုင်ဆောင်ခွင့်မရှိသည့်အပြင် ဝယ်ယူရခက်တာကြောင့် အသုံးမပြုခဲ့သလောက်ပါပဲ။ ယာဉ်အမျိုးမျိုး ရှိနေတဲ့အလယ်မှာ လူတစ်ယောက်ကို သတ်ဖို့က မခက်ပေမယ့် အခြေအနေတွေက ပြင်းပြင်းထန်ထန် အရှိန်မြင့်လာရင်တော့ အကျိုးဆက်တွေကို စဉ်းစားထားဖို့ လိုမယ်။ | Selected groups carried pointed weaponry (e.g., spears & bows), but firearms and explosives are very difficult to obtain in HK and had almost never been used. Killing a human being is not hard when there are vehicles around, but the consequences when the situation is escalated lethally must be considered. | |
ရှေ့တန်းသမားတွေက အများအားဖြင့် လှုပ်ရှားမှုရဲ့ ဗဟိုချက်ဖြစ်တယ်။ ဥပမာ - လမ်းတွေပိတ်အောင် ယာဉ်အသွားအလာကို နှောင့်ယှက်စေချင်တာမျိုး။ | The front-liners are sometimes are the focus of the event --- for example, when the operation is to disrupt traffic --- | |
များသောအားဖြင့် သူတို့က အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကာအကွယ်ပေး၊ အတူရပ်တည်ပါတယ်။ ရဲတွေက ကျူးကျော်ရန်စလာတဲ့အခါ မားမားမတ်မတ် ရပ်တည်ပြီး လူတွေကို လုံခြုံစွာ ထွက်ပြေးလွတ်မြောက်စေပါတယ်။ | But often they appear alongside the Peaceful Rational Non-violent civilians, acting as their protectors and taking the brunt of the police aggression thereby allowing the civilians to safely escape. | |
ဟောင်ကောင်ရဲတွေက ရာဘာကျည်ဆံတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ရေကားတွေကို ဖောဖောသီသီသုံးပါတယ်။ ကျည်ဆံအစစ်ကိုတော့ တော်ရုံသုံးလေ့မရှိပါ။ ရင်ဆိုင်ရတာက ရဲမဟုတ်ပဲ စစ်တပ်ဆိုရင်တော့ဒီအုပ်စုရဲ့ အန္တရာယ်ရှိမှုနဲ့ စွန့်စားရမှုနှုန်းကပို မြင့်မှာပါ။ (ဒီမှာတော့ စစ်ခွေးတွေက ကျည်အစစ်နဲ့ ပစ်တာဖြစ်တဲ့အတွက် ကျည်ကာလုပ်ဖို့လိုအပ်ပါတယ်။ ဤ post တွင် ကျည်ကာလုပ်နည်း ကြည့်ကြပါ။) | The HK police used rubber-bullets, tear-gas, and water cannons liberally, but seldom live rounds. Against an army the risk of this group would be much much higher. |
ဗမာ | HK | Links & resources |
Fire magicians(သူတို့ပေးထားတဲ့နာမည်၀ှက်) သူတို့ကတော့ မီးနဲ့ပေါက်ကွဲစေတဲ့ပစ္စည်းတွေကို အသုံးပြုတဲ့သူတွေဖြစ်ပါတယ်။ ထိုအရာတွေသည် ပြည်သူလူထုကြားမှာ အငြင်းပွားဖွယ်ဖြစ်စေကာ ထိန်းချုပ်ရလည်းခက်ခဲပြီး အလွန်မြင်သာပါတယ်။ ထိုအရာတွေအသုံးပြုခြင်းကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ | “Fire magicians” are front-liners who use fire and explosives. These are controversial amongst the public, difficult to control, and very visible; their use has to be very carefully considered. It is not just a philosophical consideration of whether you should fight fire with fire, but also the pragmatic issue of whether you should be fighting giant mountain fires with the puny candles that civilians have access to. | |
အများအားဖြင့်မီးက လောင်စာဆီနဲ့ မီးလောင်နိုင်တဲ့အရာတစ်ခု ဖြစ်ပြီးတော့ ထိုအရာကို ပုလင်းထဲထည့်ပြီး သုံးကြပါတယ်။အဲ့ဒါကို “Molotov cocktails” လို့သိကြပါတယ်(ဒီမှာဆို မီးကွင်းလို့ခေါ်ကြပါတယ်)။ ပုလင်းထဲကိုထည့်တဲ့ ပစ္စည်းအမျိုးမျိုးပေါ် မူတည်ပြီး ထိခိုက်နိုင်စွမ်းကလည်း မတူညီကြပါဘူး (ဥပမာ- တချို့မီးကွင်းတွေက စွဲကပ်နိုင်တဲ့ မီးတောက်တွေကိုဖန်တီးပေးနိုင်ပြီး တချို့ကျတော့ မြင့်မားတဲ့အပူရှိန် ကိုဖန်တီးပေးပါတယ်)။ မီးကွင်းတွေက လုပ်ဖို့၊သယ်ဖို့၊ပစ်ဖို့ အန္တရာယ်ရှိပါတယ်။ မီးကလည်း လူတိုင်းအတွက် (ပစ်တဲ့သူအတွက်ရော၊ တိုက်ခိုက်ခံရတဲ့သူအတွက်ရော) အန္တရာယ်ပေးနိုင်ပါတယ်။ အတွေ့အကြုံမရှိတဲ့ ပုလင်းပစ်သူတွေက တစ်ခါတစ်ရံမှာ ပစ်မှတ်ကိုထိအောင်မပစ်နိုင်ဘဲ သူတို့အပေါ်ကို လောင်စာဆီတွေလောင်းချမိ တတ်ကြတယ်။ | Fire usually is just fuel and a flame-source; when bottled they are known as Molotov cocktails. Additives in the bottle give them different properties (e.g., sticky flames or high heat). Fire is indiscriminant; the bottles are hazardous to make, hazardous to carry, and hazardous to throw. (Inexperienced throwers often end up pouring fuel on themselves as they throw!) | |
ဟောင်ကောင်မှာတော့ မီးကွင်းအသုံးပြုမှုဟာ ထိရောက်တဲ့တိုက်ခိုက်မှုတွေ သိပ်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဟောင်ကောင်တက္ကသိုလ်တွေကို ရဲတွေဝိုင်းထားခဲ့တဲ့အချိန်တုန်းကပဲ သူတို့ကို မီးကွင်းပစ်ပြီးတိုက်ခိုက်ခဲ့တာဟာ ထိရောက်မှုရှိခဲ့ပါတယ်။ မီးကွင်းတွေက လက်နဲ့ပစ်ရတာဖြစ်တဲ့အတွက် အလွန်ဆုံး မီတာ ၃၀ အထိပဲ အဝေးဆုံးပစ်နိုင်ပါလိမ့်မယ်။ ဒီအကွာအဝေးဟာ စည်း ၃ စည်းအကွာအဝေးဖြစ်တဲ့ မီတာ ၁၀၀ ကိုဘယ်လိုမှမရောက်နိုင်ပါဘူး။ ရဲတွေက သေနတ်သုံးလာခဲ့ရင်လည်း သူတို့ကိုအဝေးကနေ မီးကွင်းနဲ့ပြန်တိုက်ခိုက်ဖို့က ထင်သလောက်မလွယ်ပါဘူး။ | In HK, fire magic saw no meaningful offensive uses outside of the Siege of Universities. The range of hand-thrown cocktails is at best 30 m, well short of the ~100 m stand-off distance (and reach of firearms). | |
မီးကွင်းတွေက တိုက်ခိုက်တဲ့နေရာ ထက်စာရင် ခုခံတဲ့နေရာမှာပိုအသုံးဝင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ မီးကွင်းက လမ်းမှာကာထားတဲ့ အတားအဆီးတွေကို အလွယ်တကူ လောင်ကျွမ်းစေနိုင်တယ်။ နောက်ပြီးတော့ ရဲတွေနဲ့ထိပ်တိုက်တွေ့ရင် သူတို့ရှေ့ဆက်တိုးမလာနိုင်အောင် မီတာ ၃၀ အကွာအဝေး (မီးကွင်း အဝေးဆုံးရောက်နိုင်သော အကွာအဝေး) လောက်ထိ ကြိုတင်ကာကွယ်လို့ရပါတယ်။ | They have seen defensive uses, as it is easy to light up barricades, or throw them at the 30 m range to maintain distance. | |
မီးကို ပစ္စည်းဥစ္စာတွေ ပျက်စီးစေဖို့အတွက် အသုံးပြုကြတယ်။ ဒါပေမယ့် ဘာလို့အသုံးပြုသင့်လဲဆိုတဲ့ အကြောင်းအရင်း ခိုင်ခိုင်လုံလုံရှိသင့်တယ်။ (ဒီအဆောက်အအုံကိုဘာလို့ပစ်မှတ်ထားတယ်,ဒီဆိုင်ကိုဘာလို့မီးရှို့တယ်…) ဆိုပြီး ခိုင်လုံတဲ့အကြောင်းပြချက်ရှိသင့်တယ်။ အဲ့လိုမျိုးမရှိခဲ့ရင် စစ်အာဏာရှင်ဘက်တော်သားတွေက ဒီလိုအရာတွေကို အသုံးချပြီး ဆန္ဒပြသူတွေကို အပုပ်ချတိုက်ခိုက် လာနိုင်ပါတယ်။ ရဲတွေဘက်ကလည်း ဆန္ဒပြသူတွေကို လက်နက်နဲ့နှိမ်နင်းဖို့ အကြောင်းပြချက် ကောင်းကောင်းရသွားတာမျိုးပေါ့။ (ပစ္စည်းဥစ္စာတွေကို မီးနဲ့ ဗြောင်ကျကျ ဖျက်စီးပစ်တဲ့နည်းလမ်းက သိပ်တော့အဓိပ္ပာယ်မရှိလှပါဘူး။ တန်ဖိုးကြီးတဲ့အရာအများစုက အီလက်ထရောနစ်ပစ္စည်းတွေဖြစ်ပြီးတော့ အဲ့ပစ္စည်းတွေက မီးထက်စာရင် ပင်လယ်ရေကြောင့် ပိုမိုပျက်စီးနိုင်ပါတယ်။) | Fire can also be used for arson (destruction of properties). This needs to be very carefully managed --the signaling before and after needs to be very explicit to justify the need for arson (“we will target this building because [...]”, “we burnt this shop because [...]”), otherwise it becomes easy for false flag agents to hijack the incident for future escalation. (There are less overt means of property destruction; the most valuable items are often electronics, which are perhaps more susceptible to sea water than the spectacle of fire.) |
ဗမာ | HK | Links & resources |
“မီးသတ်သမား”တွေက မျက်ရည်ယိုဗုံး တိုက်ခိုက်မှုတွေကို မြန်နိုင်သမျှ မြန်မြန် ငြိမ်းသတ်ကာကွယ်နိုင်စွမ်း ရှိတဲ့ ရှေ့တန်းက လူတွေ ဖြစ်ပါတယ်။ | “Fire-fighters” are the front-liners who specialize in taking out tear-gas shots as quickly as possible. | |
သူတို့ကိုယ်၌မှာတော့ မျက်ရည်ယိုဗုံး အကာအကွယ်တွေ ဖြစ်တဲ့ (၁) လေလုံမျက်မှန်တွေ (၂) Cartridges 60926 အမျိုးအစား လေစစ်ကိရိယာ (အဆိုပါ လေစစ်ကိရိယာ သည် ဓာတ်ငွေ့အမျိုးမျိုး၊ လေငွေ့နဲ့ P100 [99.97 %သော လေထုအတွင်းရှိအမှုန်အမွှားများ] ကိုစစ်ထုတ်ပေးသည်) မီးသတ်သမားများသည် အထက်ပါအရာများကို သယ်ဆောင်ထားလေ့ ရှိကြပါတယ်။ အဆိုပါ လေစစ်ကိရိယာ ကို ဤ link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ | They are usually equipped with as good tear-gas protection gear as possible, which includes: (2) respirators with 60926 cartridges (multi-gas / vapor + P100 filter) | |
ထို့အပြင် အခြားအသုံးအဆောင်များ အနေနဲ့ (၃) အပူခံ လက်အိတ်တွေနဲ့ (၄) ၂လီတာကနေ ၅လီတာထိရှိပြီး တစ်ဝက် (သို့) ၄ပုံ ၃ပုံကို ရေဖြည့်ထားတဲ့ ရေစိုခံအိတ်တွေကိုပါ ယူဆောင်ရပါတယ်။ | And specific equipment that includes: (4) 2--5 L waterproof bags, half or ¾ filled with water. | |
သူတို့က လောလောလတ်လတ် ဖောက်ခွဲထားတဲ့ မျက်ရည်ယိုဗုံးတွေ ကို ရေစိုခံအိတ်ထဲမှာ နှစ်ပြီး အလုံပိတ်ဖို့ ကြိုးစားရပါတယ်။ ဒီနည်းက ရေဖြန်းချတာ၊ ယာဥ်ထိန်းကတော့ (traffic cone) နဲ့ အပေါ်ကနေ အုပ်ချလိုက်တာတွေထက် အများကြီး ပိုအဆင်ပြေပါတယ်။ | They try to approach the freshly shot canister, dunk it in the waterproof bag and seal it off. This takes out the canister completely and works much better than either squirting water on it or covering it with traffic cones. | |
မီးသတ်သမားတွေအဖို့ တစ်ခြား ရှေ့တန်းက လူတွေလိုပဲ အန္တရာယ်တွေ ကြုံတွေ့လာရနိုင်ပြီး ထပ်ဆောင်းပြောရရင် မျက်ရည်ယို ဓာတ်ငွေ့ကြောင့် အသားအရည် စပ်ဖျင်းဖျင်း ဖြစ်တာမျိုးတွေလည်း ကြုံတွေ့လာရနိုင်ပါတယ်။ | Fire-fighters share the same hazards as other front-liners, with the additional chemical irritation from tear-gas on skin. |
ဗမာ | HK | Links & resources |
လှုပ်ရှားမှုရဲ့ အစပိုင်း (ဇွန် ၂၀၁၉) မှာတော့ ဟောင်ကောင်မှာ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ဆန္ဒပြခွင့်ရှိပါ သေးတယ်။ လူသန်းပေါင်းများစွာ ပါဝင်တဲ့ စီတန်းမှုတွေ ရှိခဲ့တုန်းကပါ။ နောက်ပိုင်းမှာတော့ အစိုးရက လူသုံးဦးထက် ပိုမစုရ ဆိုတဲ့ အမိန့်တွေ ထုတ်ခဲ့ပြီးတော့ စီတန်းသူတွေကို အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ ဖမ်းဆီးဖို့ခြိမ်းခြောက်မှုတွေ၊ အများသုံး သယ်ယူပို့ဆောင်မှု (မြေအောက်ရထား၊ မီးရထား) တွေ ပိတ်ထားတဲ့ ကြားထဲက ပြည်သူတွေကတော့ ဆက်လက် စီတန်းလှည့်လည်ခဲ့ကြပါတယ်။ | Early in the movement (June 2019), HK had freedom of assembly, and marches/protests were allowed. This is when million/millions strong marches happened. Soon the State forbids public assembly of more than three people, and forcibly terminates protest marches. Citizens continue to march, despite the threat of arrests and closure of public transport (esp MTR, the underground subway). | |
ရဲတွေ အသုံးများတဲ့ နည်းလမ်းတစ်ခုကတော့ မြေအောက်မီးရထား ဘူတာရုံတွေမှာ ခြေကုတ်ယူပြီး ပြည်သူတွေကို မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ပြီးဖြိုခွင်းတာတွေပါ။ သူတို့ဖြိုခွင်းလို့ အောင်မြင်သွားရင်တော့ လမ်းတွေကို စီးနင်းပြီး စီတန်းသူတွေကို အုပ်စုကွဲအောင် လုပ်တာပါပဲ။ | One popular tactic of the police was to base inside the subway stations, and emerge suddenly to attack (tear-gas / shoot). If their initial assault were successful then they would occupy the route and break a march into multiple sections. | |
“ချိတ်ပိတ်သူ” တွေကတော့ အဲ့လို ရုတ်တရက် ရဲတွေရဲ့ တိုက်ခိုက်မှုကို တန်ပြန်တိုက်စစ်ဆင်ပါတယ်။ သူတို့က အမြဲ သော့နဲ့ ချိန်းကြိုးတွေ၊ စက်ဘီး ခတ်တဲ့ ချိန်းသော့တွေကို အမြဲဆောင်ထားကြပါတယ်။ ပြီးတော့ ရဲတွေ ခြေကုတ်ယူထားတဲ့ ဂိတ်ပေါက်တွေကို ချိန်းကြိုးတွေ သော့တွေ အသုံးပြုပြီး ပိတ်ကြပါတယ်။ ပိတ်ရင်လည်း ဂိတ်တွေ ရဲ့ အမြင့်ဆုံး နေရာတွေကနေ သော့ပိတ်ပါတယ်။ အဲ့လို ပိတ်ခြင်းအားဖြင့် ရဲတွေက သော့ဖွင့်ဖို့နဲ့ အမြင့်တတ်ဖို့ကို ပြုလုပ်ရမှာ ဖြစ်တဲ့ အတွက် အချိန် သုံး ရခြင်းအားဖြင့် ပြည်သူတွေ အတွက် အချိန် ပိုရစေပါတယ်။ | The seal-makers are a response to these “surprise attacks”. They carry additional chains and padlocks / bike locks, and double-lock these gates/subway stations so the police cannot burst from underground. Generally these locks are applied at overhead heights, so that grinding machines / lock-picking will take more time to be set up and thus giving the public more time to respond. |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ရှေ့တန်းသမား အခွဲတွေထဲမှာ Water magicians (သူတို့ ပေးထားတဲ့ နာမည်ဝှက်) အမျိုးမျိုး ပါတယ်။ သူတို့တွေထဲက တစ်ချို့ကတော့ ကြေးစားလူမိုက်တွေ (ရဲတွေ ရဲအယောင်ဆောင်စစ်သားတွေ) ကို ရောင်စုံဆေးရေးတွေ ဖြည့်ထားတဲ့ ရေဘောလုံးတွေနဲ့ ပစ်ပေါက်ပြီး ခေါင်းဆောင်းအကာက မှန်တွေ ဝေဝါးသွားပြီး မမြင်ရတော့အောင်လို့ လုပ်ကြတယ်။ တစ်ချို့တစ်လေတွေဆို အန္တရာယ်ရှိတဲ့ ဓာတုဆေးရည်တွေပါ ထည့်သုံးကြတာမျိုး အထိ ရှိပါတယ်။ | A sub-class of frontliners, there are different kinds of water magicians. Some fill up water-balloons with paint, throwing them at the goons as to cover up their helmet visors. Some launch caustic liquids. | |
ရေဘောလုံး ပစ်တာက သေနတ်ပစ်တာလောက် အဝေးမရောက်နိုင်လို့ ဒီနည်းလမ်းတွေက ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပဋိပက္ခတွေအတွက် သိပ်တော့ ကောင်းကျိုးမရှိနိုင်ပါဘူး။ | These are not very effective in a head-on confrontation, because their projectiles have far shorter ranges than firearms. | |
ဗမာ | HK | Links & resources |
ဒါကတော့ တားမြစ်ချက်လို့ဆိုနိုင်ပေမဲ့ တကယ်ထိရောက်မှုရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း စမ်းလုပ်ကြည့်စေချင်ပါတယ်။ | This is taboo. But effective. | |
အထူးအဖွဲ့အစည်းက စစ်တပ်ကို တားမြစ်ဖို့အတွက် မှော်ဆန်တဲ့အရာတစ်ခုကို ဖော်စပ်ကြတယ်။ ထိုအရာကို မြေပြင်ပေါ် ပေါက်လိုက်ရင် အဲ့နားမှာရှိတဲ့ နှစ်ဖက်လုံးက လူတွေကို နှေးသွားစေ ရပ်သွားစေတယ်။ တစ်ယောက်ယောက်ကို ပစ်လိုက်ရင် အဲ့တစ်ယောက်ကို မသန်စွမ်းတစ်ယောက်လို ဖြစ်သွားစေနိုင်တဲ့အထိကို စွမ်းပါတယ်။ | To deter military advancement, a specialized group ferments secret magic potions. When the bottle is broken on the ground it slows or completely stops passage (by both sides). When the bottle is thrown at a character, the character is disabled. | |
အဲ့အရာ ကို ဖော်စပ်မယ်ဆိုရင်တော့ မင်းဟာ တကယ်ကို သည်းခံနိုင်စွမ်းရှိဖို့လိုသလို မင်းရဲ့မိသားစုဝင်တွေကလည်း သဘောထားကြီးမားမှ အဆင်ပြေပါလိမ့်မယ်။ | This magic potion requires great dedication and very understanding family members. | |
အဲ့ဒီမှော်ဆန်တဲ့အရာကတော့ ချီး(မစင်) ဖြစ်ပါတယ်။ ချီးတွေကို တစ်ခါတစ်လေ နွားနို့နဲ့ ဒိန်ချဉ်ရောပြီး အပူနဲ့ ကစော်ဖောက်ပြီး သုံးတာရှိတယ်။ ရိုးရိုးချီးထက် ပိုနံအောင်လို့ပေါ့။ အောက်လမ်းမှော်ဆရာ(Black Magicians) တွေက အချိန်အခါအလိုက် အထူးဖော်စပ်နည်းအမျိုးမျိုးကိုသုံးပြီး ချီးထုပ်တွေစမ်းသပ်ဖော်စပ်ကြတယ်။ တက်သစ်စ မှော်ဆရာတွေ (အခုမှစမ်းလုပ်ကြည့်တဲ့သူတွေ) ကတော့ အထူးတလည်သတိပြုပါ။ အခက်မသင့်ရင် ချီးထုပ်လုပ်နေတုန်း ချီးတွေ ကိုယ့်ဆီပြန်စင်လာနိုင်ပါတယ်။ အဲဒီလို ချီးမှန်ရင်တော့ ပျော်စရာ မကောင်းဘူးပေါ့ဗျာ။ [ဘာသာပြန်သူမှတ်ချက် - ချီးထုပ်တွေပစ်ပြီး စစ်သားနဲ့ရဲများကို နှိမ်နင်းနိုင်ကြပါစေ။ တကယ်လည်း ထိရောက်မှုရှိနိုင်ပါတယ်။ စမ်းလုပ်ကြည့်ကြပါ။ xD ] | It’s poop, sometimes with milk and yogurt, fermented in the tropical heat. The Black Magicians experimented with different recipes, with a special composition for each occasion. Oh budding Black Magicians beware! It is known to explode from pressure in the brewing process. That’s shitty. |
ဗမာ | HK | Links & resources |
တွေ့မြင်ခဲ့တာ မှန်သမျှ သတင်းပေးပို့တဲ့ သူကို “ကင်းထောက်” လို့ ညွှန်းဆိုနိုင်ပါတယ်။ ရဲတွေရဲ့ လှုပ်ရှားမှုတွေကို လူမှုကွန်ယက်တွေကနေပဲ ဖြစ်ဖြစ်၊ Telegram ကနေပဲ ဖြစ်ဖြစ် သတင်းပေးပို့နေတဲ့ လူတိုင်းဟာ ကင်းထောက်တွေပါပဲ။ အထူးကင်းထောက်တာဝန် ထမ်းဆောင်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျလေ့ကျင့်ရင်းဆင်းထားတဲ့၊ ပိုမှန်၊ ပိုတိကျတဲ့သတင်းတွေချည်းပို့ရတဲ့ သူတွေလည်း ရှိပါတယ်။ သူတို့က လူအုပ်ထဲမှာ ရောနေကာ ဖိအားကြားမှာ အလုပ်လုပ်ရတဲ့သူတွေဖြစ်ပါတယ်။ | “Scouts” describe everyone who reports what they saw. | |
တစ်ချို့ကင်းထောက်တွေက မြေပြင်အခြေအနေကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ဖို့ ရှေတန်းက လူတွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားမှု တစ်ခုမှာ တစ်ယောက်နှုန်း ဒါမှမဟုတ် အမြဲတစေ အခြေခံကျတဲ့ လူအဖြစ် ရှိနေတတ်ပါတယ်။ | Some scouts are attached to front-line groups on a per-event or permanent basis, to assist the front-line groups in better understanding the situation on the ground. | |
ကင်းထောက်အဖွဲ့ ဟာ မြေပြင်အခြေအနေ တစ်ခုလုံးရဲ့ မျက်စိသဖွယ် ရှိနေသည့်အားလျော်စွာ Air-Con အဖွဲ့ကလည်း ကင်းထောက်များမှ ရတဲ့ သတင်းအချက်အလက်တွေကို လုပ်ဆောင်ပါတယ်။ အဲဒီအဖွဲ့တွေက နာရီအလိုက် အလှည့်ကျ လုပ်ဆောင်ကြပါတယ်။ | A scout team comprises the eyes on the ground, as well as the Air-Con Team that processes the information delivered by the scouts. These teams often work around the clock in shifts. | |
သတင်းအချက်အလက် အများအပြား ရရှိတာနဲ့ တစ်ပြိုင်နက် သတင်းအချက်အလက်အမှန်အမှားစီစစ်မှုနဲ့ အခြားလုပ်ဆောင်စရာရှိတာတွေ ဆောင်ရွက်ဖို့ရန် ကိရိယာတွေ တီထွင်ပေးဖို့နဲ့ လုပ်ထုံးလုပ်နည်းတွေ ကြံဆပေးဖို့ နည်းပညာအဖွဲ့မှ ကင်းထောက်အဖွဲ့ ကို ထောက်ပံ့ပေးပါတယ်။ | Scout team is usually supported by a Tech Team which devises procedures and invent tools that facilitates processing the large volume (and often uncertain) information stream. | |
တစ်ခါတစ်ရံမှာတော့ ကင်းထောက်တွေဟာ လူတိုင်းအသုံးပြုနိုင်မယ့် ဆန္ဒပြမြေပုံတွေကို မြေပုံဆွဲသူ (Mappers) တွေနဲ့ ပေါင်းပြီး ရေးဆွဲကြပါတယ်။ | They sometimes work with the Mappers to create maps for the public to use. | |
ဆက်သွယ်ရေးနည်းပညာမြင့်သော ဟောင်ကောင်တွင်ပင် သာမန်ပြည်သူများအနေဖြင့် ၎င်းတို့မြင်တွေ့ရသည့်အရာများကို သတင်းပို့သောအလေ့အကျင့်ကိုရရန် ရက်သတ္တပတ်များစွာအချိန်ယူခဲ့ရသည်။ ထို့ကြောင့် မြန်မာပြည်သူများအနေနှင့် ထိုအလေ့အကျင့်ကို စောစောရ ထားလျှင်ပိုကောင်းပါလိမ့်မည်။ ထိုသို့ ပြည်သူများစုပေါင်း၍ သတင်းပို့ခြင်းဖြင့် လူတိုင်းသည် မိမိတို့၏ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အကြောင်းအရာများကို ယေဘုယျသိရှိနားလည်နိုင်ပြီး ကျောင်းကားများ၊ ရက်ကွက်အလိုက် ကင်းစောင့်သူများနှင့် ပူးပေါင်းပြီး လှုပ်ရှားမှုများ၊ တုန့်ပြန်မှုများကို လျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ | It takes weeks (even in hyper-connected HK) for the general citizen to establish the habit of reporting what they see, so this is best started early. The effect is that everyone has a general awareness of what is happening, and working with the Schoolbuses and Neighbourhood watch groups, there can be rapid response organized. |
ဗမာ | HK | Links & resources |
လူတွေအတွက် လိုအပ်တဲ့ ဆေးပညာကုသမှု နှစ်ပိုင်းရှိတယ် -ရှေးဦးသူနာပြု (ယခု section) နဲ့ -ဆေးတပ်သား (section 11) ရှေးဦးသူနာပြုနည်းလမ်းကတော့ လေ့ကျင့်ရေးဆင်းထားရင်ရပါတယ်။ ဒီအပိုင်းမှာတော့ သွေးထွက်ဒဏ်ရာကို သွေးထွက်သည်မှတားခြင်း၊ မျက်ရည်ဗုံးအစရှိသည်များအတွက် မျက်လုံးသန့်စင်ခြင်း၊ လူနာသယ်ဆောင်ခြင်း အစရှိသည်တို့ ပါဝင်ပါတယ်။ အသေးစိတ်ကို လက်စွဲ၏ ဒုတိယပိုင်းတွင် ဖတ်ရှုနိုင်ပါသည်။ အခြေခံ ရှေးဦးသူနာပြုနည်းလမ်းများကို ဤ ဗီဒီယို တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ဆေးတပ်သားအပိုင်းမှာတော့ ဆေးပညာဆိုင်ရာကိရိယာများနဲ့ လူနာကုသမှုဆိုင်ရာတွင် ဒဏ်ရာချုပ်ခြင်း ကျွမ်းကျင်မှုဆိုင်ရာအသိပညာ အတတ်ပညာများ၊ မြေအောက်ဆေးရုံရဲ့ အထောက်အပံ့များ စသည့်လိုအပ်ချက်များကို section 11 တွင် ပုံနှင့်တကွဆက်လက်ဖော်ပြသွားမှာဖြစ်ပါတယ်။ ဆရာဝန် သူနာပြုတွေ ရှေ့တန်းရောက်ဖို့ကြန့်ကြာနေရင် နားလည်ပေးပါ။ စစ်ဆေးပညာမှာဆိုရင် “self aid” (ကိုယ့်ကိုယ်ကုသနည်း) ဆိုတာရှိပါတယ်။ အများပြည်သူကိုယ်တိုင် ကိုယ့်ကိုကိုယ်အရင် ရှေးဦးသူနာပြု ကုသနည်းတွေနဲ့ ကုသနိုင်ဖို့ လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ | There are two kinds of medical care that people will need. In this document we refer to them as First Aid (this section) and Medic (section 11).
| Instructions for being trained up as First Aid and Medic are available in II-10 and II-11. |
ဗမာ | HK | Links & resources |
လူမှု၀န်ထမ်းလို့ခေါ်ကြတဲ့လူထုကသအသိအမှတ်ပြုထားတဲ့ကျွမ်းကျင်သူတွေဟာအခြေအနေတင်းမာမှု(ဥပမာ(ရဲတပ်ဖွဲ့ရဲ့ရန်လိုတဲ့ားဆီးမှုတွေ)ကိုတားဆီးပေးနိုင်ပြီးဖမ်းဆီးခံရတဲ့အရွယ်မရောက်သေးသူတွေနဲ့အတူမှန်ကန်စွာလိုက်ပါသွားပေးကြပါတယ်။ | Social workers, as publicly recognized professionals, can help defuse tense situations (for example, aggressive policing), and rightfully accompany / counsel minors that are arrested. | |
ဟောင်ကောင်မှာတချို့သောသတ္တိရှိတဲ့လူမှု၀န်ထမ်းတွေဟာရှင်းလင်းစွာထုတ်ဖော်ထားတဲ့အင်္ကျီတွေကို၀တ်ဆင်ပြီးအသဲချဲ့စက်များကိုင်ကာရဲတပ်ဖွဲ့ ရဲ့ရှေ့မှာကျွမ်းကျင်မှုရှိရန်နှင့်ကန့်သတ်မှုကိုပြသရန်တိုက်တွန်းကြပါတယ်။ | In HK, some brave social workers wear clearly identified vests, and carry loudspeakers to the front-edge of the police lines, urging them to be professional and show restraint. | |
ပြည်နယ်(နှင့်၎င်း၏တပ်မတော်နှင့်ရဲ့တပ်ဖွဲ့)သည်သူတို့အတွက်ဖြစ်စေ၊ဆန့် ကျင်သည်ဖြစ်စေကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီးအကြောင်းပြခြင်းမဟုတ်ပဲသတိပြုပါ။ထိုလူမှု၀န်ထမ်းများကိုဆူညံစေမှုနဲ့ဖမ်းဆီးပြီးစွဲချက်တင်ခဲ့ပါတယ်။ | Be aware that the State (and its army/police) does not reason in terms of morality, but whether you are for or against them. These social workers have been arrested and charged (for rioting). | |
ဗမာ | HK | Links & resources |
ဆန္ဒပြလှုပ်ရှားမှုများဟာဆက်လက်ရွေ့လျားနေဖို့လိုအပ်ပါတယ်။ ဆန္ဒပြလှုပ်ရှားမှုများဟာ တစ်နေရာထဲမှာ လူအမြောက်အမြား(hot zone)နဲ့ ရှိနေတတ်ပြီး ဆန္ဒပြသူတွေအနေနဲ့ ဆန္ဒပြတဲ့နေရာကနေ လုံခြုံစွာ ဝင်နိုင် ထွက်နိုင်ဖို့ လိုအပ်ပါတယ်။ | Movements need to move. The nature of mass movement is that you need a high density of bodies in one place (the hot zone), and people need safe ways to get in and out. | |
လူအများစုကတော့ အန္တရာယ်နည်းတဲ့ အများပြည်သုံးသယ်ယူပို့ဆောင်ရေးတွေကို အသုံးပြုပြီးတော့ မြို့လယ်ကိုလာကြပါတယ်။ ဒါပေမယ့် ရှေ့တန်းသမားတွေအတွက်တော့ အဆင်မပြေပါဘူး။ အများပြည်သုံးသယ်ယူပို့ဆောင်ရေးတွေ ကပြည်နယ်ရဲ့ဖိအားပေးခြင်းကိုခံရနိုင်တယ် (လူထုကဆန္ဒပြပွဲတွေမှာပါ၀င်မှုကိုတားဆီးနိုင်ရန်အတွက် MTR ပြေးဆွဲမှုကို ရပ်တန့်လိုက်ပါတယ်)။ဒီလိုအခြေအနေမျိုးမှာအန္တရာယ်များတဲ့ညအချိန်မှာပဲသယ်ယူပို့ဆောင်ရေးလုပ်ဖို့ရွေးချယ်စရာအနည်းပဲရှိပါတယ်။ | For most citizens, public transit let them get to the city center from where they live, and there is little risk involved. However, this is not the case for the front-liners (stop-searching usually targets young people) and public transit would bend under pressure of the State (MTR stops service to prevent people from joining protests). In any case, few transportation options are available in the night when the dangers prowl. | |
ကျောင်းကားများဟာနိုင်ငံသားသုံးယာဉ်တွေဖြစ်ပြီး ကားမောင်းသူနှင့်စီးရန် လိုအပ်သောပြည်သူများကိုချိတ်ဆက်ပေးသောကြားခံတာ၀န်ရှိသူပါရှိပါတယ်။ တွေ့တဲ့ကားတက်စီးတာမျိုးက အမှန်တကယ်ယုံကြည်လို့မရနိုင်တဲ့အတွက် ယုံကြည်ရတဲ့အနီးဆုံးကားကိုချိတ်ဆက်ပေးတာမျိုးကို ပိုမိုနှစ်သက်ကြပါတယ်။ | School-buses are fleets of citizen-operated vehicles, with intermediary admins who connect drivers who have a car with citizens who need a ride. This is preferred to “just jumping in the nearest friendly looking car,” because they may not actually be friendly... | |
တာ၀န်ရှိသူတွေဟာ လူထောင်ပေါင်းများစွာကို ကားအစီးရေ ရာပေါင်းများစွာနဲ့ မတူညီတဲ့အချိန်တွေနေရာတွေကိုချိတ်ဆက်ပေးဖို့ လိုအပ်တဲ့အတွက် toi4(Telegram channel) ကိုပြုလုပ်ရခြင်းဟာ ထောက်ပံ့ပို့ဆောင်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ပြည်နယ်ကကွန်ယက်ကို၀င်ရောက်ပြီး ပိတ်နိုင်တဲ့အတွက် နှစ်ဆပိုခက်ခဲပါတယ်။ လုပ်ဆောင်မှုတွေ အားလုံးကို လုံခြုံစွာလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ | Running a toi4 (channel) is a logistical challenge because the admins need to match up thousands of citizens with hundreds of vehicles, each with different timing and destinations. It is doubly difficult as the State will work to infiltrate and disable the network, and all the operations need to take place with an eye on security. | See some of our solutions in II-13. |
ဗမာ | HK | Links & resources |
ဟောင်ကောင်မှ ဒီမိုကရက်တစ်ပါတီသည် သူတို့ကိုယ်ကို 和理非非 wo4 lei5 fei1 fei1 လို့ သုံးနှုန်းကြတယ်။ ဆိုလိုတာက (ငြိမ်းချမ်းသော၊ ဆင်ခြင်တုံတရားရှိသော၊ အကြမ်းမဖက်သော၊ ရိုင်းစိုင်းသည့် စကားလုံးများကိုအသုံးမပြုသော) လမ်းစဉ်ပဲ ဖြစ်တယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို စုစည်းခွင့်ရဖို့ သူတို့ရဲ့ အခွင့်အရေးတွေကို အသုံးချခဲ့တဲ့ ၉၉ ရာခိုင်နှုန်းသော နိုင်ငံသားများအတွက် ကျောရိုးနဲ့ စိတ်ဝိညာဉ် ဖြစ်တဲ့ ဒီဝေါဟာရကို ငါတို့တွေ ဆက်လက်ထိန်းသိမ်းထားတယ်။ | The pan-democrat in HK used to describe themselves as 和理非非 wo4 lei5 fei1 fei1, that is, “Peaceful, Rational, Non-violent, No-to-even-foul-language”. We retained the term for the 99% of the citizens --- the backbone and soul of the movement --- who exercise their rights to free assembly and free expression. | |
အနောက်နားက fei1 ကိုတော့ ငါတို့ ဖြုတ်ထားခဲ့တယ်။ ဘာလို့လဲဆိုတော့ Cantonese ဒေသခံတွေက တစ်ချိန်လုံး ကျိန်ပြောနေကြပြီး အထူးသဖြင့် တရားမမျှတတဲ့ အကြမ်းဖက်မှုတွေ ကြုံလာတဲ့အခါ အသုံးပြုနေကြလို့ပါ။ | (We dropped the last fei1 because Cantonese native speakers swear all the time anyway, and especially so when faced with the unjust and violence.) | |
The 2014 Umbrella Revolution မှာတော့ လူတွေ အချင်းချင်း မတူညီတဲ့ နည်းလမ်းတွေ၊ ဗျုဟာတွေကို ရွံရှာပယ်ဖျက်ပြီး အလုပ်အတူတူ တွဲလုပ်ဖို့ ငြင်းဆိုကြတဲ့အခါ ငြိမ်းချမ်းစွာ အကြမ်းမဖက် ဆန္ဒပြသူတွေနဲ့ ရန်လိုတက်ကြွသူတွေဆိုပြီး နှစ်မျိုးကွဲခဲ့ပါတယ်။ HK19 မှာတော့ ရှေ့တန်းသမားတွေနဲ့ အကြမ်းမဖက် ဆန္ဒပြသူတွေကြား လေးစားမှုရှိခြင်းနဲ့ တစ်ယောက်နည်းလမ်းအပေါ် တစ်ယောက် သည်းခံနားလည်ပေးခြင်းတို့လိုမျိုး ရှုပ်ထွေးတဲ့ အပြောင်းအလဲအရွေ့တွေကို မြင်ရတယ်။ ဒီလိုတွေ့ရတာကြောင့်ပဲ အပတ်စဉ် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြတဲ့လူထု ၁ သန်း၊ ၂ သန်း လောက်ကို အစိုးရက တုံ့ပြန်တာမျိုး မရှိခဲ့ဘူး။ သို့ပေမယ့် ဖိနှိပ်ဖို့အတွက် အကြမ်းဖက်နိုင်မယ့် အရာတွေကို ပြုလုပ်ခဲ့ကြတယ်။ | The 2014 Umbrella Revolution saw clear divisions between the WLF and the “aggressives”, where they detested one another’s tactics and methods, and refused to work with one other. HK19 sees a much more intricate dynamic between the WLF and the front-liners, with greater respect and tolerance for one another’s methods (和勇不分 wo4 yung5 bat1 fan1). This is probably because we saw that, despite peaceful marches of 1 and 2 million on consecutive weekends, the government did not respond but simply unleashed more resources (and violence) in repression. | |
စည်းလုံးညီညွတ်စွာနဲ့ ရှေ့တန်းကလူတွေကို အကာအကွယ်ပေးဖို့ ငိုကြွေးပူပန်ခြင်းတွေ ပြသခြင်း၊ ပိုင်ဆိုင်မှု တစ်စုံတစ်ရာ ထိခိုက်ဆုံးရှုံးတာတွေ မပါဝင်တဲ့ ဆန္ဒပြမှုတွေအတွက် အထောက်အပံ့ပေးခြင်းအားဖြင့် အကြမ်းမဖက် ဆန္ဒပြသူတွေရဲ့ သတ္တိကို “တရားမဝင် လူစုဝေးခြင်း” တွေမှာ တွေ့နိုင်တယ်။ (လူစုဝေးခြင်းတွေအကုန်လုံးကတော့ တရားမဝင် လုပ်တာပါပဲ) ဟောင်ကောင်ရဲ့ အကြမ်းမဖက် ဆန္ဒပြသူတွေကတော့ လူတန်းရှည်ကြီးပါဝင်တဲ့ သပိတ်စစ်ကြောင်းတွေ သာမက Lennon Walls များပြုလုပ်ခြင်း၊ လေဆိပ်ပိတ်ချခြင်း၊ လေဆာပွိုင့်တာ ပါတီပြုလုပ်ခြင်း၊ သီချင်းများကို အတူတကွ သီဆိုခြင်းတွေ အစရှိသည်တို့ကို လုပ်ဆောင်ကြသောကြောင့် ဆန္ဒပြပွဲများသည် မပျင်းရိရဘဲ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီလိုတွေကနေ ဘယ်တစ်ခုက အလုပ်ဖြစ်တယ်ဆိုတာ ငါတို့တွေ လေ့လာခဲ့ကြပြီး အရာရာကို လိုက်ကြိုးစား လုပ်ဆောင်ကြည့်ဖို့လည်း အဆင်သင့် ဖြစ်နေခဲ့ပါတယ်။ | The support by WLF is seen by their courage to show up to “illegal gatherings” (all gatherings were deemed illegal!), usually in mourning black (in solidarity and protection for front-liners), and support to all means of protests that does not involve destruction of properties. (The HK WLF are far from boring; from human chains to Lennon Walls, to airport shutdown, “laser pointer parties”, anthem-singing concerts, we learn from what worked elsewhere and are ready to give everything a try.) |
ဗမာ | HK | Links & resources |
ဖမ်းဆီးခံရတဲ့ဆန္ဒပြသူတွေကို ချက်ချင်း၊ ဆက်လက်ပြီးတော့ အထောက်အပံ့ပေးဖို့လိုအပ်ပါတယ်။ဟောင်ကောင်ရှိ အထူးတပ်ဖွဲ့များဟာ ထိုလမ်းကြောင်းအဆင့်တိုင်းကို ကူညီပေးပါတယ်။ | Protestors that are arrested need immediate and continued support, and specialized groups in HK assists each stage of this dark journey. | |
ဖမ်းဆီးခံရတဲ့သူတွေကို ဦးတည်ရာတစ်နေရာကို ခေါ်ဆောင်သွားလိမ့်မည်။ သူတို့ကိုခေါ် ဆောင်သွားရာ တည်နေရာကိုသိလျှင် တရား၀င်ကိုယ်စားပြုရရှိရန် ပိုမိုလွယ်ကူပါလိမ့်မယ်။ အဖွဲ့တဖွဲ့က ဘယ်သူဖမ်းဆီးခံရတယ်ဆိုတာကို သိရှိနိုင်ရန် ရင်းမြစ်အမျိုးမျိုး(ဥပမာ-TV ၊ သတင်းထောက်များ၊ သတင်းပေးသူများ) မှတဆင့်ဓာတ်ပုံများစုဆောင်းနိုင်ပါတယ်။ ဖြစ်နိုင်လျှင်ကား(နှင့်ကင်းထောက်ကွန်ယက်)တွေသုံးပြီးဘယ်ကိုခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ခွဲခြားနိုင်ပါတယ်။ | People who are arrested will be taken to some destination, and it is much easier to have legal representation if their whereabouts is known. One group collects photos from different sources (e.g., TV, reporters, citizens reports) to identify who has been arrested, and if possible, identify using the vehicle (and the scouting network) where they have been taken to. | |
ဖမ်းဆီးခံရသူတွေရဲ့မိသားစုတွေကအချိန်ကြာမြင့်စွာ(တစ်ညလုံး)စောင့်ဆိုင်းရတဲ့အတွက်သူတို့သက်တောင့်သက်သာစောင့်နိုင်ဖို့တွက်အခြားသူတွေကစားစရာ၊သောက်စရာနှင့်နွေးထွေးစေမယ့်အ၀တ်အထည်တွေပေးနိုင်ပါတယ်။ | Families of the arrestees often face a long (overnight) wait, and other citizens can make that wait more comfortable by bringing food, drinks, and warm clothing. | |
ဖမ်းဆီးခံရသူကို တစ်ခါတစ်ရံအာမခံဖြင့်ပြန်လွှတ်ပေးခဲ့ပြီး၊ သူတို့သည် သူတို့၏ ပုံမှန်အလုပ်ဆက်လုပ်ရန် ခက်ခဲသောအခြေအနေတစ်ခုသို့ တွန်းပို့ခံရသည်။ ထိုအခြေအနေများတွင် သူတို့ကို စီးပွားရေးလုပ်ငန်းရှင် ကွန်ယက်က အလုပ်ခန့်ခြင်းဖြင့်ကူညီပေးနိုင်ပါတယ်။ (Yellow Businesses ကိုဖတ်ကြည့်ပါ)။ ဖမ်းဆီးခံရသူသည် တစ်ခါတစ်ရံတွင် အာမခံအတွက်ငွေ(သူတို့တွင်မရှိသောပမာဏအထိ) ထည့်ရန် လိုအပ်ပါလိမ့်မယ်။ အဆိုပါ ရည်ရွယ်ချက်တွေကြောင့်ပဲ ရန်ပုံငွေတွေစုဆောင်းထားတာဖြစ်ပြီး ထိုကဲ့သို့ အာမခံငွေပေးဆောင်ရမည့် ကိစ္စများပေါ်ပေါက်လာလျှင် ထိုရန်ပုံငွေထဲမှ ထုတ်ယူအသုံးပြုရပါလိမ့်မယ်။ | Arrestees are sometimes released on bail, and they are under certain conditions that make it difficult to hold down a regular job. In these cases, a network of employers who are willing to work with their situation would be helpful (see Yellow Businesses). The arrestee sometimes simply needs to post money for bail (which they don’t have), and a fund created for these purposes gives them access to this money. | |
ဟောင်ကောင်မှာ ကြားနာမှုတွေဟာ လူသိရှင်ကြားဖြစ်ပြီး ထိုကြားနာခံရသူများကို အားပေးဖို့အတွက် အဖွဲ့တစ်ဖွဲ့က ကြားနာခြင်းကို တက်ရောက်ကြပါတယ်။ ကြားနာသူများကိုတရားပြင်ပရှိကားများပေါ် ကူးပြောင်းတဲ့အခါထောက်ခံသူများရှိနေခြင်း(တစ်ခါတရံ အော်ဟစ်အားပေးခြင်း)ကဖမ်းဆီးခံရသူတွေကို စိတ်ပိုင်းဆိုင်ရာအရ ထောက်ပံ့မှုဖြစ်ပါတယ်။ | In HK, trials are public, and a group attends the hearing to support those being trialed. Their presence --- often shouting support for the arrestee as they are transited to vehicles outside the court --- provides psychological support to the arrestee. | |
ဖမ်းဆီးခံရသူတွေကို ထောင်ဒဏ်ချမှတ်လိုက်တဲ့အခါ သူတို့ဟာ စာများ ကဒ်များမှတဆင့် ပြင်ပလောကနှင့် အဆက်အသွယ် လုပ်ဆောင်နိုင်ပါတယ်။ နိုင်ငံသားတွေကဖမ်းဆီးခံရသူများ ပျင်းရိခြင်းမရှိရစေရန် စာရေးကြပါတယ်။ အဲ့တာသူတို့ရဲ့အကြောင်းပြချက်နဲ့ သူတို့ကိုဂရုစိုက်သူတွေ ရှိနေတယ်ဆိုတာကို သိနိုင်တဲ့အတွက် နှစ်သိမ့်မှုဖြစ်စေပါတယ်။ တခါတရံသူတို့ကိုသွားတွေ့ကြပြီး ဤ”ထောင်ချရခြင်း”သည် ညှိနှိုင်းမှုများမှ အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ | When arrestees are sentenced, they can still have contact with the outside world by way of letters and cards. Citizens write them to keep them from being bored, and it is comforting to know that there are people who share their cause and care for them. Others visit them in the visitation slot. This “tending to the jailed” benefits from some coordination. |
ဗမာ | HK | Links & resources |
အဖမ်းခံရပြီး တရားစွဲဆိုခံထားရတဲ့ သူတွေအတွက် ရှေ့နေလိုပါတယ်။ ဒီလိုအမှုမျိုးကို ကိုင်တွယ်ပေးမယ့် ရှေ့နေစာရင်းတစ်ခုကိုလည်း ပြုစုထားဖို့ လိုပါတယ်။ ဒီစာရင်းကို လူထုကိုအသိပေးရမယ်။ လူအများကို ဖမ်းဆီးထိန်းသိမ်းနေတဲ့အချိန်မှာ ဆက်သွယ်ဖို့ စာရင်းမှာ ဖုန်း SMS လူမှုကွန်ရက် အချက်အလက်တွေပါသင့်ပါတယ်။ | Protestors arrested and on trial will need legal representation. A roster of lawyers who are willing to take these cases need to be assembled, and this directory needs to be available publicly. There may also need to be numbers (and social media / SMS) that can be contacted throughout mass events when mass arrests are happening. | |
ဟောင်ကောင်မှာ တရားရေးစီရင်မှုက နှစ်နဲ့ချီကြာပါတယ်။ ကုန်ကျစရိတ်လည်းအင်မတန်များပါတယ်။ လူအများထည့်ဝင်တဲ့ ရံပုံငွေလိုအပ်မှုနဲ့ အသုံးကျမှုကို နောက် တစ်နှစ်၊ ၂ နှစ်မှ ထင်သာမြင်သာမှာဖြစ်သော်လည်း လူထုပါဝင်ပတ်သက်မှုများနေတဲ့ စောစောပိုင်းအချိန်တွေမှာကတည်းက ရန်ပုံငွေကိစ္စတေွ စလုပ်ထားဖို့အရေးကြီးပါတယ်။ | In HK, legal proceedings will drag on for years, and are extraordinarily expensive. Establishing a crowd-sourced fund to support this is important to start early (while every part of the community is still personally involved), even though its usage may not become apparent until a year or two has passed. | |
[Editor: I need help here. I don’t know enough about how (pro bono?) lawyers work.] | ||
ဗမာ | HK | Links & resources |
လမ်းပေါ်ကဆန္ဒပြပွဲတွေမှာ ထောက်ပံ့ပို့ဆောင်ရေးအများကြီ:လိုအပ်ပါတယ်။ ထောက်ပို့မှာ ဝယ်ယူရေးက နေစတင်ပြီး ဝယ်ယူရာတွင်
| A protest in the streets requires a large amount of logistical support. This starts from the procurement of resources, which answers the twin questions of:
| |
အကယ်၍ ရပ်ကွက်/ဒေသအလိုက် (ဆန္ဒပြတဲ့နေရာတွေမှာ) ပစ္စည်းတွေ (အသုံးအဆောင်၊ ဆိုင်းဘုတ်၊ အစာနှင့် ရေ) ကို ထောက်ပံ့မယ်ဆိုရင် အောက်ပါအချက်များအတွက် အဖြေရှိနေပါစေ။
| If a communal set of supplies (equipment, signs, and food/water) is to be established, that is, supply depots are on-site at the protest, then further questions need to be answered:
| |
အချို့သောပစ္စည်းများက သုံး/စားရင် ကုန်သွားပေမယ့် အသုံးအဆောင်ပစ္စည်းများ (ဥပမာ လက်အိတ်၊ ခေါင်းဆောင်း၊ မျက်မှန်) က ပြန်လည်အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေအနေနဲ့ သယ်နေရတာ လုံခြုံစိတ်ချရမှုမရှိပါဘူး။ နောက်ဆုံးမေးခွန်းကတော့ ဒီလိုမျိုး ပစ္စည်းတွေကို ဘယ်လို ပြန်စုမလဲ၊ ထိန်းသိမ်းမလဲ (သန့်ရှင်းရေး၊ ပြုပြင်ရေး)၊ သိမ်းဆည်းထားမလဲ ဆိုတာပါပဲ။ | Finally, while some supplies are consumables, other equipment (e.g., gloves, helmets, goggles) need to be re-used but may not be safe to carry away by the protestors. There is then a last question of how these resources are collected, maintained (cleaned/repaired), and stored. | |
ဗမာ | HK | Links & resources |
“သစ်ခေါင်းပေါက်ကို စကားပြောပြီး ရွှံ့နဲ့ ပိတ်ဆို့ခြင်း” ဟာ Cantonese တွေ လျှို့ဝှက်ချက်နဲ့ ပတ်သက်လာရင် လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအတွက် အကူအညီပေးတဲ့ သူတွေကို “သစ်ခေါင်းပေါက်” နဲ့ တင်စားကြပါတယ်။ | “Speaking into a tree-hole and sealing it with mud” is a romanticized way in Cantonese to deal with secrets, and Tree Hole describes psychological / mental health help. | |
နှစ်လချီကြာတဲ့ ပဋိပက္ခတွေနဲ့ နိုင်ငံရေး အကြပ်အတည်းတွေကြောင့် တော်လှန်ရေး ဆင်နွှဲသူတွေဟာ စိတ်ဓာတ်ကျတာတွေ၊ စိုးရိမ်ကြောင့်ကြရတာတွေနဲ့ စိတ်ကစဉ့်ကလျား ဖြစ်တာတွေ ကြုံလာရတတ်ပါတယ်။ | Over months-/years-long conflict and political repression, many in the Resistance will develop depression, flash-backs, anxiety, and PTSD. | |
စိတ်ကျန်းမာရေးအကူ အနေနဲ့ လေ့ကျင့်ခံထားရတဲ့ အုပ်စုဟာ ဆန္ဒပြသူတွေအတွက် စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေကို အွန်လိုင်းကနေ စိတ်ချယုံကြည်စွာ ဆွေးနွေးတိုင်ပင်ဖို့ ရှိနေရပါမယ်။ | Groups that are trained in mental health run “tree holes” online, so that protestors can have confidential mental health support. | |
ဗမာ | HK | Links & resources |
အရာအားလုံးကပိုက်ဆံကုန်ကျနိုင်ပါတယ်။ အချို့ကုန်ကျစရိတ်များမှာ (ဥပမာ-ကျောင်းကားအတွက်ဆီဖိုး) ၀န်ဆောင်မှုပေးသောသူများမှ ကုန်ကျသော်လည်း လုပ်ကိုင်နိုင်စွမ်းရှိပြီး ငွေကြေးမတတ်နိုင်သော အချို့ကဏ္ဍများမှာရှုပ်ထွေးနိုင်ပါတယ်။ (ဥပမာ-ဒီဇိုင်နာများသည်အရောင်၃၀၀၀ ထုတ်လုပ်ရန်မတတ်နိုင်သောအငတ်ခံအနုပညာရှင်များဖြစ်နိုင်သည်။) | Everything costs money. While some costs are borne by the people that runs the service (e.g., fuel cost for the schoolbus), other roles may be more complex in that the people with the skill may not have the money (e.g., designers may be starving artists that cannot afford making 3000 color prints). | |
တစ်ချိန်တည်းမှာပင်ပိုက်ဆံတက်နိုင်သော်လည်းအချိန်၊စွမ်းရည်မရှိသောသူများ လည်းရှိနိုင်ပါတယ်။ | At the same time, there may be citizens that can afford the sum, but lack the time/skill. | |
ထို့ကြောင့် မှန်ကန်တဲ့အရာအတွက် မှန်ကန်တဲ့သူတွေဆီကိုရန်ပုံငွေတွေ ရောက်သွားနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ယန္တရားတစ်ခု လိုအပ်ပါတယ်။ | There is, then, a need for a trusted mechanism for funds to go to the right person for the right things. | |
လှုပ်ရှားမှုတွေဟာ အစပိုင်းမှာ လွယ်ကူသော်လည်း မကြာခင်မှာ ရှုပ်ထွေးလာနိုင်ပါတယ်။ တွေ့ကြုံရတဲ့ အခက်အခဲအချို့ဟာ free-riders(သို့) ဂုန်းဆင်းတဲ့သူတွေများလာခြင်း၊ ကောင်စီက ဘဏ်အကောင့်များကို အကြောင်းအမျိုးမျိုးပြ၍ ပိတ်ခြင်း၊ digitalcurrency အတွက် လဲလှယ်မှုနှုန်းထားအတက်အကျကြီးခြင်းတို့ဖြစ်ပါတယ်။ | This is often easy at the beginning of a movement, but gets complicated really soon. Some of the problems faced are free-riders (or outright cheaters; “men who eat buns dipped in blood”), the State using investigation as an excuse to freeze bank accounts, and high conversion costs / large fluctuations for cryptocurrencies. |
ဗမာ | HK | Links & resources |
ဒီမိုကရေစီလိုလားသော(အ၀ါရောင်၊လှုပ်ရှားမှုအတွက်သတ်မှတ်ထားသောအရောင်)စီးပွားရေးလုပ်ငန်းများဟာလှုပ်ရှားမှုကိုသီးခြားဖြစ်စေ၊ပွင့်ပွင့်လင်းလင်းဖြစ်စေ ပုံစံအမျိုးမျိုးဖြင့်ကူညီပေးနိုင်ပါတယ်။ | Pro-democracy (yellow, the color of the movement) businesses can help the movement discretely or overtly, and in a variety of capacities. | |
သူတို့တွေဟာအချက်ပြခြင်းဖြင့်ကူညီနိုင်ပါတယ်။ ဥပမာအားဖြင့် သူတို့ဆိုင်တွေရဲ့ ရှေ့မျက်နှာစာကို Lennon Walls ပြုလုပ်ရန် (သို့) အလှဆင်ခြင်း ပြုလုပ်ရန်ခွင့်ပြုပေးခြင်း ဖြစ်ပါတယ်။ | They can help by signaling, for example, allowing their storefront to be used for Lennon Walls, or decorations; | |
သူတို့တွေဟာ အဖွဲ့တွေအစည်းအဝေးလုပ်နိုင်ဖို့၊ ဆန္ဒပြသူတွေအနားယူနိုင်ဖို့၊ ပစ္စည်းတွေသိမ်းဆည်းတာ ဖြန့်ဝေတာတွေလုပ်နိုင်ဖို့အတွက် လုံခြုံတဲ့နေရာတွေစီစဉ်ပေးခြင်းအားဖြင့်လည်း အကူအညီပေးနိုင်ပါတယ်။ | They can help by providing secured venues for other groups to meet, for street protestors to rest, and for storage and distribution of physical goods; | |
လှုပ်ရှားမှုတွေအတွက် ငွေကြေးထောက်ပံ့ပေးခြင်း၊ ဖမ်းဆီးခံရသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေးခြင်း အားဖြင့်လည်းကူညီပေးနိုင်ပါတယ်။ | They can help by funding activities, and providing job opportunities for arrestees. | |
အချို့စီးပွားရေးလုပ်ငန်းရှင်များဟာ ဆန္ဒပြမှုများကိုထောက်ပံ့ပေးရန် စီးပွားရေးလုပ်ငန်းအသစ်များပြုလုပ်ဖို့ကြိုးပမ်းကြပါတယ်။ သို့သော် စီးပွာရေးလုပ်ငန်းတစ်ခုကို စတင်ရတာက အခက်အခဲရှိပြီး ပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိရန် လိုအပ်သည့်အပြင် ကန့်သတ်ချက်များပါ ရှိနေသည့်အတွက်ကြောင့် အောင်မြင်ဖို့ခက်ခဲပါတယ်။ | Some entrepreneurs seek to create new businesses to serve the protests. These have a mixed track record because starting a business is difficult on its own, being part of the Resistance is a second job, and doing both while maintaining additional constraints means it is very difficult to be successful. |
ဗမာ | HK | Links & resources |
“စည်းလုံးခြင်းသည်အင်အား”ဆိုသည့် စကားသည် မှန်ကန်လွန်းပါသည်။ အထူးသဖြင့် အဝါရောင်စီးပွားရေးအတွက်ဆိုရင်ပေါ့။ B2B servicesတွေ၊ စီးပွားရေး အချင်းချင်းချိတ်ဆက်လုပ်ကိုင်မှုတွေ ပြီးတော့ ဝယ်ယူအားပေးသူတွေ လွယ်လွယ်ကူကူရှာဖွေနိုင်ရန်အတွက် အဝါရောင်စီးပွားရေး ကွန်ယက်မှတစ်ဆင့် ကူညီလုပ်ဆောင်ပေးပါသည်။ | The whole is greater than the sum of the parts, and this is very true in the case of Yellow Businesses. It helps to establish a local/city-wide network of Yellow Businesses that supports one another, B2B services, and for the customer to be able to find the Yellow Businesses at first place. | |
ထိုကိစ္စတွေကို ကြားခံဆောင်ရွက်ပေးသူတွေက စီးပွားရေးပိုင်ရှင် ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမယ့် သူတို့က အဝါရောင် စီးပွားရေးကွန်ယက်တစ်ခု ပေါ်ပေါက်လာအောင် သူတို့စွမ်းရည်နဲ့ အချိန်ပေးဖန်တီးပေးနိုင်ကြပါတယ်။ | The go-betweens [editor note: we need better names than this.] may not themselves be business owners, but is able to provide time and skills to create the network and add their own values to the network. (We can call them Network Connectors) | |
ထိုသူတို့လုပ်ပေးနိုင်တဲ့ အရာတချို့ကတော့
| Some of what they can do is to:
| |
ဗမာ | HK | Links & resources |
[ အယ်ဒီတာမှတ်ချက်။ ဒီအပိုင်းကိုတော့ ကျွန်တော်တို့ အကူအညီလိုပါတယ်။ တကယ်လို့ သင်ဟာ overseas support group တွေနဲ့ အဆက်အသွယ်ရှိသူဆိုလျှင် သင့်ကို ကျွန်တော်တို့ဆက်သွယ်လို့ရမယ့် တယ်လီဂရမ်လိပ်စာ ကိုချန်ထားခဲ့ပေးပါ။ ] | [Editor: I need help here. If you are in contact with overseas support group, please help them get in touch with me.] | |
ဗမာ | HK | Links & resources |
၂၀၁၉ တုန်းကတော့ ရဲတွေရဲ့ ခွင့်ပြုချက်ကိုယူပြီး ဆန္ဒပြပွဲများ သပိတ်စစ်ကြောင်းများကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲ့လိုခွင့်ပြုချက်ရဖို့
အထက်ပါအရာတွေကို ရဲဌာနတွင် အရင်တင်ပြရပါတယ်။ | In 2019, it was possible to organize assemblies and marches provided that they were approved by the police. This involved providing a proposal with:
| |
ထို့နောက် အသေးစိတ်အချက်အလက်များကို ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးပွဲများကို ဆက်လက်ပြုလုပ်ပါတယ်။ | This is then followed up with meetings where the particulars are negotiated. | |
အစပိုင်းမှာတော့ အဲ့ကိစ္စတွေအားလုံးကို လက်ရှိနိုင်ငံရေးအုပ်စုများ(ဆိုလိုသည်မှာ နိုင်ငံရေးပါတီများ(သို့)ဟောင်ကောင်လူထုအခြေပြုအဖွဲ့အစည်းကဲ့သို့သော မဟာမိတ်များ) ကစီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ဒါပေမယ့် သူတို့ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေမှာ သူတို့လိုချင်တဲ့အရာတွေကိုပဲ ဦးစားပေးတောင်းဆိုကြတယ်။ အဲ့တော့ တခြားသူတွေကလည်း သူတို့ဘာသာသူတို့ လှုပ်ရှားမှုတွေကို စုစည်းဆောင်ရွက်ချင်လာကြပါတယ်။ | Initially these processes were all organized by existing political groups (i.e., political parties, or an alliance such as the HK Civil Rights Front). However, these are constrained by their focus and interests, and other people found that they want to organize activities. | |
ထိုရည်ရွယ်ချက်ကြောင့်ပဲ လူထုအခြေပြုအဖွဲ့များကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့များသည် စည်းဝေးပွဲများကို ဘယ်လို ဦးဆောင်/ဆောင်ရွက်ရမည်၊ (stage စင်များ၊ မီဒီယာများ၊ စာနယ်ဇင်များ) ကို မည်သို့ အသုံးချရမည်ကို လေ့လာသင်ယူကြပါသည်။ ထို့နောက် စည်းဝေးပွဲများကို ဦးဆောင်လိုသော်လည်း ဗျူရိုကရေစီယန္တရားများ နှင့်အလုပ်လုပ်ရာတွင် အတွေ့အကြုံမရှိသော ပြည်သူများကို သူတို့၏ အတွေ့အကြုံများ ပြန်လည်ပို့ချသင်ကြားပေးပါသည်။ | As such, groups such as the Civil Assembly Team were assembled (pun intended :) ). They learned how to apply and organize logistics (e.g., stage, audiovisual, press) for public assemblies, and lend their expertise to other people who may want to organize activities but have no experience in navigating the bureaucracies. | |
သို့သော်ငြားလည်း နောက်ပိုင်းတွင် ရဲများသည် လူထုစုဝေးမှုအားလုံးကို တရားမဝင်ကြေညာလိုက်ပြီးနောက် ထိုစည်းဝေးပွဲများ၏ အခန်းကဏ္ဍ မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ | Shortly the police begins to outlaw all public gathering, and these approved assemblies take on little role. |
ဗမာ | HK | Links & resources |
လူထုစုဝေးပွဲမျာကို တရားဝင် တားမြစ်ပိတ်ပင်လိုက်တဲ့အခါမှာ ဆန္ဒပြပွဲများ ပြုလုပ်ဆောင်ရွက်ရန် အွန်လိုင်းမှ တစ်ဆင့်လှုပ်ရှားကြရတော့သည်။ | With all public gatherings de facto forbidden, the calling and organization of protests needed to happen online. | |
လုံခြုံရေးအတွက်သော်လည်းကောင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖုံးကွယ်နိုင်သောကြောင့်သော်လည်းကောင်း၊တယ်လီဂရမ်ကို အသုံးများလာကြသည်။ အရေးကြီးသောအချက်အလက်များသည် တယ်လီဂရမ်မှတဆင့် ပုံစံအမျိုးမျိုးဖြင့် စီးဆင်းသွားသည်။
စနစ်တကျအသုံးပြုပါက တယ်လီဂရမ် သည်အလွန်လုံခြုံမှုရှိပါသည်။ (ထိုအကြောင်းကို လက်စွဲ အပိုင်း ၂ တွင်ပါဝင်သော digital safety အပိုင်း တွင် အကျယ်ရှင်းပြထားပါသည်) အခုလောလောဆယ်တော့မရေးရသေးပါ။ | With security and hidden identities now a paramount consideration, much of the info flowed through Telegram, where it is possible to operate under multiple paradigms:
When used properly Telegram can be very secure (see the Manual, Part II, on digital safety). | |
လှုပ်ရှားမှုအတွက် ဦးဆောင်သည့် အသင်းများ (ဥပမာ၊ “ Sucker”,“ Mission Dawn”,“ City Online”) သည် အနည်းဆုံး Group တစ်ခုနဲ့ Channel တစ်ခုကို ပြုလုပ်ထားလေ့ရှိသည်။ Group ထဲရှိဆွေးနွေးပွဲများသည် များသောအားဖြင့် ရာနှင့်ချီသော အဖွင့်ဝင်များ၏ တစ်ယောက်တစ်ပေါက်ပြောခြင်းများ၊ ငြင်းခုံမှုများနဲ့ ပြည့်နှက်နေလေ့ရှိသည်။ ထိုမှတစ်ဆင့် အကြံဉာဏ်များ ထွက်ပေါ်လာပြီး အဖွဲ့က ထိုအကြံဉာဏ်များအတိုင်းဖြစ်အောင် ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချရပါသည်။ ထို့နောက်စီစဉ်သူများက အစီအစဉ်ကိုအကောင်အထည်ဖော်ကြပါသည်။ အကောင်အထည်ဖော်ပြီးနောက် လူ သုံးသိန်းခန့်အထိ join လို့ရတဲ့ Channel တွင် လှုပ်ရှားမှု အစီအစဉ်ကို ကြေညာပါသည်။ | The activity organizing teams (e.g., “Sucker”, “Mission Dawn”, “City Online”) would often operate at least a group and a channel. The group (discussion) is usually a cacophony of disarray and arguments between hundreds of members, through which sometimes ideas float to the top and the team decides to make it happen. The organizers then refine the plan and liaise with other services. Once the plan is deemed reasonably sound, it is posted to the Channel, which has a broader (e.g., 300,000 people) reach. | |
ဒီကဏ္ဍမှာ ပါဝင်လှုပ်ရှားနေသူများဟာ physical safety အကြောင်းရော digital safety အကြောင်းပါ အကျွမ်းတဝင်ရှိနေဖို့လိုအပ်ပါသည်။ စည်းရုံးလှုံ့ဆော်နိုင်စွမ်းမရှိတဲ့ လူတွေပေါ်ပေါက်လာအောင် အာဏာရှင်တွေကကြိုးပမ်းနေကြချိန်မှာ သင်တို့က သူတို့အတွက် တစ်ခုတည်းသော အတားအဆီးဖြစ်နေပါလိမ့်မယ်။ ထို့အတွက်ကြောင့် မိမိကိုခြေရာခံမရအောင် နည်းပညာပိုင်းဆိုင်ရာ ကာကွယ်ရေးကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တတ်မြောက်ထားရန် လိုအပ်ပါသည်။ | People taking on these roles need to be obsessive about digital and physical safety. The State aims to create an “atomized” population of individuals with no capacity to mobilize, and you are the only obstacle on the way to this dystopia. |
ဗမာ | HK | Links & resources |
Mappers တွေက တီဗီ၊ ကင်းထောက်တွေနဲ့ သတင်းသမားတွေဆီက ရတဲ့ အချက်အလက်တွေကို မြေပုံအဖြစ် ပြောင်းလဲကြပါတယ်။ | Mappers convert reports from scouts / reporters / TV into maps. | |
ဟောင်ကောင်မှာတော့ (၁)အလိုအလျောက်မြေပုံ (၂) လူတွေလက်နဲ့ရေးဆွဲတဲ့ မြေပုံ တို့ကို သုံးပြီး ဒီနှစ်ခုဟာ တစ်ခုကို တစ်ခု တည်မှီနေကြပါတယ်။ နှစ်ခုလုံးမှာ လူအင်အား လိုအပ်ပါတယ်။ | In Hong Kong we had
These two approaches complement one another, and both are quite labor-intensive and require a team to operate. | |
လူထုအခြေပြု အလိုအလျောက် မြေပုံမှာတော့ Web ဒါမှမဟုတ် Application ပုံစံ ထားရှိပြီး ဘယ်သူမဆို ကိုယ်မြင်တွေ့သမျှ မြေပုံမှာ လာဖြည့်စွက်နိုင်ပါတယ်။ ဖြည့်စွက်ချက်တွေက လူတိုင်းအတွက် Live ကြည့်ရှုနိုင်မှာပါ။ | In the automated, crowd-sourced approach, a web-based interface / app was set up and citizens can easily input what they see directly on the map. The input is immediately “live” for everyone to see. | |
လက်နဲ့ စနစ်တကျ ရေးဆွဲတဲ့ မြေပုံမှာတော့ ဒေတာအများအပြား ပါဝင်ပြီး လူထုအခြေပြု မြေပုံကိုလည်း အသုံးပြုပါတယ်။ အမှန်တကယ် ဖြစ်နေတဲ့ အခြေအနေအပေါ် မူတည်ပြီး ရေးဆွဲသူရဲ့ အတွေ့အကြုံ၊ သုံးသပ်စစ်ထုတ်လမ်းညွှန်ချက်တွေနဲ့ တစ်ခါတစ်ရံ မကြာခင် ဘာဖြစ်လာနိုင်လဲ ဆိုတဲ့ စီမံချက်တွေလည်း ပါရှိပါတယ်။ | Hand-crafted map team takes the stream of data, which may include the crowd-sourced map, and draws the situation in real-time, applying her experience and analysis to filter, guide, and sometimes project what will soon happen. | Telegram channel @realtimemaphk |
ဗမာ | HK | Links & resources |
HK19 နဲ့ အခြားသောတော်လှန်ရေး (၂၀၁၄ တွင် ဟောင်ကောင်၌ပေါ်ပေါက်ခဲ့သော ထီးလှုပ်ရှားမှု ၊ အာရပ်နွေဦးတော်လှန်ရေး) တို့နဲ့ မတူညီတဲ့အချက်မှာ နိုင်ငံသားအားလုံး အရည်အသွေးမြင့်မားတဲ့ ဖုန်းကင်မရာများကို ပိုင်ဆိုင်ထားကြပြီး အင်တာနက်မှတစ်ဆင့် နိုင်ငံထဲတွင်ဖြစ်သမျှအကြောင်းအရာများကို မှတ်တမ်းတင်ပြီး တစ်ကမ္ဘာလုံးသို့ ဖြန့်ဖြူးနိုင်ပြီဖြစ်သည်။ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုများဖြင့် live လွှင့်လို့တောင်ရပါသေးသည်။ ယခုမြန်မာနိုင်ငံတွင်လည်း ၈၈ တုန်းကနဲ့ မတူညီတဲ့အချက်မှာ နည်းပညာများတိုးတက်လာခြင်းပင်ဖြစ်ပါတယ်။ | One of the features that distinguishes HK19 with the 2014 Umbrella movement or the Arab Spring is that all citizens have access to high-quality (smart-phone) cameras, and with an internet connection, can document the reality that the State prefers to remain untold. With high-speed internet connection this can even be live-streamed. | |
ဆိုလိုသည်မှာ စစ်အာဏာရှင်များ အနေဖြင့် သတင်းအမှောင်ချ၍မရတော့သလို မီဒီယာများကိုလည်း ဖိအားပေး၍ သူတို့ပြသလိုသော လိမ်ဆင်များကိုလည်း ပြသခွင့်မရတော့ပါ (နိုင်ငံပိုင်မီဒီယာများကလွဲလို့ပေါ့) | This means that there is not only no monopoly of the State on what can be viewed, it also removes the gate-keeping requirement of the media (which are often hostage to commercial interests that are themselves hostage to the favors of the State). | |
နိုင်ငံသား သတင်းထောက်များသည် တည်ထောင်ထားသော မီဒီယာ အဖွဲ့အစည်းများနှင့် မသက်ဆိုင်သောကြောင့် သတင်းအချက်အလက်များကို လွယ်လွယ်ကူကူနဲ့ရနိုင်သည်။ ထို့အပြင် မြေပြင်တွင်ဖြစ်ပျက်သမျှကိုအမှန်အတိုင်း မှတ်တမ်းတင်ရရှိနိုင်သောကြောင့် စစ်အာဏာရှင်များအနေဖြင့် သတင်းများဖြတ်တောက်ရန်၊ ဆင်ဆာလုပ်ရန် ပိုမိုခက်ခဲသွားပါသည်။ | Citizen reporters, not affiliated with an established media organization, thus makes the facts more readily available, and a collective of these perspectives triangulates to a Truth that is much more difficult for the State to distort or censor. | |
ဤကဲ့သို့သော လွတ်လပ်သည့် သတင်းအချက်အလက်စီးဆင်းမှုသည် အခြားသော လုပ်ဆောင်မှုများကိုပါ အထောက်အကူပြုစေပါသည်။ ဥပမာ - arrestee support (တစ်စုံတစ်ယောက် အဖမ်းခံသွားရလျှင် နိုင်ငံသား သတင်းထောက်တို့ ရိုက်ကူးထားသော ဗီဒီရိုများမှ တစ်ဆင့် ဘယ်သူဘယ်ဝါ အဖမ်းခံလိုက်ရသည်ကိုစုံစမ်းနိုင်ခြင်း)၊ Scouting (နိုင်ငံသား သတင်းထောက်တို့ ရိုက်ကူးထုတ်လွှင့်နေသော live video များမှတစ်ဆင့် မြေပြင်တွင်ဖြစ်ပေါ်နေသော လက်ရှိအခြေအနေကို ကြည့်ရှုနိုင်ခြင်း) စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ | This free flow of information is the foundation to a variety of other services such as arrestee support (citizen reporter’s videos / photos help find out that someone was arrested) and scouting (the video acting as an eyeball of what is currently happening). |
ဗမာ | HK | Links & resources |
ခိုင်မာတဲ့ အဖွဲ့အစည်းက သတင်းထောက်တွေဆီမှာ အတွေ့အကြုံရင့်ပြီး သတင်းအကြောင်းကောင်းကောင်းသိတဲ့အပြင် ပညာရှင်အဆင့်ပစ္စည်းကိရိယာတွေရှိတဲ့ အဖွဲ့များတွေရှိပါတယ်။ သူတို့ဆီမှာ ပိုကြီးတဲ့ (အပြည်ပြည်ဆိုင်ရာ အပါအဝင်) ပရိသတ်ရှိပါတယ်။ သူတို့က (ပြည်သူထဲက သတင်းထောက်များတက်ခွင့်မရှိတဲ့) သတင်းစာရှင်းလင်းပွဲတွေကိုလည်းတက်ရောက်နိုင်ပြီး အရေးပါတဲ့မေးခွန်းတွေကိုလည်းမေးနိုင်ကြပါတယ်။ | Traditional reporters working with established organizations have full teams with experience, domain expertise, and professional equipment for the job. They also have a much larger --- and possibly international --- audience. Reporters also can attend press conferences (the way that citizen reporters cannot), and are able to ask critical questions. | |
သတင်းထောက်တွေဆီမှာ ဖြစ်စဉ်တစ်ခုလုံးကို သေချာစွာ ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားနိုင်တဲ့ရေရှည်အတွေ့အကြုံ ရှိပြီး သူတို့က ရှုထောင့်၊အမြင် နဲ့ ယုံကြည်စိတ်ချနိုင်မှုတွေပေးပါတယ်။ ဒါတွေက အပျော်တမ်းသတင်းထောက်များဆီကနေ အမြဲမရနိုင်ပါဘူး။ | Text reporters, with their long experience in thinking through events critically, can provide the perspective and well-deserved credibility that can be hit-and-miss in amateurs. | |
သတင်းထောက်များက ကြားနေဖြစ်ပြီး တကယ့်အမှန်တရားကို မှတ်တမ်းတင်ရပြီး ခုခံမှုလုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းလို့ယူဆလို့မရပါဘူး။ ဒါပေမယ့် အာဏာရသူတွေက ပြည်သူတွေကို ဖိနှိပ်ပြီး အပြည်ပြည်ဆိုင်ရာစံနှုန်းတွေ၊ နိုင်ငံကိုယ်တိုင်ကပြဌာန်းထားတဲ့ ဥပဒေတွေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်လာရင်တော့ သတင်းထောက်တွေက ပွင့်လင်းမြင်သာမှုကို ရှာဖွေကြမှာဖြစ်ပြီး သတင်းထောက်များကို ခုခံလှုပ်ရှားမှု ရဲ့တစ်စိတ်တစ်ပိုင်း လို့ယူဆနိုင်ပါတယ်။ | Reporters are neutral parties documenting the objective Truth and cannot be considered as part of the Resistance. However, when an authoritarian State is repressing civilians, with blatant violation of international norms and even their own laws, they will certainly find openness and transparency an enemy --- and by extension, treats Reporters as part of the Resistance. | |
ဗမာ | HK | Links & resources |
တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အင်အားမညီမျှမှုကတော့ ကြီးမားလှပါတယ်။ ဒါကတော့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့သတင်းတွေ ကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ အစိုးရက သူ့ရဲ့ အမြင် တွေကို ပြောပြနိုင်ဖို့ သတင်းစာရှင်းလင်းပွဲတွေကိုစီစဥ်နိုင်တယ်။ ပြီးတော့ နိုင်ငံပိုင်မီဒီယာတွေကိုအသုံးချပြီး ထပ်တလဲလဲ ဝါဒဖြန့်နိုင်တယ်။ | The power imbalance between the State and the citizens is acute. This extends to what gets shown in the news. The State can organize a press conference to state their point of view, where it then gets repeated and magnified many times by the state-affiliated media. | |
ပြည်သူတွေအတွက်ကတော့ interview ခံရနိုင်တယ် ဒါပေမယ့် အဲ့တာက အမြင်တစ်ခုထဲကိုဘဲ ဖော်ပြခံရပြီး လွယ်လွယ်ကူကူနဲ့ဘဲ ပျောက်ကွယ်သွားပါတယ်။ | The citizens, however, may be interviewed but then only seem to represent a single opinion, easily brushed away. | |
CPC လို့ အတိုကောက် ခေါ်ကြတဲ့ နိုင်ငံသားတွေရဲ့ သတင်းစာ ရှင်းလင်းပွဲဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့ သူတွေ၊ နိုင်ငံရေးသမားတွေက သတင်းသမားတွေကို တရားဝင် ဖိတ််ကြားနိုင်တဲ့ အခမ်းအနား တစ်ခု ဖြစ်တယ်။ (အမေးအဖြေ ကဏ္ဍလည်းပါတယ်) ဘာသာစကား နှစ်မျိုးလုံးအတွက် ဘာသာပြန်တွေ၊ လက်ဟန်ပြ ဘာသာစကားတွေပါ အသုံးပြုကြတဲ့အတွက် ထိထိရောက်ရောက်ရှိပြီး တက်ရောက်ကြတဲ့ သူတွေရဲ့ လုံခြုံရေးအတွက် ပိုပြီးစိတ်ချယုံကြည်ရတဲ့ အသံတွေ ဖြစ်စေတယ်။ | The Citizen’s Press Conference (CPC) was organized to provide an official venue where the pro-democracy camp can invite the press (incl. Q&A), have bi-lingual (and sign language) translators in place, and thus a greater reach / more authoritative voice while preserving the safety & identity of those attending. | |
ဗမာ | HK | Links & resources |
(ဘာတွေလုပ်ကြပါလို့ အမြဲတိုက်တွန်းနေတဲ့) လှုပ်ရှားမှု channel နဲ့မတူတဲ့ သတင်း channel (ဥပမာ @WeatherJJ @612reminder) တွေက နေရာပေါင်းစုံကသတင်းတွေကို စုစည်း၊ ရွေးချယ်၊ ပေးပို့ပါတယ် (ဥပမာ ပုံမှန်သတင်းမီဒီယာ၊ တိုက်ရိုက်ထုတ်လွှင့်မှု နှင့် အခြား telegram channel)။ သူတို့က အယ်ဒီတာအာဘော်နဲ့ သရုပ်ခွဲအစီရင်ခံစာမျိုးရေးလေ့ရှိပြီး လူသိန်းနဲ့ချီပြီးဖတ်တာရှိပါတယ်။ | Unlike activity channels which exist primarily to call for action, information channels (e.g., @WeatherJJ and @612reminder) collates, vets, and distribute information from different sources (including traditional media, live-streaming, and other telegram channels). They usually write editorials and analysis, and have a large (> 100k) and loyal following. | |
ဒီသတင်း channel တစ်ခုစီက သူတို့အဖွဲ့ထဲမှာပါတဲ့ အသင်းဝင်တွေရဲ့ အားသန်မှု နဲ့ လုပ်နိုင်မှု အပေါ်မူတည်ပြီး တစ်ခုထဲကို စူးစူးစိုက်စိုက်လုပ်ကြပါတယ်။ (ဥပမာ ပုံများဖြင့် ဂဏန်းအများအပြားကို ဖော်ပြခြင်း) | Information channels often have their unique focus, and depending on the talents on the team, different capacities (e.g., infographics). | |
သတင်း channel အများစုက ယေဘုယျဆန်ပြီးတော့ လှုပ်ရှားမှုမဖြစ်ခင်အချိန်ကရော လုပ်ရှားမှုလုပ်နေတဲ့နှစ်အတွင်းမှာ ဘာမှမဖြစ်ရင်တောင် သတင်းတွေတင်ပါတယ်။ ဥပမာ WeatherJJ ဆိုရင် တကယ် ရာသီဥတု channel ဖြစ်ပြီး ဆန္ဒပြတာတွေ၊ ဆန္ဒပြမြေပုံတွေ နဲ့ အခြားလူမှုရေးပွဲ (COVID19 နဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း) တွေအကြောင်းလည်း တင်ပါတယ်။ တစ်ချို့သော channel တွေကတော့ ဒေသတွင်းဖြစ်ပြီး ခရိုင်တစ်ခုအတွင်းမှာ ဖြစ်တဲ့ အကြောင်းအရာအသေးစိတ်တွေကိုပဲ တင်ပါတယ်။ | Most information channels are “general purpose”, as in, they were active before HK19 movement started, and continue throughout the years even when there are no protests happening. WeatherJJ, for example, is an actual weather aficionado channel that happens to post / map protests and other social events (e.g., covid19-related regulations). Some information channels are “localized” and provide detailed accounts for events in a district. | |
သတင်း channel တွေရဲ့ အချိန်နှင့်အမျှအလုပ်လုပ်ရတဲ့ သဘောတရားကြောင့် သူတို့မှာ အဆိုင်းနဲ့လုပ်တဲ့ အဖွဲ့၊ ပို့လာတဲ့ သတင်းတွေကို အမည်မဖော်ဘဲ bot တွေကနေတဆင့်ဆောင်ရွက်နိုင်မှု တွေရှိကြပါတယ်။ သူတို့မှာ အချက်အလက်တွေကို လမ်းကြောင်းမျိုးစုံကနေ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ကိုက်ညီရင် (များသောအားဖြင့် hashtag) ဆွဲယူနိုင်တဲ့ bot တွေလည်းထားကြပါတယ်။ | Information channels, due to their round-the-clock nature, often have a team on shifts, and ability for anonymously processing submissions through a bot. Information channels often also have bots to cross-pull entries from other information channels provided that they fulfill particular criteria (usually specific #tags). |
ဗမာ | HK | Links & resources |
#HT | ||
ဗမာ | HK | Links & resources |
KKT လို့ အတိုကောက်ခေါ်တဲ့ Kung Kwan Temple ဟာ Telegram Channel တစ်ခုဖြစ်ပြီး နိုင်ငံခြား သတင်းဌာနတွေနဲ့ ပြည်သူတွေကြား လျှို့ဝှက်ဆက်သွယ်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ | The KKT (a Cantonese word play on Kung Kwan Temple, the “public relations temple”) is a Telegram channel that acts as a liaison between the (foreign) press and the local citizens. | |
ပြည်သူအစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီး သတင်းဌာနတွေကနေ တောင်းဆိုချက်တွေ ရရှိနိုင်တယ်၊ ဒီ Channel မှာပဲ အင်တာဗျူးဖို့ တောင်းဆိုတာတွေ လုပ်နိုင်မယ်။ ဖြေဆိုဖို့ သင့်တော်တဲ့ ပြည်သူတွေကို ရွေးချယ်ပြီး KKT(ဆက်သွယ်ရေးတာဝါ)က သတင်းဌာန နဲ့ချိတ်ဆက်ပေးပါတယ်။ | They receive requests from the press, verify their identities, and post the interview requests on the channel. Citizens that fit the role can then choose to respond (“to #167”) and the KKT will put both parties in touch. | |
အချိန်နဲ့အညီ ဒါဟာ HK19 ဆန္ဒပြမှုမှာ ပါဝင်ဖို့ ဝင်ပေါက်တစ်ခုလို ဖြစ်လာပါတယ်။ သုတေသန ပညာရှင်တွေ ပညာတတ်တွေကလည်း မတူညီ ကွဲပြားတဲ့ ဆန္ဒပြ ပြည်သူတွေဆီ လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်တယ်လို့ အထင်ရှိစေပါတယ်။ | Over time, this became an entry point to the HK19 protests, and academics / researchers also find that they have a central contact to safely and reliably reach protestors / citizens in different situation (e.g., gender / age / profession) |
ဗမာ | HK | Links & resources |
၂၀၁၉ ဇူလိုင်လ ကနေစပြီး လပေါင်းများစွာ အပတ်စဉ်တိုင်း စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပွဲတွေ တနင်္လာ သောကြာအတွင်းမှာ သိပ်မကြီးမားတဲ့ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဘာတွေလုပ်နေသလဲဆိုတာကို လူထုက (ဟောင်ကောင်သား/သူတို့ရဲ့ လုပ်ရှားမှု အချိန်ဇယား) Hong Konger's Activity Schedule ကနေ အမြဲတမ်းသိနေကြပါတယ်။ ပြက္ခဒိန် အဖွဲ့က အချိန်ဇယားတွေကို တာဝန်ယူရပါတယ်။ နောက်ကွယ်ကနေ ပွဲတွေအတွက် စနေ၊ တနင်္ဂနွေ နဲ့ ညနေပိုင်း အားချိန်တွေကို ညှိရပါတယ်။ ညှိနှိုင်းပြီးရင် ပြင်ဆင်မှု၊ အကြောင်းကြားမှု နဲ့ နောက်တစ်ပတ်အတွက် ပွဲတွေကို သတ်မှတ်ထားတဲ့ ပြက္ခဒိန် (ပိုစတာ သို့ ဒီဂျစ်တယ်) မှာ ထုတ်ပြန်မှုတွေကို ဆောင်ရွက်ရပါတယ်။ ဒီလုပ်ဆောင်မှုက ဆန္ဒပြပွဲလုပ်ရှားမှုတွေကို စည်းချက်ညီညီ လုပ်ဆောင်လို့ရစေပြီးတော့အလွယ်တကူ ဖတ်နိုင်၊ အလွယ်တကူ လိုက်လံလုပ်ဆောင်လို့ရစေပါတယ်။ | From 2019-07 there were several months where there were events happening every weekend, and several smaller events through the week. People always knew what was happening through the Hong Konger’s Activity Schedule. The Calendar Team, responsible for the Schedule, works behind the scene to help negotiate for weekend / evening slots; when this is settled, they then prepares, updates, and publishes the following week’s event in standard digital / poster calendars. Their work synchronizes all the protest movements, and presents in an easy-to-follow, easy-to-read form. | |
ဗမာ | HK | Links & resources |
ကြေးစားလူမိုက်တွေကို ဖိအားပေးခြင်းအားဖြင့် အစိုးရစနစ်ကို ကျိုးပဲ့ကြေအက်စေနိုင်ပါတယ်။ ဖိအားပေးဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ သစ္စာတော်ခံ လူယုံတော်တွေနဲ့ သူတို့နဲ့ နီးစပ်ရာလူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လူထုအလယ်မှာ ချပြခြင်းပါ။ | Applying pressure to the goons help create fractures in the regime. One of the ways to do this is by publicizing the personal information of these henchmen and their network. | |
အကယ်၍ ရာထူးနိမ့် စစ်သားတွေကဟာ သူတို့ရဲ့ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဆိုရှယ်မီဒီယာ အကောင့်တွေ၊ အိုင်ဒီတွေနဲ့ အကြွေးကဒ်တွေ အပါအဝင် မိသားစုနဲ့ဆိုင်တဲ့ အချက်အလက်တွေကို အခုလိုပဲ လူထုအလယ် ချပြအရှက်ခွဲမယ်ဆိုတာ သိလာကြရင် သူတို့ ရနေတဲ့ လစာနဲ့ လုပ်ပေးနေရတာတွေက တန်ရဲ့လားဆိုတာ နှစ်ခါပြန် တွေးလာပါလိမ့်မယ်။ | If the foot soldiers know that their bad behaviour will get publicized on the internet, along with the names, address, phone numbers, social media accounts, ID, credit card (and…) of them and their family, they may think twice about whether their salary is fair for it.. | |
လူထုထဲက တစ်ယောက်ယောက်က တစ်ခုခု သိလာခဲ့ရင် သတင်းအချက်အလက်တွေကို တင်ပြနိုင်မယ့် နေရာတစ်ခု ရှိနေရမယ်၊ အဲဒီ အချက်အလက်တွေက လူအများကြီးဆီ ကျယ်ကျယ်ပြန့်ပြန့် ရောက်တာမျိုးလည်း ဖြစ်ရမယ်။ ဒီလိုတွေ ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ ဗဟိုအဖွဲ့တစ်ခု ရှိထားရပါမယ်။ | To do this there needs to be a centralized group created where the crowd, each of who knows something, has somewhere to submit the information, and for the information to have a broad reach. | |
ဒီအကွက်တွေ သုံးတဲ့အခါ သတိတော့ ထားရပါမယ်။ အောက်ခြေတပ်သားတွေက ဦးစားပေး ဖမ်းဆီးတာမျိုးတွေနဲ့ ဆက်သွယ်ရေး ကွန်ယက်ကို ပိတ်ချပစ်ဖို့ သူတို့လုပ်နိုင်တာတွေ လုပ်ပါလိမ့်မယ်။ အခုလို လုပ်တာတွေက နိုင်ငံပြင်ပရောက်လူတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ပိုင်တဲ့သူတွေ လုပ်တာ အသင့်လျော်ဆုံးပါပဲ။ | Be careful when applying this tactic. The foot soldiers will hunt you down as a matter of precedence and do what they can to shut down the network. This is a job best reserved for someone out of the country and is capable of following top-notch security measures. | |
ဒီလိုလုပ်ဆောင်ကြသူတွေထဲမှာ ထပ်ပြီးဆက်စပ်ပါဝင်တာကတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လူထုသိအောင် ဖြန့်တဲ့သူတွေ (ဥပမာ- အိမ်နီးနားမှာ ပို့စတာတွေ၊ လက်ကမ်းစာစောင်တွေ ဝေတာ၊ ဖုန်းဆက်ပြောတာ၊ အကြွေးတွေအတွက် လက်မှတ်ထိုးတာ) တွေ လုပ်ဆောင်ကြတဲ့ သူတွေပါ။ | Some related classes include groups that take the doxxed information and do something with it (e.g., flyers and posters around the neighbourhood; midnight calls; signing up for loans…) |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဟောင်ကောင်သူ/သား (မြန်မာနိုင်ငံသူ/သား) တော်တော်များများက အင်္ဂလိပ် ဘာသာစကားအဓိကထားတဲ့ Reddit/Twitter နဲ့ YouTube ကိုသိပ်မသုံးကြပါဘူး။ ဒါကြောင့်လည်း သာမန်ပြည်သူ/သားတွေအနေနဲ့ ဒီလူမှုကွန်ရက်တွေက ဘယ်လိုရှိသလဲဆိုတာ မသိတာများပါတယ်။ | Most HK’er (Burmese) are not already active in Reddit / Twitter / YouTube, since they are English-primary medium. What this means is that it is hard for the average HK’er to feel the pulse of these social media platforms. | |
ပို့စ်ပေါင်းများစွာ tweets ပေါင်းများစွာကို အာရုံလိုက်စိုက်နေရင် ဘာအာရုံမှမရလိုက်တာနဲ့ အတူတူပါပဲ။ အကြောင်းအရာတစ်ခုတည်းကို စူးစူးစိုက်စိုက်လုပ်ရင် အဲ့တစ်ခုရဲ့အရေးပါမှုက အများကြီးမြင့်တက်သွားပါမယ်။ | In addition, attention spread across many posts/tweets is effectively no attention amidst the natural activity, but when focussed on a single item propels its importance significantly. | |
(စမတ်ဖုန်းခေတ်မှာ နည်းပညာသမားတွေနဲ့ပူးပေါင်းပြီး) app တစ်ခုကနေ သေချာရွေးချယ်စိစစ်ထားတဲ့ ဦးတည်ချက် ကိုဖော်ပြပေးတာကလည်း အာရုံစူးစိုက်နိုင်မှုကို ကူညီပေးနိုင်ပြီး လူထုကိုလည်းကောင်းစွာအသုံးချနိုင်ပါလိမ့်မယ်။ ဒီ app က ပြက္ခဒိန်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မျှဝေတဲ့ ဘုံနေရာအဖြစ်အသုံးပြုနိုင်ပါတယ်။ | In the age of the smart-phone, an app that selects and presents curated missions, in coordination with the platform team, helps focus and fully leverage the capacity of a populace. This app can also work with the Calendar team and act as a hub for Movement-related information. | |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ပြည်နယ်ကောင်စီနဲ့သူ တို့ကိုထောက်ခံသူတွေဟာ တခါတရံစီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ကြပြီးရုပ်မြင်သံကြား၊ရေဒီယို၊သတင်းစာတွေကိုထိန်းချုပ်ထားကြပါတယ်။ထိုပိုင်ဆိုင်မှုများကိုတိုက်ရိုက်ဖြစ်စေ၊သွယ်၀ိုက်ပြီးဖြစ်စေပစ်မှတ်ထားနိုင်ပါတယ်။ | The State and its supporters often own commercial entities, and control TV, radio, and newspapers. These are assets that can be targeted directly and indirectly. | |
သပိတ်မှောက်ခြင်းလှုပ်ရှားမှုဟာ စီးပွားရေးလုပ်ငန်းရဲ့၀င်ငွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။ အကယ်၍ ပြည်နယ်ကောင်စီနှင့် ခရိုနီတွေ ပိုင်ဆိုင်တာဖြစ်လျှင် သူတို့ရဲ့အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်စေပါတယ်။ မဟုတ်လျှင် လူတန်းစားခွဲခြားဆက်ဆံတဲ့ ပြည်နယ်အတွက် သူတို့ရဲ့ထောက်ပံ့မှုကို ပြန်လည်စဉ်းစားနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများ တစ်ခုမှမကျန်အောင်လုပ်ပြီးတဲ့အခါ ပြည်နယ်က တစ်နည်းမဟုတ်တစ်နည်းဖြင့် အားနည်းသွားပါလိမ့်မယ်။ | A boycott campaign directly deprives the business from revenue. If it is owned by the State (or its cronies) then this is a direct hit on their interest, and if it is not, the business may reconsider their support for a State that alienates its population. Done at-scale for long enough there would be no business left, and the State is weakened one way or another.. | |
တကယ်လို့ မီဒီယာလုပ်ငန်းဖြစ်မယ်ဆိုရင် သူတို့၀င်ငွေရရှိရန်အတွက် ကြော်ငြာလုပ်ငန်းအပေါ် မှီခိုရပါတယ်။ မီဒီယာလုပ်ငန်းပိုင်ရှင်တွေဟာ အာဏာရှင်ဘက်ကရပ်တည်နေသောအခါ မီဒီယာတွေမှာ ထိုစီးပွားရေးလုပ်ငန်းများကို ကြော်ငြာပေးခြင်းအားဖြင့် အောင်မြင်အောင် ကူညီပေးကြပါတယ်။ ကြော်ငြာကိုပစ်မှတ်ထားခြင်း လှုပ်ရှားမှုဟာ မီဒီယာလုပ်ငန်းကို ပစ်မှတ်ထားပြီး ထိုမီဒီယာများကိုထောက်ပံ့ပေးနေသော စီးပွားရေးလုပ်ငန်းများကို စာရင်းပြုလုပ်စုဆောင်းပါတယ်။ ညှိနှိုင်းရေးလှုပ်ရှားမှုတွင် ပူးတွဲလုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ခြင်း၊ သူတို့ရဲ့လူမှုကွန်ရက်များတွင် message ချန်ခဲ့ခြင်း၊ ပုံပျက်နေသောမီဒီယာကို ဘယ်လိုအားမပေးဘူး ဆိုတာပြသခြင်းတို့ကို လုပ်ဆောင်ပါတယ်။ ရလဒ်အနေနှင့် စီးပွားရေးလုပ်ငန်းများဟာ မီဒီယာကိုပိုက်ဆံပေးရပြီးဆိုးရွားတဲ့ အမြင်များဖြင့်သာ အဆုံးသတ်သွားလေ့ရှိပါတယ်။ သူတို့ (သို့) (သူတို့ရဲ့အေဂျင်စီ)တွေဟာသူတို့ရဲ့ပိုက်ဆံတွေကိုပိုကောင်းတဲ့နည်းလမ်းများဖြင့်သုံးစွဲရန် များသောအားဖြင့်ရွေးချယ်ကြပါတယ်။ | If it is media, it probably relies on advertising as a large part of its revenue. While the owners of the media may be totally in bed with the dictators, the businesses / agencies placing advertisements are probably doing it only because the media helps it achieve publicity. An advertisement sniping campaign targets a media corporation, and collects a list of businesses that feeds the media. In coordinated campaigns, working with one business at a time, the citizens boycott them or leave messages in their social media / review expressing their disapproval for how they support the distorted media. The outcome, then, is that the business pays the media and ends up with worse perception; usually they (or their agencies) choose to spend their future money in better ways. | |
ထိုအခြေအနေများဟာ မီဒီယာများကို အချိန်တိုအတွင်း ပြိုလဲသွားစေပါတယ်။ သူတို့ရဲ့စတော့တန်ဖိုးများကျဆင်းခြင်း၊သူတို့ရဲ့စွမ်းဆောင်ရည်များလျော့နည်းခြင်း တို့ကိုဖြစ်စေပြီးတော့ ရလဒ်အနေနှင့် ထုတ်လှုပ်မှုများကျဆင်းခြင်း၊ ကြည့်ရှုနှုန်းသွားခြင်းနှင့် ကြော်ငြာရရှိမှုနည်းသွားခြင်းတို့ ဖြစ်စေပါတယ်။ တစ်နည်းဆိုရသော် နှေးပေမယ့် ထိရောက်သော ထိခိုက်ဆုံးရှုံးခြင်းမျိုး ဖြစ်ပါတယ်။ | This seldoms causes the media to collapse in a short time, but it can cause its stock evaluation to drop, cripples their capacity, resulting in lower production value, and lowers their views resulting in fewer advertisements… in other words, a slow but sure death spiral. |
ဗမာ | HK | Links & resources |
လူသိရှင်ကြားလုပ်ဆောင်ခြင်းသည် အဓိကအားဖြင့်
လူသိရှင်ကြားလုပ်ဆောင်ခြင်းသည် လိုအပ်သည့်အရာပေါ် မူတည်၍ မည်သည့်ပုံစံနှင့်မဆို ဖြစ်နိုင်သည်။ ဥပမာအားဖြင့် ရုပ်ပြသတင်းများ, သတင်းအပိုင်းအစများ, လှုပ်ရှားမှုပိုစတာများ သို့မဟုတ် သရုပ်ဖော်ပုံများ ပါဝင်သည်။ | Publicity is mainly used for
Publicity could be in any format, depending on what it is needed for. Examples include infographics, news cuts, activity posters, or illustrations. | |
ဒီလို အသင်းမျိုးမှာ
| This kind of team is formed by
| |
စာရေးသားသူများသည် မည်သည့်အဖြစ်အပျက်ကိုမဆို မှတ်တမ်းတင် ရေးသားထားရန် လိုအပ်သည်။ ဂရပ်ဖစ်ဒီဇိုင်းနာများက ရေးသားထားသော စာများကိုတင်ပြရန် သင့်တော်သောဒီဇိုင်းများကို ဆွဲပေးရသည်။ ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ ခေါင်းဆောင်များသည် အရေးအသားနှင့်ဂရပ်ဖစ်များကို မှန်ကန်ကြောင်း အတည်ပြုရန် လိုအပ်သည်။ | Writers would need to do the copywriting to document any parts from any incidents. Graphic designers would need to design a suitable design to present the copywriting. Before publishing, the leaders would need to proofread the writing and graphics. | |
လုပ်ငန်းစဉ်တစ်ခုလုံးသည် များသောအားဖြင့် ၁၅ မိနစ်ခန့်လောက်ပင် အချိန်ယူရသော်လည်း တစ်ခါတစ်ရံတွင် အလုပ်ပမာဏပေါ် မူတည်၍ ၂ပတ်အထိပင် ကြာသွားနိုင်ပါသည်။ | The whole process, while usually has a fast turnaround of 15 min., sometimes can take up to 2 weeks depending on the amount of work. |
ဗမာ | HK | Links & resources |
အင်္ဂလိပ်၊ ပြင်သစ်လိုတွေထက်ဆိုင်ရင် ကိုယ်ပိုင် ဘာသာစကားနဲ့ သတင်းပေးပို့တာက ကောင်းတယ်ဆိုပေမယ့် သတင်းဆောင်းပါးတွေကို ဗမာဘာသာနဲ့ချည်း ရေးတာက နိုင်ငံတကာက စောင့်ကြည့်မှုတွေ ရဖို့ အထောက်အကူ မဖြစ်စေပါဘူး။ | More reporting will be in your local language than in English or French, but articles in Chinese/Burmese will not help get international attention. | |
အကယ်၍ မင်းက ဗမာဘာသာရော၊ တစ်ခြား ဘာသာစကား တစ်ခုမှာရော ကျွမ်းကျွမ်းကျင် ရှိတယ်ဆိုရင် ပြည်တွင်း သတင်းတွေကို ဘာသာပြန်တာ၊ ထုတ်ဝေတာနဲ့ စုဆောင်းထားတာမျိုးတွေ စတင် လုပ်ဆောင်ဖို့၊ လုပ်ဆောင်ပြီးသူတွေနဲ့ ပူးပေါင်းဖို့ စဉ်းစားသင့်ပါတယ်။ | If you are fluent in Burmese and another language, consider starting/joining an initiative where local news gets translated, published, and indexed in a central repository. | Guardians of Hong Kong |
ဒါက အခြေခံကျတဲ့ အလုပ်တစ်ခု ဖြစ်ပြီး Twitter, Reddit အပါအဝင် သတင်းအချက်အလက် မျှဝေဖတ်ရှုကြတဲ့ အဖွဲ့တွေဆီ သတင်းတွေ ဖြန့်ဝေနိုင်ဖို့ ရင်းမြစ်တွေ ထောက်ပံ့ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ | This is foundational work whose impact is often second order: this provides material for other publicity groups, like the Twitter / Reddit / info groups to publish. | |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
သီချင်းရေးဆရာ၊ ဂီတပညာရှင်၊ ပုံဆွဲပညာရှင်၊ ကာတွန်းဆရာနဲ့ စာရေးဆရာ အစရှိတဲ့ အနုပညာရှင်တွေက အခုလိုကာလမှာ လူတွေ တစ်သွေးတစ်သားတည်း ခွန်အားအပြည့်ရှိနေဖို့ ထူးခြားကောင်းမွန်တဲ့ အနုပညာတွေ ချပြနိုင်ကြပါတယ်။ | Professional artists --- song-writers / musicians, illustrators, comic artists, writers --- can produce great works that have exceptional reach, unifying and energizing the people. | |
HK19 မှာ “Glory to Hong Kong” ဆိုတဲ့ သီချင်းက တစ်မြို့လုံးက လူတွေ တွေ့ကြုံခံစားရတဲ့ အရာတွေကို ဖော်ညွှန်းနိုင်ခဲ့ပြီး လူတွေ အတူတူ ဒီသီချင်း စုဆိုတဲ့ အခမ်းအနားပွဲတွေထိ လုပ်နိုင်ခဲ့ပါတယ်။ မြို့အနှံ့ နေရာအစုံမှာ လူထု ဂီတ သရုပ်ပြမှုတွေနဲ့ပါ သီဆိုကြပြီး အမှောင်ထုနေ့ရက်တွေမှာ အားတစ်ခုအနေနဲ့ ရွှင်မြူးစေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလိုမရှိ၊ ကမ္ဘာမကြေဘူး၊ အရေးကြီးပြီ၊ ခွန်အားဖြည့်မိငယ် အစရှိသော သီချင်းများ သီဆိုကြပါသည်။ | The anthem “Glory to Hong Kong” created a shared experience for the whole city, and provided new event types: “Sing Together,” which takes place around different districts in the city and were rare joyous events in some of the dark days, and public musical performances. | |
ကောင်းမွန်တဲ့ သရုပ်ပြမှုတွေ၊ အထူးသဖြင့် အရည်အသွေးကောင်းမွန်ပြီး လူတိုင်းယူသုံးလို့ အရာတွေကို ဉာဏ်ရှိသလို အသုံးချနိုင်တယ်။ အဲဒါကလည်း ကြံ့ကြံ့ခံနိုင်ခြင်း တန်ဖိုး တစ်ခုပါပဲ။ | Fine illustrations, especially when they are open-sourced with the original high-resolution / layered files, can be remixed and have an enduring value. | Collation |
ဗမာ | HK | Links & resources |
လူမြင်ကွင်း ကောင်းတဲ့ နေရာတွေမှာ ၃၀ x ၃ မီတာလောက်ရှိတဲ့ အလံများ ချိတ်ထားခြင်းကို ပြုလုပ်နိုင်ပါတယ်။ (Cliff လိုမျိုး နေရာ အဆောက်အအုံ မျက်နှာပြင်တွေမှာ အလံတွေ၊ ဗီနိုင်းတွေ ချိတ်ထားခြင်းကို ဆိုလိုခြင်းမျိုးဟု မှတ်ယူနိုင်ပါသည်) | Climbers scale cliffs that are in easy view of the public. They do so with large (e.g., 30 x 3 m) banners, and hang them down the side of the mountain. | |
ဒါက လူထုကို ခွန်အားဖြစ်စေတဲ့ မြင်ကွင်းတစ်ခု ဖန်တီးနိုင်ပြီး အစိုးရဘက်ကလည်း ဖယ်ရှားနိုင်ဖို့ ခဲယဉ်းစေပါတယ်။ | These create a spectacle that energizes the public, and difficult for the regime to remove. | |
ဟောင်ကောင်မှာတော့ Lion Rock ဆိုတဲ့ အဖွဲ့က မြို့အနှံ့ ကြီးကြပ်ကွပ်ကဲပေးခဲ့တယ်။ ဒီလိုလုပ်တာက ထူးခြားတဲ့ ဓာတ်ပုံတွေ ရဖို့ အခွင့်အရေးကောင်းတစ်ခုလိုပါပဲ။ ဒီလိုနေရာမျိုးတွေ မြန်မာမှာလည်း ရှာနိုင်လောက်မှာပါ။ | The Lion Rock in Hong Kong oversees a large expanse of the city, and is also a great opportunity for iconic photography, day and night. Perhaps there are similar iconic locations you can find? | |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
လူကြီးသူမတွေက လူမှုလှုပ်ရှားမှုတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ လူတိုင်းက ဘိုးဘွားမိဘတွေကနေ ဆင်းသက်လာကြတာ ဖြစ်တာကြောင့် သူတို့တွေ အကြောင်းအရာတစ်ခုအပေါ် ထုတ်ပြောလာတဲ့အခါမျိုးမှာ ပိုပြီး ဂရုတစိုက် နားထောင်ပေးတတ်ကြတယ်။ | Elders (seniors; old people) play an incredibly important role in EVERY social movement. Everybody came from grandfathers and grandmothers, and when they speak out for a cause, they are often listened to more carefully and with greater reverence. | |
ဟောင်ကောင်မှာတော့ လူကြီးတွေဟာ ကွန်မြူနစ်အစိုးရရဲ့ မနှစ်လိုဖွယ် ထိတ်လန့်စရာများစွားကို ဖြတ်သန်းကြုံတွေ့ခဲ့ကြပြီး ၁၉၈၉ Tiananmen Mass ကိုလည်း မျက်ဝါးထင်ထင် မြင်ခဲ့ကြတယ်။ သူတို့က စာနယ်ဇင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အကျင့်ပျက်ခြစားမှု ကင်းမဲ့ခြင်းတွေနဲ့ တရားမျှတတဲ့ စနစ်တွေရှိတဲ့ တိုးတက်မှုတွေ ရှိနေတဲ့ လူ့ဘောင်အဖွဲ့အစည်းကိုသာ အသိအမှတ်ပြု ပူးပေါင်းပါဝင်ကြတယ်။လူကြီးတွေအနေနဲ့ အရင်လောက် မသန်စွမ်း မကျန်းမာတော့သည့်တိုင် နောက်လာနောက်သားတွေအတွက် တစ်ခုခုလုပ်ပေးချင်စိတ် ရှိနေပေမယ့်လို့ပေါ့။ ဟောင်ကောင်မှာတော့ လူကြီးတွေက ညီညွတ်ကြပြီး သူတို့ကိုယ်သူတို့ “ငွေရောင်ဆံမျှင်ပုဂ္ဂိုလ်စု” လို့ သုံးနှုန်းကြပါတယ်။ သူတို့ကလည်း ဆန္ဒပြမှုမှာ ပါဝင်နေတဲ့ သီးခြား ချီတပ်အင်အားစု တစ်ခုပါပဲ။ | In HK, many of our elders lived through the horrors of the Communist reign (Great Leap Forward, Cultural Revolution) and saw in real time the 1989 Tiananmen Mass. They appreciate and embody the values of a progressive society with a fair legal system, free from corruption, free speech and free press, and despite their ailing bodies are willing to do something for the younger generation. These elders united and called themselves the “Silver Haired Tribe”; they held marches and events of their own, at the beginning surprising the youngsters and quickly won their respect and affection. | |
တွေ့လိုက်ရတဲ့ မြင်ကွင်းတစ်ခုမှာဆို သက်ကြီးရွယ်အို တစ်ယောက်က တုတ်ကလေး ကို ထောက်ကာထောက်ကာနဲ့ လျှောက်လာပြီး လက်ထဲမှာလည်း ဆိုင်းဘုတ် ကိုင်ထားတယ်။ သူ့ဆိုင်းဘုတ်မှာ ရေးထားတာက “လမ်းလျှောက်တာ နှေးရင်လည်း နှေးမယ်။ ဒါ ပေမယ့် ဆက်လျှောက်နေဦးမှာပါ” တဲ့။ အမျိုးသမီးငယ် နှစ်ဦးလည်း ပူးပေါင်းပါဝင်လာကြပြီး “လမ်းလျှောက်တာနှေးနေရင်တောင် ငါတို့အတူတူ သွားကြတာပေါ့” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။ | One of the scenes saw an elderly walking with a walking stick, carrying a sign that said, “I may be slow but I will keep walking”; two young ladies joined with a sign that said, “[We go together] You may be slow but us useless youths will wait for you.” | |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
#HT | ||
ဗမာ | HK | Links & resources |
အရေးယူမှုတွေ မလုပ်ဆောင်ခင်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရတွေရဲ့ အစစ်အမှန် ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု မှတ်တမ်းတွေအပေါ်မှာ သတ်မှတ်ထားတဲ့ စံညွှန်းတွေ ရှိပါတယ်။ | International organizations and governments have a high threshold for documenting rights violations, before which they can apply sanctions. | |
ကိစ္စအများစုမှာတော့ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှု တွေကို မှတ်တမ်းတင်ထားတဲ့ စုဆောင်းအချက်အလက်တွေ လိုအပ်ပါတယ်။ အကယ်၍ သတင်းအချက်အလက်တွေ စုဆောင်း ပေးပို့နိုင်တဲ့ ပြည်တွင်းအဖွဲ့တွေ ရှိရင်တော့ ပိုမိုလွယ်ကူစေနိုင်ပြီး ရှေ့ကို မြန်မြန်ရွေ့ဖို့ အလားအလာကောင်းတစ်ခု ဖြစ်စေမှာပါ။ | In many cases this requires compiling reports documenting what violations have happened, and if there is a local group that can compile and submit such documentation, their task becomes easier and has the possibility of moving forward faster. | |
ပေးပို့မှုပေါ် မူတည်ပြီးတော့ (ဥပမာ - ကုလသမဂ္ဂကို အဖြစ်အပျက်တွေ ပေးပို့ခြင်း) ဒါမှမဟုတ် နိုင်ငံခြား အစိုးရတွေဆီ လျှို့ဝှက် အသနားခံစာ ပေးပို့ခြင်းတွေမှာ ဥပဒေနောက်ခံ သို့ သံတမန် အဆက်အသွယ်တွေ ရှိဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ | Depending on the nature of the submission (e.g., filing incidents with the UN) or privately petitioning foreign governments, this may require a law background or contact with diplomats. | |
စာမျက်နှာ အမြောက်အမြား ပါဝင်ပြီး သက်သေအထောက်အထား တွေ တစ်စုတစ်စည်းတည်း ပါဝင်တဲ့ အဆင့်မီ တရားဝင် စာရွက်စာတမ်းတွေကို အလေးအနက် မထားစရာ အကြောင်းတော့ မရှိပါဘူး။ အကယ်၍ သင်က ရှေ့နေ၊ ပညာရပ်ထူးချွန်သူ ဒါမှမဟုတ် အရေးအသားပိုင်း အတွေ့အကြုံ ရှိတာမျိုးဆို အခုလိုရေးသားပေးပို့တာတွေ လုပ်သင့်ပါတယ်။ သာမန်လူတွေက မသင်ကြားခံထားရဘဲ ဒါ မျိုးတွေ မလုပ်နိုင်တာကြောင့်ပါ။ | Writing high-standard technical / legal documentation that runs hundreds of pages and requires compiling evidence exhibits is non-trivial. If you are an academic, lawyer, or have experience with such writing, you need to consider starting an attempt because probably few non-trained people will try or succeed. |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
၆ လပိုင်း ၄ ရက် ၁၉၈၉ ခုနှစ်၊ ဟောင်ကောင်က ဗြိတိသျှ လက်အောက်ခံ အဖြစ် ရှိနေဆဲကာလမှာ CPP တပ်သားတွေက သူတို့ကို တော်လှန်ဆန္ဒပြရဲတဲ့ ဘေကျင်းက လက်နက်မဲ့ ပြည်သူတွေကို အစုလိုက် ဖြိုခွင်းသတ်ဖြတ်ခဲ့တယ်။ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုအနေနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံခြင်းတွေ ဖြစ်ပေါ်လာပြီး CCP စည်းမျဉ်းတွေကို ရှောင်ရှားဖို့ မိသားစု အများအပြား ကမ္ဘာတစ်ဝန်း ပြောင်းရွေ့အခြေချမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ အနည်းနဲ့အများတော့ ဘာသာစကားနှစ်မျိုးပြောတဲ့ အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ဟောင်ကောင်ပြည်သူတွေက ပြည်ပမှာ ပညာတော်သင်သွားကြပြီး တစ်ချို့ကလည်း အခြေကျသွားကြတယ်။ | In 1989-06-04, while HK was still a British colony, the CCP army massacred its own unarmed civilians when they dared to protest in Beijing. The immediate effect in HK is outpouring of support for the democracy movement, and shortly many families immigrated to all around the world to avoid the CCP rule. As a (more-or-less) bi-lingual community, HKers also often study overseas, and some would settle down. | |
ဒီဖြစ်စဉ်ကြောင့် ဟောင်ကောင်ပြည်သူ အများစုက ကမ္ဘာ့အနှံ့ ရောက်ရှိသွားကြပြီး သူတို့တွေကလည်း အဖက်ဖက်ကနေ အကူအညီ ပေးနိုင်စွမ်း ရှိကြတယ်။ | This history created a large HKer diaspora around the world, and they are able to help in different capacities. | |
ဗမာ | HK | Links & resources |
攬炒巴 Laam5, caau2 baa1 အဖွဲ့တွေထဲက တစ်ဖွဲ့က G20 အစည်းဝေးနေ့မှာပဲ ပြည့်သူ့ရန်ပုံငွေ ကြေငြာချက်ကို ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး သတင်းစာများ၏ အရှေ့မျက်နှာစာတွင် ထည့်သွင်းမည့် တာဝန်ကို ဆောင်ရွက်ခဲ့တယ်။ | One of these groups (攬炒巴 laam5 caau2 baa1) took on the task of crowd-funding front-page advertisements in major newspapers around the world on the day of G20 meeting. | |
ယခုဆောင်ရွက်ချက်က ငွေအမြောက်အများ ကိုင်တွယ်ရသည့်အတွက် အလွန်ကောင်းတဲ့ လူထုယုံကြည်မှု၊ ငွေကြေးတတ်နိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ လွတ်လပ်သော စီးပွားရေး လိုအပ်ပါတယ်။ လူထုကြေငြာချက်များကို ဆောင်ရွက်ရန် အတွက်လည်း ပြည်သူနှင့် ဆက်စပ်လျက်ရှိသော ပြည်ပရောက်များနှင့် သူစိမ်းများထံမှ အကြီးစားညှိနှိုင်းမှုများ ပြုလုပ်ရန်လည်းလိုအပ်ပါတယ်။ ဒါက တစ်ပွဲတိုးလုပ်ငန်းစဥ် ဖြစ်တဲ့အတွက် တစ်ပုံစံထဲပြုလုပ်ဖို့ မလိုပါဘူး။ | This required incredible societal trust (it’s a lot of money!), a rich society (it’s a lot of money!), a free economy (it’s a lot of money!), a diaspora that is integrated with the community (to design advertisements that speaks to those citizens), and monumental coordination from complete strangers. It was probably an one-off event that cannot be reproduced in the same way. | |
ဒါပေမဲ့လည်း ပြည်ပရောက်အဖွဲ့တွေက စုဝေးတာတွေ၊ ချီတက်တာတွေ၊ ကမ်ပိန်းတွေကို ကိုယ့်နည်းကိုယ့်ဟန်ဆောင်ရွက်ပြီး သတိပြုမိအောင် ကူညီဆောင်ရွက်တာတွေရှိပါတယ်။ (HK19 ဆန္ဒပြပွဲတွေက မြင်သာပါတယ် - သူ့ဇာတ်လမ်းကရိုးရှင်းပါတယ်။ သန်းချီတဲ့လူတွေ ခဏခဏ ထွက်လာတယ်၊ ငြိမ်းချမ်းစွာနဲ့ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ရင်း ဆိုးရွားပြင်းထန်တဲ့အစီအစဥ်တွေနဲ့ ရက်ရက်စက်စက်ဖိနှိပ်ခံဖို့ပဲ ရည်ရွယ်ခဲ့ကြတယ်။) | However, many diaspora groups do organize their own assemblies, marches, and campaigns to help raise awareness. (The HK19 protests were easily marketable; there is a clear storyline of millions of people coming out time and time again, peacefully and with great care for one another; just to be brutally repressed with increasingly draconian measures.) | |
ဒီမိုကရေစီက ဟောင်ကောင်ရဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး အနာဂတ်ခြေလှမ်းတွေ လျောက်လှမ်းနိုင်အောင် ထောက်ပံ့ပေးတဲ့ မဲဆန္ဒရှင်တွေနှင့် ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့ စာနာထောက်ထား မှုတွေအပေါ်မှာပဲ လည်ပတ်နိုင်ပါတယ်။ | Democracies run on the support and sympathies of their voters, and the support and sympathy in their citizens for Hong Kong’s struggle for freedom helps making the next steps possible. |
ဗမာ | HK | Links & resources |
ပြည်သူတွေရဲ့ အထောက်အပံ့နှင့် စာနာထောက်ထားမှုက နိုင်ငံရေးသမားများနှင့် အခြားအစိုးရများထံ အသနားခံစာတင်ဖို့ ဖြစ်နိုင်ချေရှိလာခဲ့တယ်။ | Working with the support and sympathies of the citizens, it became feasible to petition politicians and other governments. | |
ဒီဆောင်ရွက်ချက်ကြောင့် အပြည်ပြည်ဆိုင်ရာနိုင်ငံရေး အဖွဲ့အစည်း (ဥပမာ တရုတ်နိုင်ငံရဲ့ Inter-Parliamentary Alliance) တွေဖွဲ့ဖို့ဖြစ်လာတယ်။ အဲဒီ အဖွဲ့အစည်းတွေမှာဆိုရင် အသင်းဝင်တွေက နိုင်ငံရေးပေါ်လွှမ်းမိုးမှုအချို့ ဆုပ်ကိုင်ထားနိုင်ခဲ့တယ်။ | This has led to the establishment of international political groups such as the Inter-Parliamentary Alliance in China, where members actually hold some sway on policies. | |
၄င်းက တစ်ဖြည်းဖြည်း ပြင်းထန်လာပြီး လက်နက်ရောင်းချပိတ်ဆို့မှု (လက်နက်/ ပစ္စည်းကိရိယာများ HKPF သို့ရောင်းခွင့်မရှိ)၊ တစ်ဦးချင်းစီ ပိတ်ဆို့မှု တို့နှင့်အတူ Xinjiang ရှိ လူ့အခွင့်ရေး ချိုးဖောက်မှုများကြောင့် အဓိက CCP နိုင်ငံပိုင် စည်းပွားရေးလုပ်ငန်းစုများကို ပိတ်ဆို့မှုများဆောင်ရွက်ခဲ့တယ်။ | This escalated eventually to arms embargoes (no sale of arms/equipment to the HKPF), individual sanctions, and together with human rights violations in Xinjiang, entity sanctions of major CCP state-owned enterprises. | |
တစ်နေ့တစ်ခြား ခြောက်ခြားဖွယ်ကောင်း လာတဲ့အခြေအနေမှာ နိုင်ငံတကာဆက်ဆံရေး လည်ပတ်မှုတွေက မထင်မှတ်လောက်အောင် နှေးကွေးနေခဲ့တဲ့အတွက် အမှောင်တွေက နက်သထက်နက်လာတယ်ထင်ရ (တကယ်လည်းဖြစ်ခဲ့)ပါတယ်။ | The wheels of international affairs turn s-l-o-w-l-y, impossibly so when things are so terrifying every day, and what seemed dark can (and does) turn darker every day. | |
ဒါပေမယ့် စိတ်ရှည်ပါ။ ဒီလိုဆန်ရှင်ချ ပိတ်ဆို့မှုတွေက တဖြည်းဖြည်း အသက်ဝင်လာပြီဆိုရင် အာဏာရှင်တွေရဲ့ စီးပွားရေးကို ကောင်းကောင်းကြီး ထိခိုက်သွားနိုင်ပါတယ်။ | But be patient because these measures, once set in motion, have real bite. | |
အာဏာရှင်တွေက အာဏာကို လက်ကိုင်ထားနိုင်ခြင်းဟာ အရေးပါတဲ့လူနည်းစုက သူတို့လိုအပ်တာကို ဖြည့်ဆည်းပေးနေလို့ပါ။ အဲ့လိုဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာကလည်း ငွေကြေးစီးဆင်းမှု လိုကိုလိုအပ်ပါတယ်။ ပြည်တွင်းက CDM လှုပ်ရှားမှုတွေ၊ နိုင်ငံတကာအစိုးရတွေရဲ့ ပိတ်ဆို့မှုတွေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဆုတ်ခွာသွားတာတွေဟာ အာဏာရှင်တွေရဲ့ စီးပွားရေး မဏ္ဍိုင် ကိုပြိုလဲသွားစေနိုင်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကငါတို့နှစ်ဖက်စလုံး(ဟောင်ကောင်နဲ့မြန်မာ) အတွက်တော့ လွယ်ကူနေမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ငါတို့ရဲ့အစိုးရတွေက (ဘီလာရုစ် - ရုရှား ဆက်ဆံရေး သို့မဟုတ် မြောက်ကိုရီးယား - တရုတ်ဆက်ဆံရေး နှင့် ဆင်တူသည့်) တရုတ်၏ကျောထောက်နောက်ခံမှုကို နှစ်သက်လို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ငါတို့လုပ်ဆောင်သမျှကတော့ သူတို့ကိုအင်အားချည့်နဲ့စေမှာ အမှန်ပင်ဖြစ်ပါတယ်။ | Dictators hold power because they can appease the small number of Essential people whose support they need; and to do that, money needs to flow. Between domestic civil disobedience, foreign governmental sanctions, and commercial withdrawal, each action chips away at the Economy Pillar that props them up. This is difficult for both of us (HK and MM) because our governments enjoy the backing of China, similar to Belarus-Russia or North Korea-China; but every action we still drain the source. |
ဗမာ | HK | Links & resources |
ဗမာ | HK | Links & resources |
အစိုးရက အမှန်တရားတွေကို စိစစ်ဖြတ်တောက်ပြီး နိုင်ငံပိုင် ရုပ်သံလိုင်းတွေကနေ ဆန်းသစ်မှု မရှိတဲ့ မဟုတ်တမ်းတရားတွေကို ထုတ်လွှင့်ပါလိမ့်မယ်။ အရာအားလုံး ငြိမ်သက်သွားတဲ့အခါ သူတို့က သမိုင်းကို ပြင်ရေးလိမ့်မယ်။ | Now the government censors the truth, and broadcasts the banal and untruths on state television; soon, when things cool to a simmer, they will rewrite history. | |
လူထုလှုပ်ရှားမှုတွေက ဆွဲထုတ်ပြောဆိုထားတဲ့ ရှုပ်ထွေးတဲ့ ကိစ္စရပ်တွေပါ။ အာဏာရ အစိုးရကလည်း အမှန်တရားနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ဘဲ လိမ်ညာ စိစစ် ဖြတ်တောက်ရတာကို ပျော်နေလိမ့်မယ်။ အာဏာဆက်လက် တည်မြဲဖို့အတွက်ဆိုရင် ဆင်ဆာဖြတ်မယ်၊ လိမ်မယ်၊ ထိန်ချန်မယ်၊ သမိုင်းကို လိုသလိုပြင်လိမ့်မယ်။ | Social movements are drawn out, complex affairs. The authoritarian state holds no regard for Truth, and will be happy to censor, lie, selectively present, and distorted interpret the past to justify their continued hold on power. | |
ဒါတွေကို မင်း အမြဲမှတ်မိနေဖို့လိုမယ်။ မင်းတို့လူတွေလည်း သတိရနေဖို့ လိုမယ်။ | You need to remember. Your people need to remember. | |
သတင်းအချက်အလက်တွေနဲ့ အလုပ်လုပ်တတ်တဲ့ ခေတ်ပညာတတ် တွေကတော့ ဒီသမိုင်းအချက်အလက် အမှတ်သညာတွေကို မော်ကွန်းတင် ထိန်းသိမ်းတာမျိုး လုပ်ဖို့လိုအပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်အောင် လုပ်ရမယ်။ | Someone --- usually best done by academics that already do this line of information processing --- need to archive, preserve this memory, and make it broadly available. | |
(မင်းလုပ်ဆောင်ချက်တွေကိုလည်း အမှန်တရားတွေချည်းပါ ဆိုပြီး ထုတ်ဖော် မယူဆပါနဲ့။ ဒါကြောင့် တရားစွဲဆိုခံရဖို့မရှိဘူးလို့ မယူဆပါနဲ့။ ။ ခုအခြေအနေမှာ အမှန်တရားက ပြစ်မှုပါပဲ။ ဒါကြောင့် လုံခြုံတဲ့ အခြေအနေမှာ လုပ်ဆောင်နေတာမျိုး ဖြစ်ဖို့လိုအပ်တယ်။ နိုင်ငံပြင်ပကနေ လုပ်ဆောင်နေတာမျိုးဆိုပိုကောင်းမယ်။ ) | (Do not assume your work is Truth and thus safe from prosecution. Truth is the crime here. Make sure you’re doing this with good security measures, and perhaps outside the country.) |
ဗမာ | HK | Links & resources |
ဆန္ဒပြမှုမှာ ထည့်သွင်းမပြုလုပ်ဖြစ်ခဲ့ပေမယ့် လုပ်ခဲ့သင့်တဲ့ အရာတွေ ရှိပါတယ်။ | There are classes we never tried but probably should have... | |
အဆိပ်ချသူများ - အာဏာရှင်တွေနဲ့ သူ့လူတွေကလည်း အစာစားဖို့လိုပါတယ်။ ရက်သတ္တပတ်အတော်ကြာမှ အဆိပ်ဒဏ်ခံစားရစေမယ့် အဆိပ်ကို အသုံးချတာမျိုးကလည်း စိတ်ဝင်စားစရာ ရွေးချယ်မှု တစ်ခုပါပဲ။ | Poisoner. Dictators and their troops need to eat. Chronic poison that takes weeks to take effect is an interesting option. | |
ဟက်ကာများ - များစွာသော အရာရှိတို့ရဲ့ကိုယ်ရေးကိုယ်တာတွေ အတွင်းအချက်အလက်တွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ပေမယ့် စိတ်ဝင်စားဖို့ကောင်းစွာပဲ HK19 မှာတော့ ဒီနည်းလမ်းကို လုံးဝအသုံးမပြုဖြစ်ခဲ့ပါဘူး။ | Hackers. Interesting, with so many official and private targets, we’ve never gone down this route. | |
ပြည်သူ့ဘက်တော်သားများ - သမိုင်းအစဉ်အလာရှိသော မဟာဗျူဟာတစ်ခုဖြစ်သော်လည်း ဟောင်ကောင်သားတို့၏ စိတ်ခံစားချက်များ၊ ရုတ်တရက်အစွန်းရောက်လာသော လူမှုရေးကွဲပြားမှုများနှင့် စည်းရုံးလှုံ့ဆော်မှုများကြောင့် HK19 တွင်ဘယ်တော့မှ ပေါ်ပေါက်ခဲ့ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ပြည်သူ့ဘက်တော်သားများ၏ အခန်းကဏ္ဍသည် HK19 ၏အကြီးမားဆုံး 'what ifs' နှင့်၎င်းသီအိုရီထိရောက်မှုသည် ယနေ့ထိတိုင် ဆက်လက်ဆွေးနွေးငြင်းခုံနေကြသောအရာတစ်ခု ဖြစ်တည်နေဆဲဖြစ်သည်။ အောင်မြင်ခဲ့သော အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအချို့တွင် ရဲများ၊လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် နိုင်ငံရေးခေါင်းဆောင်များက လူသိရှင်ကြား ပြည်သူ့ဘက်လိုက်၍ ပါ၀င်ပတ်သက်နေသည်။ ပြည်သူ့ဘက်တော်သားများ ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းများသည် ကွဲပြားခြားနားပြီး စစ်မှန်သော ကိုယ်ပိုင်အတွေးအခေါ်များ ကြောင့်သော်လည်းကောင်း၊ နိုင်ငံရေး၊စီးပွားရေး အရ အသာရမည့်ဘက်သို့ ပြောင်းလိုသော ကြောင့်သော်လည်းကောင်း အစရှိသော အကြောင်းတရားများ ကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုပုဂ္ဂိုလ်များ (သို့) အုပ်စုများသည် ပြည်သူများအတွက် တန်ဖိုးရှိသောဉာဏ်ရည်၊ လေ့ကျင့်မှု၊ အတွေ့အကြုံနှင့် စွမ်းအားများကိုယူဆောင်လာနိုင်သည်။ ပြည်သူ့ဘက်တော်သားများ ပေါ်ပေါက်လာခြင်းသည် လှုပ်ရှားမှုအတွက်စိတ်ဓာတ်မြှင့်တင်ခြင်း၊ အာဏာပိုင်များ၏ ရာထူးနေရာများတွင် ရှုပ်ထွေးမှုများပေါ်ပေါက်လာခြင်း၊ အချင်းချင်းသံသယများရှိလာခြင်းနှင့် သာကူးများထပ်မံပေါ်ပေါက်လာခြင်း တို့ဖြစ်ပေါ်လာနိုင်ပါသည်။ ပြည်သူ့ဘက်တော်သားများ ပေါ်ပေါက်လာစေရန် အားပေးခြင်း campaigns များကို ဆယ်လီများ၊ ကီးဘုတ်ဖိုက်တာများ၏ အင်အားဖြင့် လုပ်ဆောင်နိုင်သည်။ ယေဘုယျအားဖြင့် ရာထူးနိမ့်သူများသည် အရပ်သားများမိသားစုနှင့် ပုဂ္ဂိုလ်ရေးအရနီးစပ်မှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းပြချက်များဖြင့် ပြည်သူ့ဘက်တော်သားဖြစ်ရန် ပိုမိုလွယ်ကူစေပြီး ရာထူးကြီးကြီးရထားသူများသည် များသောအားဖြင့်သူတို့၏ သစ္စာခံယူချက်ပြောင်းလဲရန် အတွက် နိုင်ငံရေး(သို့)စီးပွားရေး အသာရစေမည့် အာမခံချက်များကို တွက်ချက်လေ့ရှိသည်။ ပြည်သူ့ဘက်တော်သားများလှုပ်ရှားမှုသည် စတင်ရန် အလွန်ခက်ခဲသော်လည်း အရှိန်အဟုန်နဲ့ အမြောက်အများ ပါဝင်လာပါက ထိရောက်မှုအင်မတန်ရှိပါသည်။ အရေးတော်ပုံ၏ အောင်မြင်နိုင်မှုမှာလည်း အဆမတန် မြင့်တက်သွားနိုင်ပါသည်။ ဟောင်ကောင်ရဲတပ်ဖွဲ့ ထက်စာရင် မြန်မာနိုင်ငံရှိတပ်များမှာ လစာပိုမိုနည်းပါးခြင်းနှင့် တပ်မတော်၏ အဖွဲ့အစည်းဆိုင်ရာ အကျင့်ပျက်ခြစားမှုများကြောင့် ဤနည်းဗျူဟာသည် ဟောင်ကောင်မှာထက် မြန်မာနိုင်ငံတွင်ပို၍ ထိရောက်နိုင်ပါသည်။ (ဘာသာပြန်သူမှတ်ချက် - CDM တွင်ပထမဆုံးပါဝင်လာသော စစ်တပ်မှ ဗိုလ်ကြီးညီသုတ နှင့် freelance journalist ကိုမြတ်ကျော်သူတို့၏ အင်တာဗျူး ကို ဝင်ရောက်ကြည့်ရှုပါ။) | Defectors. A strategy with historical precedence but was never really attempted in HK19 due to the raw emotions, sudden extreme social divisions and doxxing campaign of the time. Thus the existence of defectors remains one of the biggest ‘what ifs’ of HK19 and a source of continued debate as to its theoretical effectiveness. All successful anti-authoritarian movements involved a critical mass of the police, armed forces or political leadership publicly switching sides and joining the cause. The reasons for defectors can vary and range from genuine ideological sympathy to personal, political or financial gain. Nevertheless, such individuals or groups can bring valuable intelligence, training, experience and firepower to the people that would otherwise be. highly inaccessible to a wholly civilian movement. Public defections also hold considerable propaganda value both in bolstering morale for the movement and sowing confusion and doubt in the ranks of the authorities, encouraging more to entertain the idea of switching sides. Encouraging defectors requires targeted campaigns from both Publicity Teams and Keyboard Warriors and can range from appealing to their humanity to outright incentivization. Generally lower ranks are more susceptible to defecting out of humanitarian reasons due to personal proximity to civilians and family, whilst higher ranks usually require some form of political or financial guarantee for their higher profile change in loyalty. This strategy generally has a bell curve success rate, extremely difficult to start but exponential effectiveness once a critical mass is achieved, this strategy is also likely to be far more effective in Myanmar due to lower pay of troops and institutional corruption of the Tatmadaw compared to the HKPF. |
To keep Google Docs performant, this has been separated into its own document here.
Google Docs ၏စွမ်းဆောင်ရည် မကျဆင်းအောင် (စာမျက်နှာ အရမ်းများလျှင် ဟန်းတတ်သောကြောင့်) ဒီအပိုင်းကို နောက်ထပ်တစ်နေရာတွင် ခွဲ၍ ဖော်ပြထားပါသည်။